မန္တလေးလူငယ်ထိမ်းသိမ်းရေးစခန်းကိုရောက်တာ ၅ရက်ပဲရှိသေးတဲ့လူငယ်တဦး ရိုက်နှက်ခံရလို့သေဆုံးကြောင်း မိဘစွပ်စွဲ

မန္တလေးလူငယ်ထိမ်းသိမ်းရေးစခန်းကိုရောက်တာ ၅ရက်ပဲရှိသေးတဲ့လူငယ်တဦး ရိုက်နှက်ခံရလို့သေဆုံးကြောင်း မိဘစွပ်စွဲ

မန္တလေး- ဩဂုတ် ၂ ၊ ၂၀၂၀

မှူးသခင်(VOM)
တည်းဖြတ် – ရှိုင်းအောင် (VOM)

Video Crd- ကိုဝေဟင်-ရောင်ခြည်သစ်ဖြူစင်နှလုံးသားအဖွဲ့

ဇူလိုင် ၃၀ရက်နေ့က မန္တလေး လူငယ်ထိမ်းသိမ်းရေးစခန်းကနေ ထွက်ပြေးသွားတဲ့ ကလေး၅ယောက်ထဲက တစ်ဦးဖြစ်သူ ပြည့်ဖြိုးမောင် (ခ) ဒွေးပေါက်စ အသက် ၁၇နှစ် ဟာ ကျောင်းကရိုက်နှက်လို့ သေဆုံးကြောင်း မိသားစုကပြောပါတယ်။

သေဆုံးသွားတဲ့ ပြည့်ဖြိုးမောင် (ခ) ဒွေးပေါက်စရဲ့ မိခင် ဒေါ်မျိုးမျိုးထွေးက လူငယ်သင်တန်းကျောင်းက အကြောင်းကြားလို့ လိုက်သွားခဲ့တဲ့ အခြေအနေကိုပြောပြတာက

“ကလေးကို၁၂နာရီလောက်မှာပို့တယ်ပြောလို့ ကျမတို့၃နာရီလောက်မှာရင်ခွဲရုံရောက်သွားတယ် ရောက်တော့လည်း ကျွန်မသားကိုတွေ့ခွင့်မရဘူး ကျွန်မကလေးကို ရွာမှာပြန်သဂြိုလ်ချင်ပါတယ်ဆိုတာကိုလဲ သူတို့ကခွင့်မပေးပါဘူး ဘုန်းကြီးတွေ
သရဏဂုံတင်မှ ကျွန်မသားလေးအလောင်းကိုတွေ့ရတာပါ မျက်နှာမှာလဲညိုမဲလို့ ထိုးထားတာတွေကျွန်မသားလေးနှိပ်စက်ခံရတယ်လို့ကျွန်မတော့ထင်တယ် ကျွန်မသားထွက်ပြေးလို့မဖြစ်နိုင်ပါဘူး”ဟု မိခင်က ပြောပါတယ်။

“ကလေးက ၂၀၁၉ဒီဇင်ဘာမှာ လုယက်မှုနဲ့ဖမ်းခံရတာ ထောင်ဒဏ် ၂ နှစ် အဆွဲခံထားရတာ။ အချုပ်ထဲမှာ ၁နှစ်နဲ့၈လ အမှတ်၁ရဲစခန်းနေရတယ်အမိန့်ချတော့ ၂နှစ်ဆိုပြီး မန္တလေးသင်တန်းကျောင်းကိုပို့တယ် တနင်္ဂနွေနေ့ကပို့တယ်။ ကြသပတေးနေ့ကဆုံးတယ် လို့သတင်းရလို့ကျွန်မတို့လိုက်သွားကြတယ် သူတို့က ၅ယောက်ထွက်ပြေးပြီး ကျွန်မသားကရေထဲမှာငုတ်ပီးနေတယ် မွန်းပီးမနေနိုင်မထွက်လာတယ်လို့ပြောခဲ့ပါတယ် သူတို့ပြောတာကတော့ အဲ့ဒီနေရာကနေပီးတော့သင်တန်းကျောင်းကိုခြေလျှင် လိုက်ခဲ့နိုင်ပါတယ် တဲ့ လိုက်ခဲ့နိုင်တယ်ဆိုတော့ကျွန်မအိမ်က သူတို့ကျောင်းကိုလိုက်ကြည့်တော့ ဒူးလောက်ရှိတဲ့ရေလေးတွေဖြစ်နေတယ် သူတို့ပြတဲ့ရိုက်ထားတဲ့ထဲမှာလဲကျွန်မသားရဲ့ပုံမပါဘူး ဒီနေရာဟာပြည့်ဖြိုးမောင်တွေ့တဲ့နေရာပါဆိုပြီးရိုက်ခဲ့တယ် လူမပါဘူး ဒီတိုင်းတိုင်း ချောင်းရေလေးပဲပါတယ် အဲ့တာကိုမသင်္ကာလို့လိုက်ကြည့်တော့ ဝမ်းလျှားမှောက်ရင်တောင်ကျောကိုပေါ်နေတဲ့ရေဖြစ်နေတယ် ကျွန်မတို့က CCTV ဖွင့်ခိုင်းတော့လဲဖွင့်မပေးဘူး ကျန်တဲ့ကလေးတွေကိုမေးချင်လို့ ကျန်တဲ့ကလေးတွေကိုတွေ့ခွင့်ပေးဆိုတော့လဲ ၃လပိတ်ထားတယ်ပြောပါတယ် ဘယ်သူ့ကိုမတွေ့ခွင့်မပေးနိုင်ဘူးလို့ပြောပါတယ် “လို့လည်း ဒေါ်မျိုးမျိုးထွေးက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မန္တလေးလူငယ်သင်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးနေအောင်ကျော်ကိုဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာမှာတော့” ဒါဟာကျောင်းကရိုက်နှက်တာမဟုတ်ပါဘူး အမှတ်၂ရဲစခန်းကိုသာအသေးစိတ်စုံစမ်းပါ ကျွန်တော်တို့လုပ်ထုံးလုပ်နည်းအတိုင်းဆောင်ရွက်နေပါတယ်”လို့ ပြောပါတယ်။

ဒီကိစ္စကို အကူအညီပေးနေတဲ့ရောင်ခြည်သစ်ဖြူစင်နှလုံးသားအဖွဲ့မုံရွာရဲ့ တာဝန်ခံ ဒေါ်ဝင်းဝင်းကတော့” သမ္မတရုံးအပါအဝင် သက်ဆိုင်ရာအဆင့်ဆင့်ကိုဒီကိစ္စအဖြစ်မှန်ပေါ်ပေါက်ဖို့ အတွက် တိုင်ကြားအကူညီတောင်းသွားမယ်လို့”ပြောတယ်။
ခု သေဆုံးသွားတဲ့ ပြည့်ဖြိုးမောင် အပါအဝင် လူငယ် ၇ ယောက်ဟာ ၂၀၁၉ဒီဇင်ဘာလက မုံရွာလွှတ်တော်နား ချင်းတွင်းမြစ်ကမ်းနားက လုယက်မှုနဲ့ဖမ်းခံရတာဖြစ်ပြီး ထောင်ဒဏ် ၂ နှစ်ချမှတ်ခံရကာ ၂၀၂၀ ဇူလိုင် ၂၆ ရက်နေ့ကမှ မန္တလေးလူငယ်သင်တန်းကျောင်းကို ပို့ခံရတာြဖစ်ပါတယ်။

ပြီးတဲ့နှစ်ကလည်း ပုသိမ်ကြီးမြို့နယ် အောင်သပြေရွာက ကျောင်းသားတဦးကို လူငယ်သင်တန်းကျောင်းမှာ ရိုက်နှက်ခံရတယ်လို့ ကာယကံရှင်က မီဒီယာတွေကို ပြောဆိုတဲ့အတွက် သင်တန်းကျောင်းက သတင်းစာရှင်းလင်းပွဲ ပြန်လုပ်ခဲ့ဘူးပါတယ်။

#voiceofmyanmar #VOM #မုံရွာ #လူငယ်သင်တန်းကျောင်း

Zawgyi

မႏၲေလးလူငယ္ထိမ္းသိမ္းေရးစခန္းကိုေရာက္တာ ၅ရက္ပဲရွိေသးတဲ့လူငယ္တဦး ႐ိုက္ႏွက္ခံရလို႔ေသဆုံးေၾကာင္း မိဘစြပ္စြဲ

မႏၲေလး- ဩဂုတ္ ၂ ၊ ၂၀၂၀
မႉးသခင္ (VOM)

ဇူလိုင္ ၃၀ရက္ေန႔က မႏၲေလး လူငယ္ထိမ္းသိမ္းေရးစခန္းကေန ထြက္ေျပးသြားတဲ့ ကေလး၅ေယာက္ထဲက တစ္ဦးျဖစ္သူ ျပည့္ၿဖိဳးေမာင္ (ခ) ေဒြးေပါက္စ အသက္ ၁၇ႏွစ္ ဟာ ေက်ာင္းက႐ိုက္ႏွက္လို႔ ေသဆုံးေၾကာင္း မိသားစုကေျပာပါတယ္။

ေသဆုံးသြားတဲ့ ျပည့္ၿဖိဳးေမာင္ (ခ) ေဒြးေပါက္စရဲ႕ မိခင္ ေဒၚမ်ိဳးမ်ိဳးေထြးက လူငယ္သင္တန္းေက်ာင္းက အေၾကာင္းၾကားလို႔ လိုက္သြားခဲ့တဲ့ အေျခအေနကိုေျပာျပတာက

“ကေလးကို၁၂နာရီေလာက္မွာပို႔တယ္ေျပာလို႔ က်မတို႔၃နာရီေလာက္မွာရင္ခြဲ႐ုံေရာက္သြားတယ္ ေရာက္ေတာ့လည္း ကြၽန္မသားကိုေတြ႕ခြင့္မရဘူး ကြၽန္မကေလးကို ႐ြာမွာျပန္သၿဂိဳလ္ခ်င္ပါတယ္ဆိုတာကိုလဲ သူတို႔ကခြင့္မေပးပါဘူး ဘုန္းႀကီးေတြ
သရဏဂုံတင္မွ ကြၽန္မသားေလးအေလာင္းကိုေတြ႕ရတာပါ မ်က္ႏွာမွာလဲညိဳမဲလို႔ ထိုးထားတာေတြကြၽန္မသားေလးႏွိပ္စက္ခံရတယ္လို႔ကြၽန္မေတာ့ထင္တယ္ ကြၽန္မသားထြက္ေျပးလို႔မျဖစ္ႏိုင္ပါဘူး”ဟု မိခင္က ေျပာပါတယ္။

“ကေလးက ၂၀၁၉ဒီဇင္ဘာမွာ လုယက္မႈနဲ႔ဖမ္းခံရတာ ေထာင္ဒဏ္ ၂ ႏွစ္ အဆြဲခံထားရတာ။ အခ်ဳပ္ထဲမွာ ၁ႏွစ္နဲ႔၈လ အမွတ္၁ရဲစခန္းေနရတယ္အမိန႔္ခ်ေတာ့ ၂ႏွစ္ဆိုၿပီး မႏၲေလးသင္တန္းေက်ာင္းကိုပို႔တယ္ တနဂၤေႏြေန႔ကပို႔တယ္။ ၾကသပေတးေန႔ကဆုံးတယ္ လို႔သတင္းရလို႔ကြၽန္မတို႔လိုက္သြားၾကတယ္ သူတို႔က ၅ေယာက္ထြက္ေျပးၿပီး ကြၽန္မသားကေရထဲမွာငုတ္ပီးေနတယ္ မြန္းပီးမေနႏိုင္မထြက္လာတယ္လို႔ေျပာခဲ့ပါတယ္ သူတို႔ေျပာတာကေတာ့ အဲ့ဒီေနရာကေနပီးေတာ့သင္တန္းေက်ာင္းကိုေျခလွ်င္ လိုက္ခဲ့ႏိုင္ပါတယ္ တဲ့ လိုက္ခဲ့ႏိုင္တယ္ဆိုေတာ့ကြၽန္မအိမ္က သူတို႔ေက်ာင္းကိုလိုက္ၾကည့္ေတာ့ ဒူးေလာက္ရွိတဲ့ေရေလးေတြျဖစ္ေနတယ္ သူတို႔ျပတဲ့႐ိုက္ထားတဲ့ထဲမွာလဲကြၽန္မသားရဲ႕ပုံမပါဘူး ဒီေနရာဟာျပည့္ၿဖိဳးေမာင္ေတြ႕တဲ့ေနရာပါဆိုၿပီး႐ိုက္ခဲ့တယ္ လူမပါဘူး ဒီတိုင္းတိုင္း ေခ်ာင္းေရေလးပဲပါတယ္ အဲ့တာကိုမသကၤာလို႔လိုက္ၾကည့္ေတာ့ ဝမ္းလွ်ားေမွာက္ရင္ေတာင္ေက်ာကိုေပၚေနတဲ့ေရျဖစ္ေနတယ္ ကြၽန္မတို႔က CCTV ဖြင့္ခိုင္းေတာ့လဲဖြင့္မေပးဘူး က်န္တဲ့ကေလးေတြကိုေမးခ်င္လို႔ က်န္တဲ့ကေလးေတြကိုေတြ႕ခြင့္ေပးဆိုေတာ့လဲ ၃လပိတ္ထားတယ္ေျပာပါတယ္ ဘယ္သူ႔ကိုမေတြ႕ခြင့္မေပးႏိုင္ဘူးလို႔ေျပာပါတယ္ “လို႔လည္း ေဒၚမ်ိဳးမ်ိဳးေထြးက ေျပာပါတယ္။

ဒီကိစၥနဲ႔ပတ္သက္ၿပီး မႏၲေလးလူငယ္သင္တန္းေက်ာင္း ေက်ာင္းအုပ္ဆရာႀကီး ဦးေနေအာင္ေက်ာ္ကိုဖုန္းျဖင့္ဆက္သြယ္ေမးျမန္းရာမွာေတာ့” ဒါဟာေက်ာင္းက႐ိုက္ႏွက္တာမဟုတ္ပါဘူး အမွတ္၂ရဲစခန္းကိုသာအေသးစိတ္စုံစမ္းပါ ကြၽန္ေတာ္တို႔လုပ္ထုံးလုပ္နည္းအတိုင္းေဆာင္႐ြက္ေနပါတယ္”လို႔ ေျပာပါတယ္။

ဒီကိစၥကို အကူအညီေပးေနတဲ့ေရာင္ျခည္သစ္ျဖဴစင္ႏွလုံးသားအဖြဲ႕မုံ႐ြာရဲ႕ တာဝန္ခံ ေဒၚဝင္းဝင္းကေတာ့” သမၼတ႐ုံးအပါအဝင္ သက္ဆိုင္ရာအဆင့္ဆင့္ကိုဒီကိစၥအျဖစ္မွန္ေပၚေပါက္ဖို႔ အတြက္ တိုင္ၾကားအကူညီေတာင္းသြားမယ္လို႔”ေျပာတယ္။
ခု ေသဆုံးသြားတဲ့ ျပည့္ၿဖိဳးေမာင္ အပါအဝင္ လူငယ္ ၇ ေယာက္ဟာ ၂၀၁၉ဒီဇင္ဘာလက မုံ႐ြာလႊတ္ေတာ္နား ခ်င္းတြင္းျမစ္ကမ္းနားက လုယက္မႈနဲ႔ဖမ္းခံရတာျဖစ္ၿပီး ေထာင္ဒဏ္ ၂ ႏွစ္ခ်မွတ္ခံရကာ ၂၀၂၀ ဇူလိုင္ ၂၆ ရက္ေန႔ကမွ မႏၲေလးလူငယ္သင္တန္းေက်ာင္းကို ပို႔ခံရတာျဖစ္ပါတယ္။

ၿပီးတဲ့ႏွစ္ကလည္း ပုသိမ္ႀကီးၿမိဳ႕နယ္ ေအာင္သေျပ႐ြာက ေက်ာင္းသားတဦးကို လူငယ္သင္တန္းေက်ာင္းမွာ ႐ိုက္ႏွက္ခံရတယ္လို႔ ကာယကံရွင္က မီဒီယာေတြကို ေျပာဆိုတဲ့အတြက္ သင္တန္းေက်ာင္းက သတင္းစာရွင္းလင္းပြဲ ျပန္လုပ္ခဲ့ဘူးပါတယ္။

#voiceofmyanmar #VOM #မုံ႐ြာ #လူငယ္သင္တန္းေက်ာင္း

Related posts

Leave a Comment

VOM News

FREE
VIEW