စည်းကမ်းမဲ့ ခရီးသွားတွေကြောင့် ရွှေနန်းတော်ကျောင်းကို လုံခြုံရေးချပေးဖို့လိုအပ် မန္တလေး-ဒီဇင်ဘာ ၂-၂၀၁၉ ဇာနည်မာန် + ရှိုင်းအောင် မန္တလေးက ရွှေနန်းတော်ကျောင်းကို ကမ္ဘာလှည့်ခရီးသွားတွေ ဒီနှစ်ပိုင်း အလာများပြီး ဒီထဲမှာ ဆေးလိပ်သောက်တာ၊ ပန်းပုရုပ်တွေကို ကိုင်တွယ်တာတွေနဲ့ စည်းမဲ့ကမ်းမဲ့အမှိုကစွန့်တာတွေကြောင့် ရွှေကျောင်းကြီးအတွက် လုံခြုံရေးက အရေးတကြီးလိုအပ်နေတယ်လို့ ပြုပြင်ထိမ်းသိမ်းရေးလုပ်နေသူတွေက ဆိုပါတယ်။ အမေရိကန်သံအမတ်တွေရဲ့ ရံပုံငွေနဲ့ ရှေးမူမပျက် ပြုပြင်ထိမ်းသိမ်းမှုတွေလုပ်နေတဲ့ World Monument Fund က Program Director ဂျက်ဖ်အလန်နဲ့ မြန်မာမမှု ပန်းပုပညာရှင် ဦးကံချွန်တို့ကို ရွှေနန်းတော်ကျောင်းမှာ မဇာနည်မာန်က တွေ့ဆုံပြီး ကိုရှိုင်းအောင်က ရိုက်ကူးတင်ဆက်ထားပါတယ်။ World Monument Fund က Program Director ဂျက်ဖ်အလန် ပြောတာတွေကတော့ ဒီနှစ်အဖို့ ကြုံရတဲ့ အခက်အခဲက ခရီးသွားတွေ တအားများလာတာပါပဲ။ ခရီးသွားတွေထဲမှာ တရုတ်ပြည်မကြီးက ခရီးသွားတွေ တော်တော်များလာတော့…
Read MoreCategory: ဓာတ်ပုံ ဗီဒီယို
HIVနဲ့နေထိုင်သူတွေရဲ့ ကွန်းခိုရာ
Unicode HIVနဲ့နေထိုင်သူတွေရဲ့ ကွန်းခိုရာ ရန်ကုန် ဒီဇင်ဘာ- ၂-၂၀၁၉ အောင်ထူးနိုင်(VOM) HIV (AIDS) ရောဂါနဲ့အတူဘဝရှင်သန်နေသူတွေကို ကျမ္မာရေးအသိနည်းသူတွေက ခွဲခြားဆက်ဆံမှုတွေ လုပ်ကြပါတယ်။ တချို့ဆိုရင် မိသားစုအရင်းကြီးတွေကတောင် ပစ်ပယ်လိုက်ကြတာ ရှိပါတယ်။ ဒီလိုအချိန်မှာ သူတို့အတွက် အရေးအကြီးအဆုံးက နေထိုင်နိုင်ဖို့ နေရာပါပဲ။ စိတ်ဓာတ်ခွန်အား ပေးမယ့်သူတွေလည်း လိုပါတယ်။ အခုတော့ သူတို့လိုအပ်တာကို ဖြည့်ဆည်းနိုင်မယ့် နေရာရှိနေပါပြီ။ ဒါကတော့ NAC ဆိုလို့ ခေါ်တဲ့ NLD AIDS Center ပါပဲ။ ဒီစင်တာကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက NLD အစိုးရမဖြစ်ခင်ကာလကတည်းက ဦးဆောင်ခဲ့ပါတယ်။ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကြားထဲက ဒီစင်တာဖြစ်အောင် ဘယ်လိုကြိုးစားတည်ဆောက်ခဲ့ရသလဲ ၊ ဂေဟာမှာနေထိုင်သူတွေ ဘယ်လိုနေကြသလဲဆိုတာ ကိုအောင်ထူးနိုင်က ရိုက်ကူးတင်ဆက်ထားပါတယ်။ #voiceofmyanmar #မဖြူဖြူသင်း #NLDAIDSCENTER #HIV #NAC Zawgyi HIVနဲ့နေထိုင်သူတွေရဲ့ ကွန်းခိုရာ…
Read Moreကမ္ဘာ့ခုခံအား ကျဆင်းမှုတိုက်ဖျက်ရေးနေ့အခမ်းအနား ကျင်းပ
ကမ္ဘာ့ခုခံအား ကျဆင်းမှုတိုက်ဖျက်ရေးနေ့အခမ်းအနား ကျင်းပ ရန်ကုန်၊ ဒီဇင်ဘာ ၁ ၊ ၂၀၁၉ အောင်ထူးနိုင်(VOM) Video News ဒီနေ့ဟာ ကမ္ဘာ့ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ (World AIDS Day) ဖြစ်ပါတယ်။ ဒီနေ့ရဲ့ လှုပ်ရှားမှုအဖြစ် ရန်ကုန်မြို့ ကျိုက္ကဆံအားကစားခန်းမမှာ အခမ်းအနား ကျင်းပနေပါတယ်။ ဒီအခမ်းအနားကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအပါအဝင် ရန်ကုန်တိုင်းဝန်ကြီး၊ လွှတ်တော်မှ တာဝန်ရှိသူတွေအပြင် တခြားဌာနဆိုင်ရာဝန်ထမ်းတွေလည်း တက်ရောက်လျက်ရှိပါတယ်။ #voiceofmyanmar #world AIDS day #ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ Zawgyi ကမ္ဘာ့ခုခံအား ကျဆင်းမှုတိုက်ဖျက်ရေးနေ့အခမ်းအနား ကျင်းပ ရန်ကုန်၊ ဒီဇင်ဘာ ၁ ၊ ၂၀၁၉ အောင်ထူးနိုင်(VOM) Video News ဒီနေ့ဟာ ကမ္ဘာ့ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ (World AIDS…
Read Moreမန္တလေးမြို့မှာရှိတဲ့ အငြိမ့်သဘင်တွေ ပျောက်ကွယ်တော့မှာလား
Read Moreမြစ်ကြီးနားစီးပွားရေးဇုန်ထဲက ကျူးကျော်စိုက်ပျိုးမြေတွေကို သိမ်းမယ်
မြစ်ကြီးနားစီးပွားရေးဇုန်ထဲက ကျူးကျော်စိုက်ပျိုးမြေတွေကို သိမ်းမယ် မြစ်ကြီးနား-နိုဝင်ဘာ ၁၇-၂၀၁၉ ရန်အောင်ထွန်း(VOM) မြစ်ကြီးနားစီးပွားရေးဇုန်အတွင်းက ကျူးကျော်စိုက်ပျိုးမြေတွေကို သိမ်းယူဆောက်ရွက်မည် မြစ်ကြီးနားစီးပွားရေးဇုံ(နန်ကျင်စီးပွားရေးဇုံ) စီမံကိန်း ဧရိယာထဲက မြေ ၁၈၈၆ ဧက အတွက် သီးနှံလျော်ကြေးပေးရန်သာကျန်ရှိပြီး ကျူးကျော်စိုက်ပျိုးမြေများကို သိမ်းယူသွားမယ်လို့ ကချင်ပြည်နယ် အစိုးရအဖွဲ့ စီမံဘဏ္ဍာဝန်ကြီးက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတကို နိုဝင်ဘာ ၁၅ ရက် ညနေပိုင်းက တင်ပြခဲ့ပါတယ်။ အဲ့ဒီစီမံကိန်းဧရိယာမြေဧက ၄၇၀၀ ထဲက အမှန်တကယ် စိုက်ပျိုးခြင်းမရှိလို့ သိမ်းယူရမယ့်မြေ ဧက ၇၀ ကျော် ၈၀ လောက်ရှိပြီး ဒေသအာဏာပိုင် ခွင့်ပြုထားတဲ့ စိုက်ဧကနဲ့ ကျူးကျော်စိုက်ပျိုးဧကတွေရဲ့ သီးနှံလျှော်ကြေး ပေးပြီးပါက စီမံကိန်းဆောင်ရွက်ဖို့ မူဘောင်အဆင်သင့် ရှိပြီးသားဖြစ်လို့ ၈၅ ရာခိုင်နှုန်း ပြီးစီးနေပြီလို့ စီမံဘဏ္ဍာဝန်ကြီး ဦးဝေလင်းက ပြောပါတယ်။ ကချင်ပြည်နယ် စီမံ/ဘဏ္ဍာ ၀န်ကြီးရဲ့ တင်ပြချက်အရ…
Read Moreအောင်ဘာလေထီ သိန်းတစ်ထောင်ပေါက်မဲလက်မှတ်ကို ဆိုင်ရှင်က မပေးလို့ ထီပေါက်မဲလက်မှတ်ဝယ်ထားသူက တရားစွဲ
အောင်ဘာလေထီ သိန်းတစ်ထောင်ပေါက်မဲလက်မှတ်ကို ဆိုင်ရှင်က မပေးလို့ ထီပေါက်မဲလက်မှတ်ဝယ်ထားသူက တရားစွဲ စစ်ကိုင်း နိုဝင်ဘာ ၁၃ -၂၀၁၉ စောပြည့်ချမ်းသာ(VOM) ပြီးခဲ့တဲ့ ၈ ကြိမ်မြောက်အောင်ဘာလေထီဆုမှာ ကျပ်သိန်းတစ်ထောင်ဆုမဲ ထီလက်မှတ်နဲ့ ပတ်သက်ပြီး အငြင်းပွားမှုဖြစ်ပွားခဲ့ပြီး ထီထိုးသူ မဇင်ဇင်က တရားလိုလုပ်ပြီး ဒီနေ့ မနက်ပိုင်းက စစ်ကိုင်းခရိုင် တရားရုံးမှာ တရားစွဲဆိုခဲ့ပါတယ်။ မင်းကွန်းက သူငယ်ချင်းဖြစ်တဲ့ ထီကိုယ်စားလှယ် မစန်းအိခိုင် ဆီကနေ ပြီးခဲ့တဲ့ စက်တင်ဘာ လ ၂၉ ရက်နေ့ က ထီလက်မှတ်ကို အွန်လိုင်းကနေ တစ်ဆင့် မှာယူပြီး ၃၀ ရက်နေ့မှာ မစန်းအိခိုင်ကို ငွေပေးခဲ့တယ်လို့ ထီထိုးသူ မဇင်ဇင်ကပြောပါတယ်။ မစန်းအိခိုင်က သူ ဖုန်းဆက်သွယ်မှာယူထားတဲ့ ထီကို ငွေပေးကာ လက်မှတ်သွားတောင်းရာ ဆိုင်ရှင်က သူမအားတာနဲ့ မိတ်ဆွေများဖြစ်နေတဲ့အတွက် နောက်မှယူဖို့ပြန်ပြောပြီး ထီလက်မှတ်တန်ဖိုးငွေကို မစန်းအိခိုင်က ပေးချေခဲ့တယ်လို့…
Read Moreအောင်လအန်ဆန် ပုသိမ်ဒေသခံတွေနဲ့တွေ့
Read Moreဦးထွန်းလွင်လို ပညာရှင်မျိုးများပေမယ့် ဦးထွန်းလွင်လို စိတ်ဓာတ်မျိုးရှားတယ်
ဦးထွန်းလွင်လို ပညာရှင်မျိုးများပေမယ့် ဦးထွန်းလွင်လို စိတ်ဓာတ်မျိုးရှားတယ် ရန်ကုန်၊ နိုဝင်ဘာ ၇ ရက်၊ ၂၀၁၉ အောင်ထူးနိုင်(VOM) မိုးလေဝသပညာရှင် ဦးထွန်းလွင်ရဲ့ နာရေးအခမ်းအနားကို မနေ့က ရန်ကုန်မြို့ရှိ ရေဝေးသုသာန်မှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီနာရေးအခမ်းအနားကို တက်ရောက်လာတဲ့ ပြည်သူ့ပါတီ ဒုတိယဥက္ကဋ္ဌ ဦးမင်းဇေယျက ဦးထွန်းလွင်လို ပညာရှင်မျိုး များပေမယ့် ဦးထွန်းလွင်လို စိတ်ဓာတ်မျိုးရှားတယ်လို့ ပြောဆိုခဲ့ပါတယ်။ “ဆရာကြီးတို့လို ပညာရှင်တွေတော့ တော်တော်များများရှိကောင်းရှိမှာပါ။ ဒါပေမဲ့ ဆရာကြီးတို့လို စိတ်ဓာတ်မျိုးကို ပြောချင်တာ။ ပညာရှင်တွေများမယ်၊ စိတ်ဓာတ်ကတော့ လောလောဆယ် သိသလောက်ကတော့ တော်တော်ရှားမယ်။ ဘာလို့လည်းဆိုတော့ ပညာရှင်တွေဟာ ဘယ်လိုလူတွေကို ဘယ်လိုအကျိုးပြုရမလဲ။ နိုင်ငံကို ဘယ်လိုအကျိုးပြုရမလဲဆိုတာ တွေးပြီး အကျိုးပြုလုပ်ငန်းထဲမှာ နှစ်မြုပ်တာ၊ အဲဒါက တန်ဖိုး၊ ဆရာကြီးဆုံးသွားတော့ အဲဒီတန်ဖိုးတွေကို ပိုနှမြောမိသလို ပိုလည်းတန်ဖိုးထားမိပါတယ်။ ဒါကြောင့်လည်း ဆရာကြီး ကွယ်လွန်ခြင်း မကွယ်လွန်ခြင်းဟာ တစ်ကဏ္ဍ၊…
Read Moreမိုးဇလပညာရှင် ဦးထွန်းလွင်ရဲ့ နောက်ဆုံးခရီး
Read Moreမြန်မာကျပ်ငွေနဲ့ရောင်းတဲ့ ကျောက်မျက်ရတနာပြပွဲ မန္တလေးမြို့မှာကျင်းပ
မန္တလေး၊ အောက်တိုဘာ ၂၃-၂၀၁၉ ဟိန်းကို(VOM) ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း(မန္တလေး)က ကျောက်အရိုင်းအချောထည် နဲ့ ကျောက်မျက်ရတနာများကို မြန်မာကျပ်ငွေနဲ့သာ ရောင်းချတဲ့ပွဲကို ဒီကနေ့မနက်ပိုင်းက ချမ်းမြသာစည်မြို့နယ်က မန္တလေးကွန်ဗင်းရှင်းစင်တာမှာ ဖွင့်လှစ်ရောင်းချနေပြီ ဖြစ်ပါတယ်။ ဒီပြပွဲမှာ ကျောက်စိမ်းအရိုင်းတွဲနဲ့ အချောထည်အတွက် ကြမ်းခင်းဈေးကို ဆယ်သိန်းကျပ်သတ်မှတ်ထားကာ တင်ဒါစနစ်နဲ့ ရောင်းချပေးသွားမှာဖြစ်ပြီး မြန်မာကျပ်ငွေနဲ့သာ ရောင်းချပေးမှာဖြစ်တဲ့အတွက် ပြည်တွင်းကျောက်မျက်လုပ်ငန်းရှင်တွေကိုသာ ရောင်းဝယ်ခွင့်ပြုမှာဖြစ်ပြီး နိုင်ငံခြားသားတွေအနေနဲ့က ဝင်ရောက်လေ့လာခွင့်သာရရှိမှာ ဖြစ်တယ်လို့ ပြပွဲဖြစ်မြောက်ရေးကော်မတီက သိရပါတယ်။ #voiceofmyanmar #မန္တလေး #မြန်မာကျပ်ငွေနဲ့ရောင်းတဲ့ #ကျောက်မျက်ရတနာပြပွဲ Unicode မြန်မာကျပ်ငွေနဲ့ရောင်းတဲ့ ကျောက်မျက်ရတနာပြပွဲ မန္တလေးမြို့မှာကျင်းပ မန္တလေး၊ အောက်တိုဘာ ၂၃-၂၀၁၉ ဟိန်းကို(VOM) ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း(မန္တလေး)က ကျောက်အရိုင်းအချောထည် နဲ့…
Read More