ဧရာဝတီ၊ ဇွန် – ၈- ၂၀၁၉ ကိုအောင်(VOM) ဒီနှစ်အတွက် တက္ကသိုလ်ဝင်တန်းအောင်စာရင်းတွေကို ဒီနေ့မနက်ပိုင်းမှာ ကြေငြာခဲ့ပါတယ်။ ဧရာဝတီတိုင်းဒေသကြီးမှာတော့ မနှစ်ကထက် အောင်ချက်နည်းခဲ့ပြီး မြန်မာနိင်ငံတွင်းမှာရှိတဲ့ စာစစ်ဌာန ၁၈ ခုမှာ အဆင့် ၁၁ ရရှိခဲ့တယ်လို့ တိုင်းအခြေခံပညာဦးစီးဌာနကနေ သိရပါတယ်။ ဒီနှစ်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာအရ အမှတ်များဆုံး Top Ten စာရင်းဝင်သူ ဧရာဝတီတိုင်းက ၇ ဦးပါဝင်ခဲ့ပြီး ဝိပ္ပံဘာသာတွဲမှာ ၂ ဦး၊ ဝိဇ္ဇာဘာသာတွဲမှာ ၅ ဦး ရရှိခဲ့ပါတယ်။ အဲဒီထဲမှာ ကျုံပျော်မြို့နယ်က မသဇင်ဝင်းနဲ့အင်္ဂပူမြို့နယ်က မောင်ခန့်မောင်မောင်တို့က ဝိဇ္ဇာဘာသာတွဲအတွက် မြန်မာတစ်နိုင်ငံလုံးမှာ အမှတ်များဆုံး ပထမနဲ့ဒုတိယရရှိခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၁၉ ပညာသင်နှစ်အတွင်း ဧရာဝတီတိုင်း ၂၆ မြို့နယ်မှာ ကြံခင်းမြို့နယ်က ၅ နှစ်ဆက်တိုက် အောင်ချက်အကောင်းဆုံး မြို့နယ်ဖြစ်ခဲ့ပြီး…
Read MoreCategory: ဓာတ်ပုံ ဗီဒီယို
အောင်သပြေရွာသားတစ်ဦး ထောင်တွင်းသေဆုံးမှုနဲ့ပတ်သက်ပြီး ရှင်းလင်းပွဲပြုလုပ်
မန္တလေး၊ ဇွန် ၈-၂၀၁၉ ဟိန်းကို(VOM) အောင်သပြေရွာသား ဦးထွန်းမြင့်ဝင်း ဖမ်းဆီးခံရပြီး (၃)ရက်အကြာမှာ မန္တလေး၊ အိုးဘိုအကျဉ်းထောင်အတွင်း သေဆုံးသွားခဲ့တာနဲ့ ပတ်သက်ပြီး သေဆုံးသူရဲ့ မိသားစုဝင်ဘက်ကနေ ဒီကနေ့နံနက်ပိုင်းက မန္တလေးမီဒီယာစင်တာမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ အောင်သပြေကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဖြစ်စဉ်မှာ ပါဝင်ခဲ့တယ်ဆိုပြီး ဦးထွန်းမြင့်ဝင်းကို ရာဇသတ်ကြီးပုဒ်မ ၄၃၆/၄၄၀/၃၃၆/၁၁၄ တို့နဲ့ အမှုဖွင့်ကာ ဇွန်လ ၂ ရက်နေ့က ဖမ်းဆီးစစ်ဆေးခဲ့ပါတယ်။ ဖမ်းဆီးစစ်ဆေးနေဆဲကာလ ဇွန်လ ၅ ရက် မနက်ပိုင်းမှာ အိုးဘိုအကျဉ်းထောင်အတွင်း သေဆုံးခဲ့တာ ဖြစ်ပါတယ်။ အကျဉ်းထောင်တွင်း သေဆုံးသွားသူဟာ အရက်ကြောင်ကြောင်ပြီး အဖျားကြီးကာ ထောင်တွင်းဆေးကုသမှု ခံယူနေစဉ် သေဆုံးသွားတယ်လို့ အကျဉ်းဦးစီးက ထုတ်ပြန်ထားတာကို ကျေနပ်မှုမရှိတဲ့အတွက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ #voiceofmyanmar#အောင်သပြေရွာသားထောင်တွင်းသေဆုံမှု#သတင်းစာရှင်းလင်းပွဲ#မန္တလေး#
Read Moreအင်္ဂလိပ်စာဆရာတွေကို အမေရိကန်သံရုံးက မွမ်းမံသင်တန်းပို့ချ
မန္တလေး၊ ဇွန် ၇ -၂၀၁၉ အမေရိကန်အစိုးရရဲ့ အစီအစဉ်နဲ့ ပြင်ပနိုင်ငံတွေမှာ အင်္ဂလိပ်စာသင်ကြားခဲ့ တာ နှစ် ၅၀ ပြည့်အထိမ်းအမှတ်အဖြစ် မန္တလေးဂျဖာဆန်စင်တာမှာ အင်္ဂလိပ်စာသင်ကြားနေတဲ့ ဆရာ ၂၀ ဝန်းကျင်ကို မွမ်းမံသင်တန်းပို့ချခဲ့ပါတယ်။ ရန်ကုန်၊ နေပြည်တော် ၊ မန္တလေး ၊ မြစ်ကြီးနား နဲ့ ထားဝယ် စတဲ့ နေရာတွေမှာ အမေရိကန်သံရုံးအစီအစဉ်နဲ့ အင်္ဂလိပ်စာ သင်ကြားပေးနေတဲ့ ဆရာဆရာမတွေတက်ရောက်ခဲ့ပါတယ်။ #voiceofmyanmar #jafferson #english training #မန္တလေး
Read Moreထီပေါက်စဉ်တိုက်တဲ့ ဖုန်းဆော့ဝဲလ်ကို “အလင်းသစ်” မသန်စွမ်းသူများအဖွဲ့ထံ လှူဒါန်း
မန္တလေး၊ဇွန် ၅-၂၀၁၉ ဟိန်းကို(VOM) မန္တလေးမြို့မှာ ထီးလှည့်ရောင်းနေတဲ့ မသန်စွမ်းသူတွေအတွက် (Pauk) အမည်ရှိ ထီပေါက်စဉ်တိုက်တဲ့ ဖုန်းဆော့ဝဲလ် အခမဲ့သုံးစွဲခွင့်ကို Trion Sofware Development Company (Mandalay)က ဒီနေ့ နေ့လည်ပိုင်းက ချမ်းမြသာစည်မြို့နယ် “အလင်းသစ်”မသန်စွမ်းသူများဖွံ့ဖြိုးရေးစင်တာထံ လာရောက်လှူဒါန်းမှု ပြုလုပ်ခဲ့ပါတယ်။ #voiceofmyanmar# ထီပေါက်စဉ်တိုက်တဲ့ဖုန်းဆော့ဝဲလ်ကို လှူဒါန်း # “အလင်းသစ်” မသန်စွမ်းသူများအဖွဲ့ #မန္တလေး
Read Moreအစ္စလာမ်ဘာသာဝင်တွေရဲ့ အိဒ်နေ့အထိမ်းအမှတ်ပွဲမှာ ဘာသာသာပေါင်းစုံ ပါဝင်ဆင်နွှဲ
မန္တလေး၊ဇွန် ၅ -၂၀၁၉ ဟိန်းကို(VOM) အစ္စလာမ်ဘာသာဝင်တွေရဲ့ ဥပုလ်လနောက်ဆုံးနေ့ဖြစ်တဲ့ အိဒ်နေ့အထိမ်းအမှတ်ပွဲကို ဒီကနေမနက်အစောပိုင်းက မန္တလေးမြို့၊အောင်မြေသာစံမြို့နယ် ၂၃ လမ်း ၈၂ လမ်းနဲ့ ၈၃ လမ်းကြားက ‘ကျောက်ဗလီ’ မှာ ကျင်းပပြုလုပ်ခဲ့ရာမှာ ဘာသာပေါင်းစုံက ဘာသာရေးခေါင်းဆောင်များ၊ လူပုဂ္ဂိုလ်များ တက်ရောက်ပြီး ပါဝင်ဆင်နွဲခဲ့ကြပါတယ်။ အိဒ်နေ့အထိမ်းအမှတ်ပွဲ ကျင်းပရာမှာ ဘာသာကြီး(၅)ခုဖြစ်တဲ့ ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ အစ္စလာဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဘဟာအီဘာသာဝင်တို့က ပါဝင်ဆင်နွှဲခဲ့ကြပြီး ငြိမ်းချမ်းရေး နှင်းဆီဖြူ ကမ်းလင့်ခြင်း ကမ်ပိန်းကိုလည်း Smile Myanmarအဖွဲ့က ပြုလုပ်ခဲ့ကြပါတယ်။ #voiceofmyanmar# အစ္စလာမ်ဘာသာဝင်တွေရဲ့အိဒ်နေ့ပွဲမှာဘာသာသာပေါင်းစုံပါဝင်ဆင်နွှဲ #မန္တလေး
Read Moreဦးဣန္ဒဝီရ (လှည်းကူးဆရာတော်)
မန္တလေး၊ ဇွန် ၃-၂၀၁၉ ဟိန်းကို(VOM) မန္တလေးမြို့မှာ ဆရာတော်ဦးဝီရသူအတွက် ဆုတောင်းပွဲတွေ ဘာလို့လုပ်သလဲဆိုတာကို ဒီကနေ့ ညနေပိုင်းက ကုသိုလ်တော်ဘုရားမှာ လေးကြိမ်မြောက်ပြုလုပ်တဲ့ ဆုတောင်းပွဲမှာ ဦးဣန္ဒဝီရ(လှည်းကူးဆရာတော်)က အခုလို ဖြေကြားခဲ့ပါတယ်။ #voiceofmyanmar #မန္တလေး #ဦးဝီရသူ
Read Moreအောင်ဘာလေထီ ကျပ်သိန်းတစ်သောင်းခွဲဆုကို မန္တလေးမြို့နေ ကိုဝင်းကျော် ဆွတ်ခူး
မန္တလေး၊ ဇွန် – ၁- ၂၀၁၉ ရဲရင့်မင်းခန့်(VOM) အောင်ဘာလေထီ ၄ ကြိမ်မြောက် ကျပ်သိန်းတစ်သောင်းခွဲဆုကို မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက် ဗ / ၂၃ နေ ကိုဝင်းကျော် ( ပွင့်သစ် ကွမ်းယာဆိုင်)က ဆွတ်ခူးရရှိသွားပါတယ်။ ကိုဝင်းကျော် အသက် ၁၄ နှစ်အရွယ်လောက်ကတည်းက ထီကို လစဉ်နီးပါးထိုးလာခဲ့တာ ခုဆို ၁၉ နှစ်လောက်ရှိပြီလို့ ဆိုပါတယ်။ အခုပေါက်တဲ့ ထီဆုငွေတွေထဲကနေ ရွာဦးကျောင်းက ဆရာတော်အတွက် ကားလှူသွားမှာ ဖြစ်သလို သူ့မိဘနဲ့ ဇနီးဖြစ်သူရဲ့မိဘတွေကို ကန်တော့ပြီး သားနှစ်ယောက်ကို ရှင်ပြုသွားမယ်လို့ ပြောပါတယ်။ #voiceofmyanmar # အောင်ဘာလေထီကျပ်သိန်းတစ်သောင်းခွဲဆု #မန္တလေးမြို့နေကိုဝင်းကျော်ဆွတ်ခူး #ချမ်းမြသာစည်
Read Moreရတနာပုံမ် ရွှေမြို့တော်(မန္တလေး) မြို့တည် နန်းတည် နှစ်(၁၆၀)ပြည့် အခမ်းအနား ကျင်းပ
မန္တလေး၊မေ၂၄-၂၀၁၉ ဟိန်းကို(VOM) မင်းတုန်းမင်းတရားကြီးတည်ထောင်ခဲ့တဲ့ရတနာပုံမ်ရွှေမြို့တော်(မန္တလေး)မြို့တည်နန်းတည်နှစ်(၁၆၀)ပြည့်အခမ်းအနားကိုမြန်မာတော်ဝင်အနွယ်တော်များအစည်းအရုံးကဦးဆောင်ပြီးဒီကနေ့နံနက်ပိုင်းကမန္တလေးနန်းမြို့တွင်းမြနန်းစံကျော်ရွှေနန်းတော်အရှေ့စမုခ်ဆောင်မှာကျင်းပပြုလုပ်ခဲ့ပါတယ်။ ရတနာပုံမ်ရွှေမြို့တော်(မန္တလေး) မြို့တည်နန်းတည်နှစ်(၁၆၀)ပြည့်အနေ့ဖြင့်ပင့်သံဃာ(၁၀၈)ပင့်ဖိတ်ကာလှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခြင်း၊နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းများပြုလုပ်ခဲ့ပါတယ်။ နှစ်(၁၆၀)ပြည့်ပွဲတော်ကိုမေလ(၂၄)ရက်နေ့မှမေလ(၂၆)ရက်နေ့အထိ၃ရက်ကျင်းပသွားမှာဖြစ်ပါပြီးပထမနေ့တွင်မြနန်းစံကျော်ရွှေနန်းတော်ကြီးပေါ်တွင်ပင့်သံဃာ(၁၀၈)ပါးအားဆွမ်းကပ်လှူဒါန်းပူဇော်ခြင်း၊ညနေပိုင်းတွင်နှစ်၁၆၀ပြည့်အထိမ်းအမှတ်မုခ်ဦးဖွင့်လှစ်ခြင်း၊ဒုတိယနေ့ညနေပိုင်းတွင်မန္တလေးတောင်ခြေ၌ပင့်သံဃာ(၁၆၀)အားဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊တတိယနေ့တွင်အမျိုးသားကဇာတ်ရုံမှာစာပေဟောပြောပွဲကျင်းပမယ့်အပြင်ပန်းချီပြပွဲ၊ဓာတ်ပုံပြပွဲ၊လူထုဖျော်ဖြေပွဲ၊ပျော်ပွဲရွှင်ပွဲများထည့်သွင်းကျင်းပသွားမှာဖြစ်ပါတယ်။ #voiceofmyanmar #မန္တလေး #နှစ်(၁၆၀)ပြည့်အခမ်းအနား #ရတနာပုံ #ရတနာပုံမ် #မန္တလေး #မြို့တည်နန်းတည်
Read Moreကျောက်စိမ်းလုပ်ကွက်သုံး လမ်းကိုရက်အကန့်အသတ်မရှိ ပိတ်ဆို့ ဆန္ဒပြ
ဖားကန့် မေ ၂၃-၂၀၁၉ ရန်အောင်ထွန်း(VOM) ကျောက်စိမ်းတူးဖေါ်ရေးကုမ္ပဏီ လေးခုရဲ့ မြေစာစွန့်ပစ်မှုကြောင့် ဖားကန့်မြို့နယ် ဝှေခါ(လခူးချောင်း) ရပ်ကွက် ၆ မြေသားနိမ့်ကျလာသကို အမြန်ဆုံး ဖြေရှင်းပေးဖို့ ရပ်ကွက်နေပြည်သူ ၄၀ ကျော်က မေလ ၂၃ ရက် မနက်က ကျောက်စိမ်းလုပ်ကွက် အဝင်လမ်းကို ပိတ်ဆို့ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ပိတ်ဆို့ထားတဲ့ လမ်းမကို မြန်မာ့ဂုဏ်ရည်၊ ကျောက်စိမ်းမင်း၊ ကျောက်စိမ်း သစ်ရွက်နဲ့ ကျောက်စိမ်းဝင်ကမ္ဘာ ကုမ္ပဏီတွေ အသုံးပြု လုပ်ကိုင်နေကြနယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။ အဲ့ဒီကုမ္ပဏီလုပ်ကွက်က မြေစာစွန့်ပစ်မှုတွေကြောင့် ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါရပ်ကွက်(၆)၊ လဂူးချောင်ကျေးရွာမှာ ၂၀၁၇ ခုနှစ်ကလည်း အိမ်တွေအက်ကွဲပြိုကျတာတွေရှိခဲ့ပြီး အခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းကစပြီး အိမ်တွေအက်ကွဲလာတာဟာ ပြိုကျတော့မယ့် အနေအထားရောက်နေပြီလို့ ဆန္ဒပြသူတွေက ဆိုပါတယ်။ ဖားကန့်မြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးကတော့ ဆန္ဒထော်ထုတ်သူတွေဟာ ဒေသခံတွေမဟုတ်ဘဲ တခြားနေရပ်ဒေသကနေ လာရောက်သူတွေလို့…
Read Moreပြည် – အောင်လံ လမ်းမပေါ်က တိုးဂိတ်ဖျက်သိမ်းရေး ဆန္ဒထုတ်ဖော်
ပြည်၊ မေ – ၂၃ – ၂၀၁၉ ဂျန်ကိုးလ် (VOM) ပဲခူးတိုင်းအနောက်ပိုင်း ပြည်မြို့မှာ ပြည်-အောင်လံ လမ်းပေါ်က တိုးဂိတ်ဖျက်သိမ်းရေး ဒီနေ့ မနက်က ယာဉ်ပိုင်ရှင်တွေ စုပေါင်းပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ မြို့အဝင်က Max Myanmar High Way တိုးဂိတ် အလိုမရှိ၊ အပြီးတိုင် ဖျက်သိမ်းပေးရေး ဗီနိုင်းပိုစတာ များကိုင်ဆောင်ကာ ကြွေးကြော်ခဲ့ကြပြီး ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်း၊ စပယ်ယာ စုစုပေါင်း လူဦးရေ ၁၀၀ ကျော်နဲ့ဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။ “ပြည်မြို့နဲ့ထန်းပေါက်ရွာက ကပ်လျှက်ရှိတယ်။ ကျနော့်တို့ထန်းပေါက်ကျေးရွာအနီးမှာ တည်ဆောက်ထားတဲ့တိုးဂိတ်က လမ်းကြေးကို တနေ့တနေ့ဖြတ်သန်းရတဲ့ ကားတစီးကို ၃၀၀၀ မြို့၊ဝင်ကြေးက ၅၀၀ အဲလိုပေးဆောင်ရတယ်။ မက်မြန်မာရဲ့ဂိတ်တွေကနီးကပ်လွန်းပါတယ်။ ရွှေတောင်နဲ့ပြည် တိုးဂိတ်က မိုင်၂၀ ဝန်းကျင်ဘဲရှိတယ်။ အခုတိုးဂိတ်က ဘွက်ကြီးတိုးဂိတ်နဲ့ မိုင်…
Read More