ကျောက်စိမ်းလုပ်ကွက်သုံး လမ်းကိုရက်အကန့်အသတ်မရှိ ပိတ်ဆို့ ဆန္ဒပြ

ဖားကန့် မေ ၂၃-၂၀၁၉
ရန်အောင်ထွန်း(VOM)

ကျောက်စိမ်းတူးဖေါ်ရေးကုမ္ပဏီ လေးခုရဲ့ မြေစာစွန့်ပစ်မှုကြောင့် ဖားကန့်မြို့နယ် ဝှေခါ(လခူးချောင်း) ရပ်ကွက် ၆ မြေသားနိမ့်ကျလာသကို အမြန်ဆုံး ဖြေရှင်းပေးဖို့ ရပ်ကွက်နေပြည်သူ ၄၀ ကျော်က မေလ ၂၃ ရက် မနက်က ကျောက်စိမ်းလုပ်ကွက် အဝင်လမ်းကို ပိတ်ဆို့ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

 

ပိတ်ဆို့ထားတဲ့ လမ်းမကို မြန်မာ့ဂုဏ်ရည်၊ ကျောက်စိမ်းမင်း၊ ကျောက်စိမ်း သစ်ရွက်နဲ့ ကျောက်စိမ်းဝင်ကမ္ဘာ ကုမ္ပဏီတွေ အသုံးပြု လုပ်ကိုင်နေကြနယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။ အဲ့ဒီကုမ္ပဏီလုပ်ကွက်က မြေစာစွန့်ပစ်မှုတွေကြောင့် ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါရပ်ကွက်(၆)၊ လဂူးချောင်ကျေးရွာမှာ ၂၀၁၇ ခုနှစ်ကလည်း အိမ်တွေအက်ကွဲပြိုကျတာတွေရှိခဲ့ပြီး အခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းကစပြီး အိမ်တွေအက်ကွဲလာတာဟာ ပြိုကျတော့မယ့် အနေအထားရောက်နေပြီလို့ ဆန္ဒပြသူတွေက ဆိုပါတယ်။

 

ဖားကန့်မြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးကတော့ ဆန္ဒထော်ထုတ်သူတွေဟာ ဒေသခံတွေမဟုတ်ဘဲ တခြားနေရပ်ဒေသကနေ လာရောက်သူတွေလို့ ပြောပါတယ်။ ဝှေခါကျေးရွာကိုလည်း ပြည်ထဲရေးအမည်ပေါက်ဖြစ်ဖို့ လုပ်ဆောင်နေဆဲလို့ သိရပါတယ်။

 

မြေသားပြိုကျနေတဲ့ ရပ်ကွက်ဟာ ရတနာနယ်မြေတွင် ကျူးကျော်နေထိုင်ကြတာဖြစ်လို့ အုပ်ချုပ်ရေးဘက်က ဝင်ရောက်ဆောင်ရွက်နိုင်တဲ့အနေအထား မရှိဘူးလို့ ဆိုပါတယ်။

 

ဆန္ဒပြသူတွေကတော့ ပြည်ထဲရေးအမည်မပေါက်ပေမယ့် မြေနေရာဝယ်ယူနေထိုင်စဉ်ကတည်းက ဌာနဆိုင်ရာလူကြီးတွေ သိရှိပါဝင်ပြီး ဆောင်ရွက်ပေးထားတာတွေ ဖြစ်တယ်လို့ ပြောပါတယ်။

 

ဖားကန့်မြို့နယ်တွင် ၁၅၄ ရွာရှိသည့်အနက် ၅၄ ရွာသာပြည်ထဲရေးအမည်ပေါက်ဖြစ်ပြီး ကျန်ကျူးကျော်ရွာများအတွက်ဆိုလျှင် အုပ်ချုပ်ရေးဘက်မှ ကျန်းမာရေး၊ ရေရရှိရေးကိစ္စကိုသာ ဝင်ရောက်ဆောင်ရွက်နိုင်ပြီး မြေနေရာနှင့်ပတ်သက်လို့ ကုမ္ပဏီတွေဘက်က ပြောင်းရွှေ့စားရိတ်ပေးထားခဲ့ပြီးပြီလို့ ဆိုပါတယ်။ အက်ကွဲပြိုကျတော့မယ့် အိမ်တွေကို ပြန်လည်ဆောက်လုပ်ပေးဖို့ ကုမ္ပဏီနဲ့လူထုကြား သဘောတူထားပြီးသားဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #ဖားကန့် #မြေစာစွန့်ပစ်မှု #ကျောက်စိမ်းကုမ္ဗဏီ#ဆန္ဒပြ

Related posts

Leave a Comment

VOM News

FREE
VIEW