အပြစ်မရှိတဲ့သူတွေကို ဖမ်းဆီးထားရာကနေ အမြန်ဆုံးလွှတ်ပေးဖို့ မိသားစုတွေတောင်းဆို

စစ်တွေ၊ ဇွန် ၂၀-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ်အတွင်း စစ်ပွဲတွေဖြစ်ပွားခဲ့တဲ့ မြို့နယ်တွေမှာ ကျေးရွာသားတွေ ဖမ်းဆီးခံနေကြရပြီး အဲ့ဒီကျေးရွားသားတွေကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတွေနဲ့ တပ်မတော်က တရားစွဲဆိုထားတာ ဖြစ်ပါတယ်။   အဲ့ဒီတရားစွဲဆိုခံနေရတဲ့သူတွေထဲမှာ မြောက်ဦးမြို့နယ်လက္ကာကျေးရွာက ဆယ်တန်းကျောင်းသားလေးတွေ ပါဝင်နေပြီး သူတို့တွေကို အစိုးရနဲ့သက်ဆိုင်ရာတွေဘက်က ပြန်လည်လွှတ်ပေးမယ်လို့ ပြောဆိုထားပေမယ့် အခုအချိန်ထိ မလွှတ်ပေးသေးတာကြောင့် ပညာရေးအတွက် နစ်နာဆုံးရှုံးနေရတာ ဖြစ်ပါတယ်။   ဒီနေ့မှာတော့ မြောက်ဦး၊ ကျောက်တော်၊ ရသေ့တောင်စတဲ့မြို့နယ်တွေက ဖမ်းဆီးခံနေရသူ ၅၀ ကျော်ကို စစ်တွေခရိုင်တရားရုံးမှာ ရုံးထုတ်ရမာန်ယူခဲ့တာဖြစ်ပြီး သူတို့အထဲမှာ အသက်ကြီးပိုင်းတွေပါဝင်နေသလို တချို့မှာရာသီတုပ်ကွေကြောင့် ဖျားနာနေသူတွေလည်းရှိနေပြီး ဆေးကုသခွင့်ရချင်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။   #voiceofmyanmar   # အပြစ်မရှိတဲ့သူတွေကိုဖမ်းဆီးထားရာကနေအမြန်ဆုံးလွှတ်ပေးဖို့ မိသားစုတွေတောင်းဆို  # ရခိုင် #မြောက်ဦး# ကျောက်တော် # ရသေ့တောင်

Read More

ဆရာတော်ဦးဝီရသူကို တရားခံပြေးလို့ သုံးစွဲတဲ့အပေါ် ဆရာတော်ရဲ့တပည့်ဖြစ်သူက တရားစွဲဆိုမယ်

မန္တလေး၊ ဇွန် – ၁၈ -၂၀၁၉ ရဲရင့်မင်းခန့် (VOM)     Myanmar Now သတင်းဌာနက အယ်ဒီတာ ကိုဆွေဝင်းကို တရားစွဲဆိုထားတဲ့ အမှုနဲ့ပတ်သက်လို့ ဆရာတော် ဦးဝီရသူကို တရားခံပြေးလို့ သုံးစွဲခဲ့တဲ့အပေါ် ပြန်လည်တရားစွဲဆိုသွားမယ်လို့ သိရပါတယ်။   ကိုဆွေဝင်းရဲ့အမှုမှာ တရားလိုပြသက်သေတွေဟာ တရားရုံးဆင့်စာ အကြိမ်နှစ်ဆယ်ကျော် ပေးပို့ဆင့်ခေါ်ခဲ့ပေမယ့် တရားရုံးကိုလာရောက်မှုမရှိသလို ဒီအမှုဟာနှစ်နှစ်ကျော်ကြာလာပြီဖြစ်တဲ့အတွက် အမှုကိုရပ်စဲပေးဖို့ ကိုဆွေဝင်းရဲ့ရှေ့နေ ဒေါ်ရွက်နုအောင်က လျှောက်ထားခဲ့တဲ့စာမှာ ဆရာတော် ဦးဝီရသူဟာ ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးမှာ ရာဇဝတ်အထွေထွေအမှုအမှတ် – ၃၉/၂၀၁၉ နဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၂၄(က) အရ စွဲဆိုထားတဲ့အမှုအတွက် တရားခံပြေးအဖြစ်ကြော်ငြာခံထားရသူ ဆိုပြီး ကြေးမုံသတင်းစာပါ ဖော်ပြချက်နှင့်တွဲပြီး ရုံးတော်ကိုတင်ပြခဲ့တဲ့အပေါ် ကိုကျော်မျိုးရွှေက မကျေနပ်လို့ တရားစွဲဆိုသွားမယ်လို့ ပြောဆိုခဲ့တာပါ။   #voiceofmyanmar # ဆရာတော်ဦးဝီရသူကို တရားခံပြေးလို့…

Read More

နှစ်နှစ်ကျော်ကြာနေတဲ့ ကိုဆွေဝင်းအမှု ရပ်စဲဖို့ တရားရုံးကိုစာတင်

မန္တလေး၊ဇွန် ၁၇-၂၀၁၉ ဟိန်းကို(VOM)   ဆရာတော်ဦးဝီရသူကို လူမှုကွန်ယက်စာမျက်နှာမှာ ဂုဏ်သိက္ခာညှိုးနွမ်းအောင်ရေးသားလို့ဆိုပြီး မြန်မာနောင်းသတင်းဌာနက အယ်ဒီတာ ကိုဆွေဝင်းကို ဆက်သွယ်ရေးဥပဒေပုဒ်မ(၆၆/ဃ) နဲ့ တရားစွဲဆိုထားမှုဟာ (၂)နှစ်ကျော်ကြာနေပြီဖြစ်တဲ့အတွက် ဒီနေ့မနက်ပိုင်း ရုံးချိန်မှာတော့ အမှုကိုရပ်စဲဖို့ ကိုဆွေဝင်းရဲ့ရှေ့နေ ဒေါ်ရွက်နုအောင်(တရားလွတ်တော်ရှေ့နေ)က မဟာအောင်မြေတရားရုံးမှာ  စာတင်ခဲ့ပါတယ်။   အမှုစစွဲတဲ့အချိန်ကတည်းက တရားလိုတွေဖြစ်တဲ့ ကိုကျော်စွာထွန်း၊ ဘန္ဒန္တဝိစိတ္တာဘိဝံသ(ခ)ဦးဝီရသူ၊ ဘန္ဒန္တတိက္ခနြ္ဒိယာဘဝံသ(မဟာအောင်မြေမြို့နယ် သံဃာ့နာယကဥက္ကဌ) နဲ့ အမှုစစ်ရဲအုပ်ကျော်သူတို့ဟာ တရားရုံးကိုလာဖို့ အကြိမ်(၂၀)ကျော် ဆင့်စာတွေပေးပို့  ဆင့်ခေါ်ခဲ့ပေမယ့် လာရောက်ခြင်းမရှိတဲ့အတွက် အမှုကိုရပ်စဲဖို့ စာတင်ခဲ့တာ ဖြစ်ပါတယ်။   #voiceofmyanmar# နှစ်နှစ်ကျော်ကြာနေတဲ့ကိုဆွေဝင်းအမှုရပ်စဲဖို့တရားရုံးကိုစာတင် #တရားလိုတွေမလာ #ဆရာတော်ဦးဝီရသူ   #မစိုးရိမ်တိုက်သစ် #မန္တလေး  

Read More

စီမံကိန်းနဲ့ပက်သက်တဲ့ ပြသာနာတွေဖြေရှင်းဖို့ ‘တရားမျှတမှုနှင့်အမှန်တရားဖော်ထုတ်ရေးကော်မတီ’ဖွဲ့စည်း

မန္တလေး၊ဇွန် ၁၆-၂၀၁၉ ဟိန်းကို(VOM) မန္တလေးမြို့အနီးတဝိုက်မှာ စီမံကိန်းတွေနဲ့ပက်သက်ပြီး ဖြစ်ပွားနေတဲ့ပြသာနာတွေကို ဖြေရှင်းပေးဖို့အတွက် မန္တလေးမြို့က နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေစုပြီး ‘တရားမျှတမှုနှင့်အမှန်တရားဖော်ထုတ်ရေးကော်မတီ’ကို ဒီကနေ့နေ့လယ်ပိုင်းက ချမ်းမြသာစည်မြို့နယ်က ဘုရားကြီးအလယ်တိုက်မှာ ဖွဲ့စည်းခဲ့ကြပါတယ်။ လတ်တလောဖြစ်ပွားနေတဲ့ ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာ မှာ ဖြစ်ပွားနေတဲ့ ပြသာနာကို စတင်ဖြေရှင်းသွားမှာဖြစ်ပြီး လက်ရှိအာဏာရ အစိုးရကို တိုက်ခိုက်ဖို့ ခုလိုအဖွဲ့အစည်း ဖွဲ့စည်းခြင်းမဟုတ်ဘူးလို့ သိရပါတယ်။ #voiceofmyanmar#မန္တလေး#’တရားမျှတမှုနှင့်အမှန်တရားဖော်ထုတ်ရေးကော်မတီ’ဖွဲ့စည်း#

Read More

စစ်တွေ ရဲစခန်းဆိုင်ခန်းတွေဖြိုဖျက်ခံရလို့ လူဦးရေတစ်ထောင်လောက်အလုပ်လက်မဲ့ဖြစ် 

စစ်တွေ၊ဇွန်၁၆-၂၀၁၉ ခိုင်လင်းစံ(VOM)   ရခိုင်ပြည်နယ်၊စစ်တွေမြို့မှာရှိတဲ့မြို့မရဲစခန်းပါတ်လည်မှာငှားရမ်းထားတဲ့ဈေးဆိုင်ခန်းပေါင်း၇၆ခန်းကိုဇွန်လ၁၅ရက်နေ့မနေ့ကဖြိုဖျက်ခိုင်းခဲ့တာဖြစ်ပါတယ်။   အဲ့ဒီဈေးဆိုင်ခန်းတွေဟာ ဝန်ထမ်းသက်သာအဖြစ်နဲ့ရဲတပ်ဖွဲ့က၁၉၉၃ခုနှစ်မှာစတင်ပြီးတော့ငှားရမ်းခဲ့တာဖြစ်ပြီးအခုအခါမှာရဲစခန်းလုံခြုံရေးတိုးမြှင့်ဆောင်ရွက်ဖို့အတွက်ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ကဖြိုဖျက်ခိုင်းခဲ့တာဖြစ်ပါတယ်။ ဆိုင်ခန်းတွေကိုဖြိုဖျက်ပေးရမယ့်လို့ရဲတပ်ဖွဲ့ကပြောတဲ့အတွက်ဈေးဆိုင်ခန်းတွေကိုရွှေ့ပြောင်းရောင်းချနိုင်ဖို့  အစားထိုးမြေနေရာတစ်ခုကိုချပေးဖို့အတွက်ဈေးဆိုင်ပိုင်ရှင်တွေကရခိုင်ပြည်နယ်အစိုးအရအဖွဲ့နဲ့သက်ဆိုင်ရာဌာနအသီးသီးဆီကိုအသနားခံခဲ့ပေမယ့်တာဝန်ယူဆောင်ရွက်ပေးမယ့်သူမရှိဘူးလို့ဆိုင်ခန်းပိုင်ရှင်တွေကပြောပါတယ်။   အဲ့ဒီနေရာမှာရွှေပန်းတိမ်ဆိုင်၊ရွှေထည်လက်ဝတ်ရတနာပစ္စည်းအရောင်းဆိုင်၊လျှပ်စစ်ပစ္စည်းအရောင်းဆိုင်၊လျှပ်စစ်ပစ္စည်းပြုပြင်ရေးဆိုင်၊အထည်ဆိုင်စတဲ့ဈေးဆိုင်ပေါင်း၇၆ဆိုင်ကိုဖွင့်လှစ်ရောင်းချနေကြတာဖြစ်ပါတယ်။   ဆိုင်ခန်းတွေကိုဖြိုဖျက်ပေးလိုက်ရတဲ့အတွက်အဲ့ဒီဆိုင်ခန်းပိုင်ရှင်တွေနဲ့ဆိုင်လုပ်သားတွေအပါအဝင်မိသားစုပေါင်းတစ်ထောင်လောက်ဟာအလုပ်လက်မဲ့ဖြစ်နေကြရပြီးစီးပွားရေးလုပ်ငန်းတွေကိုလည်းရပ်တန့်ထားကြရတာဖြစ်ပါတယ်။   #voiceofmyanmar #စစ်တွေ #ရဲစခန်းပတ်လည်ဆိုင်ခန်း #ရခိုင်ပြည်နယ်

Read More

မန္တလေးတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနဲ့ နိုင်ငံရေးပါတီတွေ ပထမအကြိမ် တွေ့ဆုံ

မန္တလေး၊ ဇွန် – ၁၂ – ၂၀၁၉ ရဲရင့်မင်းခန့် (VOM)   မန္တလေးတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနဲ့ တိုင်းအတွင်းက နိုင်ငံရေးပါတီတွေ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးပွဲကို ဒီနေ့မနက်က ၂၆ ဘီလမ်းနဲ့ ၆၆ လမ်းထောင့်ရှိ ဟစ်လ်တန်မန္တလေးဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။   အခုတွေ့ဆုံပွဲက မန္တလေးတိုင်းမှာရှိတဲ့ဌာနချုပ် ပါတီ ၃ ခု၊ တိုင်းအဆင့်ပါတီ ၁၅ ခုတို့ တွေ့ဆုံခဲ့တာပါ။ လာမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး  နိုင်ငံရေးပါတီတွေရဲ့ အားသာချက်၊ အားနည်းချက်တွေ၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ လမ်းညွှန်ချက်၊ ကျင့်ဝတ်များအပြင် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေး၊  စေ့စပ်ညှိနှိုင်းရေးနဲ့ ရွေးကောက်ပွဲဆိုင်ရာ အထွေထွေလုပ်ငန်းစဉ်တွေကို အဓိကဆွေးနွေးတာလို့ ဆိုပါတယ်။  နောက်ပိုင်းမှာ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းမှာလည်း ခုလိုတွေ့ဆုံပွဲတွေ လုပ်သွားမယ်လို့ သိရပါတယ်။ အလားတူ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဆင့်မှာလည်း နိုင်ငံရေးပါတီတွေနဲ့ အခုလို…

Read More

စိုက်ဘဏ်မှာ ပုံစံ ၇ မူရင်းအပ်ပြီးမှ ချေးငွေထုတ်ခွင့်ရတာဟာ တောင်သူတွေအတွက် အဆင်မပြေ

သာယာဝတီ၊ ဇွန် – ၁၂- ၂၀၁၉ ကိုနေထွန်း (VOM)   မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ကနေ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ရာမှာ လယ်ယာမြေလုပ်ပိုင်ခွင့်ပုံစံ(၇) မူရင်းကို အပ်နှံပြီး ထုတ်ယူနေရတဲ့အတွက် အခက်အခဲကြုံတွေ့နေရတယ်လို့ ပဲခူးတိုင်း သာယာဝတီမြို့နယ်မှာရှိတဲ့ တောင်သူတွေက ဆိုပါတယ်။   မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေနဲ့ စိုက်ပျိုးစရိတ်အဖြစ် တစ်ဧကကို တစ်သိန်းခွဲနှုန်းသာ ထုတ်ချေးပေးနေတာဖြစ်ပြီး တောင်သူတွေအနေနဲ့ကတော့ တကယ်တမ်းစိုက်ပျိုးစရိတ်ဟာ တစ်ဧကကို၂ သိန်းခွဲလောက် ကုန်ကျနေတာကြောင့် ချေးငွေထုတ်ပေးမှုလည်း မလုံလောက်ဘူးလို့ ဆိုကြပါတယ်။   ပုံစံ(၇)မူရင်းကို အပ်နှံထားရတာ မဟုတ်ဘဲ အရင်လို မိတ္တူကိုသာအပ်နှံထားခွင့် ရမယ်ဆိုရင် စိုက်ပျိုးစရိတ်အတွက် လိုအပ်တဲ့ငွေရရှိဖို့  ပြင်ပမှာ ပုံစံ(၇) ပေးပြီး အတိုးနှုန်းသက်သာစွာနဲ့ ထပ်မံချေးငှားခွင့်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အခုလို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှာ ပုံစံ (၇) မူရင်းပေးထားရတာကြောင့် အပြင်မှာ ပစ္စည်းအပေါင်မရှိဘဲ ငွေအလွတ်ချေးရတဲ့အတွက်…

Read More

နှစ်(၁၈၀)သက်တမ်းရှိ ရှေးဟောင်းကျွန်းကုတင်နဲ့ ကျွန်းသေတ္တာကို ကိုယ်ပိုင်ထိန်းသိမ်းခွင့်လက်မှတ်ရ

မန္တလေး၊ဇွန် ၁၁-၂၀၁၉ ဟိန်းကို(VOM)   မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊ ၈၆လမ်း ၃၁လမ်းနဲ့ ၃၂လမ်းကြားမှာ နေထိုင်တဲ့ ဦးစိုးဝင်းမြင့် ဆိုသူဟာ နှစ်ပေါင်း(၁၈၀)သက်တမ်းရှိ ရှေးဟောင်း ကျွန်းကုတင်(၁)လုံးနဲ့ ကျွန်းသေတ္တာ(၁)လုံးကို ထိန်းသိမ်းဖို့ ရှေးဟောင်းဝတ္ထုပစ္စည်းထိန်းသိမ်းခွင့်လက်မှတ်ကို ဒီနေ့ မနက်ပိုင်းက ရရှိခဲ့ပါတယ်။   ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ရှေးဟောင်းဝတ္ထုပစ္စည်းများကာကွယ်ထိန်းသိမ်းရေး ဥပဒေ(၃၁)ခ အရ ကိုယ်ပိုင်ထိန်းသိမ်းခွင့်လက်မှတ် ပေးအပ်ခဲ့တာဖြစ်ပါတယ်။   #voiceofmyanmar# နှစ်(၁၈၀)သက်တမ်းရှိရှေးဟောင်းပစ္စည်းကို ကိုယ်ပိုင်ထိန်းသိမ်းခွင့်လက်မှတ်ရ#မန္တလေး

Read More

ဆယ်တန်းကို ဘာသာစုံဂုဏ်ထူးနဲ့ အောင်ခဲ့တဲ့ ကျောင်းသားလေး သာသနာဘောင် အပြီးဝင်တော့မယ်

စစ်ကိုင်း၊ ဇွန် ၈ -၂၀၁၉ စောပြည့်ချမ်းသာ(VOM)   မကွေးတိုင်း၊ ထီးလင်းမြို့နယ်က ကျောင်းသားလေး မောင်အောင်ကောင်းဆက်ဟာ ဒီနှစ် တက္ကသိုလ်ဝင်တန်းမှာ ဘာသာစုံဂုဏ်ထူးနဲ့အောင်မြင်ခဲ့ပေမယ့် သာသနာ့ဘောင်ကို ရာသက်ပန် သီတင်းသုံးနေထိုင်ပြီး ပရိယတ္တိစာပေတွေကိုပဲ သင်ယူသွားမယ်လို့ သိရပါတယ်။   ၂၀၁၈ -၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မန္တလေးတိုင်း၊ မလှိုင်မြို့နယ် မလှိုင်မိသားစု ကိုယ်ပိုင်အထက်တန်းကျောင်းမှာ ဖြေဆိုခဲ့ပြီး အာင်စာရင်းမထွက်ခင် မေလ ၆ ရက်ကစလို့ စစ်ကိုင်းတောင်ရိုး မြစကြာကျောင်းတိုက်မှာ အရှင်ကုဏ္ဍလ ဘွဲ့အမည်နဲ့ သီတင်းသုံးနေထိုင်ခဲ့ပါတယ်။     ”သာသနာဘောင်ကို ဝင်ရတဲ့ အကြောင်းအရင်းက ကျေးဇူးဆပ်ချင်လို့ပါ။ ခုလို ဘဝရတာကလည်း   အနန္ဒော၊ အနန္ဒငါးပါးရဲ့ ကျေးဇူးတွေကြောင့်ပါ။ အဲဒီ ကျေးဇူးတွေကို ဆပ်ချင်လို့ တနည်းအားဖြင့် ဘုရားရဲ့ ကျေးဇူးကိုလည်း ဆပ်ချင်လို့၊ အနန္ဒော အနန္ဒငါးပါးကျေးဇူးကို ကိုယ်တတ်နိုင်သလောက်…

Read More

တက္ကသိုလ်ဝင်တန်းအောင်နှုန်း တစ်နိုင်ငံလုံးမှာ မန္တလေးတိုင်းက ဒုတိယ ရရှိ

မန္တလေး၊ ဇွန် ၈- ၂၀၁၉ ရဲရင့်မင်းခန့် (VOM)   ဒီနှစ် တက္ကသိုလ်တန်းစာမေးပွဲ အောင်မြင်မှုနှုန်းမှာ တစ်နိုင်ငံလုံးအတိုင်းအတာအရ မန္တလေးတိုင်းက ဒုတိယအဆင့် ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်းက ဖြေဆိုသူ ၁၁၁၃၉၈ ဦး၊ အောင်မြင်သူ ၄၂၅၁၈ ဦး (ရာခိုင်နှုန်းအားဖြင့် ၃၈.၁၇ )နဲ့ တိုင်းနဲ့ပြည်နယ် ၁၈ ခုမှာ ပထမအဆင့်ရခဲ့ပြီး ဒီနှစ်မှာတော့ ဖြေဆိုသူ ၁၁၉၂၁၀ ဦး၊ အောင်မြင်သူ ၄၃၀၇၅  ဦး (ရာခိုင်နှုန်းအားဖြင့် ၃၆.၁၃ )နဲ့ ဒုတိယအဆင့်ရရှိခဲ့ပါတယ်။   ရာခိုင်နှုန်းအရ ကျဆင်းသွားပေမယ့် မနှစ်ကထက် ဖြေဆိုသူ ၇၀၀၀ ဦး၊ အောင်မြင်သူ ၅၅၇ တိုးလာခဲ့တာ ဖြစ်ပါတယ်။ မန္တလေးတိုင်း တစ်ခုလုံးမှာ တစ်ဘာသာဂုဏ်ထူးရှင် ၃၈၅၇၊ နှစ်ဘာသာဂုဏ်ထူးရှင် ၁၀၅၉ ၊သုံးဘာသာဂုဏ်ထူးရှင် ၆၇၃…

Read More
VOM News

FREE
VIEW