ကောလဟလနဲ့ သတင်းမှားတွေကို သတိထားဖို့ အချက်များ
” Covid-19 ကာလမှာ ကောလဟလတွေနဲ့ သတင်းအမှားတွေကို သတိထားဖို့ အရမ်းအရေးကြီးပါတယ်..” 🔘 ကိုဗစ် ၁၉ နှင့်ပတ်သက်၍ အများပြည်သူ စိုးရိမ်ထိတ်လန့်စေသည့် မမှန်သတင်းများ ဖန်တီး၊ ဖြန့်ဝေခြင်းမပြုရ (ဒေသန္တရအမိန့်) 🔘 လူမှုကွန်ယက်စာမျက်နှာတွင် လူများ၏ အကြောက်တရားကို အခြေခံပြီး စိတ်ဝင်စားမှု များများရအောင် လုပ်ကြံဖန်တီးဖြန့်ဝေသည့် သတင်းအမှားများ ယခုလို ကပ်ရောဂါဘေးကာလတွင် အများအပြား ရှိနေတာကြောင့် ဖန်တီးဖြန့်ဝေသူများကို အရေးယူနိုင်မည့် ဒေသန္တရအမိန့်ကို ထုတ်ပြန်ထားပါသည်။ 🔘 သတင်းမှားများမှ ရောဂါကာကွယ်ရေးအသိလွဲမှားကာ ရောဂါကူးစက်ခံရနိုင်တာကြောင့် မမှန်သတင်းများ ဖန်တီး၊ ဖြန့်ဝေခြင်းမပြုဘဲ မိမိနှင့် ပတ်ဝန်းကျင်ကို COVID 19 ဘေးမှ ကာကွယ်နိုင်မည်ဖြစ်ပါသည်။ သတင်းတစ်ပုဒ်ကို မျှဝေတော့မယ်ဆိုလျှင် ☑️ သတင်းရေးသူကို စိစစ်ပါ။ ☑️ ခေါင်းစဉ်တစ်ခုတည်းကိုပဲ မဖတ်ပါနဲ့။ ☑️ သတင်းကို အစအဆုံးဖတ်ပါ။ ☑️ သတင်းထုတ်ဝေတဲ့…
Read More
သတင်းတုသတင်းမှားနဲ့ အမုန်းစကားဖြန့်တာတွေ သတိထား
မန္တလေး-အောက်တိုဘာ ၂၇-၂၀၂၀ နေလင်း+ဆွေလင်းထွန်း (VOM) မြန်မာနိုင်ငံမှာ တံခါးဖွင့်မှုဝါဒကျင့်သုံးလာပြီးနောက် တယ်လီဖုန်းဆင်းကဒ်တွေဟာ လမ်းဘေးမှာ အလွယ်တကူဝယ်လာနိုင်တာမို့ တယ်လီဖုန်းသုံးနိုင်သူများပြားလာသလို ဖေ့ဘုတ်သုံးစွဲသူဟာလည်း သန်း ၂၀ ကျော်လာတယ်လို့ စောင့်ကြည့်လေ့လာသူတွေရဲ့ စာရင်းအရသိရပါတယ်။ ဒီလို လူအများသုံးစွဲလာနိုင်တာဟာ တဖက်ကကောင်းသလို အခြားတဖက်မှာလည်း အင်တာနက်နဲ့ မယဉ်ပါးသေးသူတွေ၊ ဆိုရှယ်မီဒီယာရဲ့သဘောသဘာဝကို နားလည်မှုအားနည်းသူတွေအတွက် အမှားတွေကို အလွယ်လက်ခံမိပြီး အမှန်ထင်ကာ ပြန်လည်ဖြန့်ဝေတာတွေကြောင့် မလိုလားအပ်တဲ့ ပြဿနာတွေ တက်ခဲ့တဲ့ သာဓကတွေ ရှိနေပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကျင်းပဖို့ နီးကပ်လာတာနဲ့အမျှ နိုင်ငံရေးပါတီတွေ၊ အစိုးရခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအပေါ် လူမျိုးရေး ဘာသာရေးနဲ့ ပတ်သက်တဲ့ သတင်းတု၊ သတင်းမှားတွေနဲ့ တိုက်ခိုက်တာဟာ အရင်ထက် များပြားလာပါတယ်။ သတင်းတု သတင်းမှားတွေ ပျံ့နှံ့လာတာဟာ လူမှုကွန်ယက် ဖေ့ဘုတ်သုံးစွဲမှု မြင့်တက်လာတာက အကြောင်းရင်းတခု ဖြစ်ပြီး အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ကြေညာချက်တွေကို အတုလုပ်တာတွေ၊ ပါတီတခုနဲ့ တခုကြား…
Read More
မိမိနေထိုင်ရာမြို့နယ်က ဘယ်ပါတီနဲ့ ဘယ်လွှတ်တော်ကိုယ်စားလှယ်ကို ဘယ်လိုရွေးပြီး မဲပေးမလဲ (မန္တလေး ချမ်းမြသာစည်မြို့နယ်)
မိမိနေထိုင်ရာမြို့နယ်က ဘယ်ပါတီနဲ့ ဘယ်လွှတ်တော်ကိုယ်စားလှယ်ကို ဘယ်လိုရွေးပြီး မဲပေးမလဲ (မန္တလေး ချမ်းမြသာစည်မြို့နယ်) မန္တလေး- အောက်တိုဘာ ၁၄-၂၀၂၀ ဆွေလင်းထွန်း+နေလင်း (VOM) ၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့မှာကျင်းပမယ့်ရွေးကောက်ပွဲအတွက် Voice Of Myanmar (VOM) က အချိန်ယူပြီး မဲဆန္ဒရှင်တချို့ကို ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ အသိတွေ ပြည်သူတွေဘယ်လောက်သိထားသလဲ လို့ စစ်တမ်းသဘောမျိုးမေးကြည့်တဲ့အခါ မဲပေးဖို့သာ စိတ်အားထက်သန်ကြပြီး ရွေးကောက်ပွဲကျင်းပမယ့်ရက်၊ မိမိပေးရမယ့် ပါတီရဲ့ကိုယ်စားလှယ်လောင်းကို မသိကြသူအများစုဖြစ်နေပါတယ်။ ဒါ့ကြောင့်မို့ ဒီကနေ့ မန္တလေးခရိုင် ချမ်းမြသာစည်မြို့နယ်က မဲဆန္ဒရှင်တွေအတွက် သိသင့်တဲ့ အချက်အလက်တွေကိုတင်ပြပေးလိုက်ပါတယ်။ မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်မှာနေထိုင်တဲ့ မဲဆန္ဒရှင်တွေအနေနဲ့ ရှမ်းတိုင်းသားမဟုတ်တဲ့ အခြားတိုင်းရင်းသားတွေအနေနဲ့ အမျိုးသားလွှတ်တော်အတွက် တစ်မဲ၊ ပြည်သူ့လွှတ်တော်အတွက် တစ်မဲ၊ တိုင်းဒေသကြီးလွှတ်တော်အတွက် တစ်မဲ စုစုပေါင်း မဲကဒ်ပြား ၃ခု ထုတ်ယူပြီး မိမိကြိုက်နှစ်သက်တဲ့ ပါတီနဲ့ကိုယ်စားလှယ်လောင်းရဲ့ ဘေးမှာ မဲရုံကထုတ်ပေးတဲ့…
Read More
“စွမ်းအင်လိုအပ်ချက်ကို ဘယ်လို ဖြည့်ဆည်းမလဲ”
“စွမ်းအင်လိုအပ်ချက်ကို ဘယ်လို ဖြည့်ဆည်းမလဲ” သွေး (စစ်ကိုင်း)၊ စက်တင်ဘာ ၂၅၊ ၂၀၂၀ နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု အတွက် စွမ်းအင်ရရှိရေးဟာ အထူးပဲ အရေးကြီးပါတယ်။ စွမ်းအင်ရင်းမြစ်တွေ ပိုင်ဆိုင်ထားတဲ့ ပိုင်ဆိုင်ထားတဲ့ မြန်မာနိုင်ငံမှာ စွမ်းအင်ထုတ်လုပ်ရေး အတွက် ကောင်းမွန်အဆင်ပြေတဲ့ နည်းလမ်းတွေကို ထည့်သွင်း စဉ်းစားရမှာပါ။ ပြန်ပြည့်မြဲစွမ်းအင် (Renewable Energy) ပိုထုတ်လုပ်ဖို့ ဦးတည်ကြိုးပမ်း သွားမယ် ဆိုရင် စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်သလို သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကိုပါ လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံ့လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်း ဝန်းကျင်ပဲ လျှပ်စစ်မီး ရရှိသေးတာ ဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်မှာ တစ်နိုင်ငံလုံး လျှပ်စစ်မီးရရှိဖို့ မျှော်မှန်းထားပါတယ်။ လျှပ်စစ်စွမ်းအင်ကို ရေ၊ လေ၊ ဘူမိအပူကနေ ထုတ်ယူနိုင်ပြီး လက်ရှိမှာတော့ အများဆုံး ထုတ်လုပ်နေတာက ရေအားသုံး…
Read More
ဂျုံအရုပ်ပညာနဲ့ အသက်မွေးသူ ကိုစန်းဦး
Read More
လေဖြတ်ထားသူတွေအတွက် စိတ်နဲ့ထိန်းချုပ်ပြီးလမ်းလျှောက်နိုင်မယ့် ကိရိယာတီထွင်
လန်ဒန်၊ အောက်တိုဘာ-၆-၂၀၁၉ မျိုးဆက် (VOM)   လေဖြတ်ထားသူ လူနာတွေအတွက် သူတို့ရဲ့ ဦးနောက်ကအချက်ပြလှိုင်းတွေနဲ့ ထိန်းချုပ်ပြီး လမ်းလျှောက်နိုင်မယ့် စက်ရုပ်ခြေလက်စနစ် သို့မဟုတ် Exoskeleton ကို သုတေသီတွေက အောင်မြင်စွာ တီထွင်အသုံးပြုနိုင်ပြီဖြစ်တယ်လို့ The Lancet Neurology journal ကဖော်ပြထားပါတယ်။   Exoskeleton စနစ်အတွက် နှစ်နှစ်ကြာစမ်းသပ်မှုတွေလုပ်ဆောင်ခဲ့ပြီးနောက် လေဖြတ်ထားတဲ့ လက်တွေခြေတွေကို လှုပ်ရှားသွားလာနိုင်ဖို့အတွက် ဝတ်ဆင်ထားတဲ့ စက်ရုပ်ခြေလက်တွေဆီကို အချက်ပြလှိုင်းတွေပေးဖို့အတွက် ဦးနှောက်အနီးမှာ အာရုံခံစနစ်တစ်ခုကို ထည့်သွင်းပြီး အသက် ၂၈ နှစ်အရွယ် လူနာတစ်ဦးကို ဝတ်ဆင်လမ်းလျှောက်ရာမှာ အောင်မြင်ခဲ့တာဖြစ်ပါတယ်။ ဒီစနစ်ဟာ လေဖြတ်နေတဲ့လူနာတွေအတွက် ဦးနှောက်အချက်ပြလှိုင်းကို အသုံးပြုပြီး ကွန်ပြူတာစနစ်နဲ့ပေါင်းစပ်ကာ ကူညီနိုင်ဖို့အတွက် အလွန်နီးစပ်လာတဲ့ အဆင့်တစ်ခုဖြစ်ပြီး Exoskeleton ကရှေ့ပြေးနမူနာပုံစံတစ်ခုဖြစ်တယ်လို့ စမ်းသပ်မှုမှာဦးဆောင်ပါဝင်တဲ့ သုတေသီတွေက ပြောပါတယ်။   Exoskeleton မှာ ဦးနှောက်ကအချက်ပြလှိုင်းတွေကို အာရုံခံစုစည်းပြီး…
Read More
မြန်မာယူနီကုဒ် ‌ပြောင်းလဲအသုံးပြုခြင်း မိတ်ဆက်ပွဲ မန္တလေးမှာကျင်းပ
Read More
Facebook ပို့စ်တွေမှာLike အရေအတွက်ကိုဖျောက်ထားဖို့စမ်းသပ်နေ
နယူးယောက်၊စက်တင်ဘာ-၂၇-၂၀၁၉ မျိုးဆက်(VOM)   ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့အင်စတာဂရမ်မှာလိုက်ခ်အရေအတွက်ကိုသုံးစွဲသူတွေမမြင်အောင်ဖျောက်လိုက်ပြီးနောက်ဖေ့စ်ဘွတ်ခ်ကလည်းသြစတြေးလျနိုင်ငံမှာ  ပို့စ်တွေရဲ့Like အရေအတွက်ကိုမမြင်အောင်ဖျောက်ထားတဲ့လုပ်ဆောင်ချက်ကိုစမ်းသပ်နေပါတယ်။   ဒီစမ်းသပ်မှုကြောင့်စက်တင်ဘာ၂၈ရက်ကပြီး  သြစတြေးလျရှိဖေ့စ်ဘွတ်ခ်သုံးစွဲသူအချို့ဟာအခြားသူတစ်ဦးတင်ထားတဲ့ပို့စ်တွေရဲ့Like အရေအတွက်သို့မဟုတ်Reaction  ကိုမြင်ရတော့မှာမဟုတ်ပါဘူး။   ဇူလိုင်လကတည်းကဖေ့စ်ဘွတ်ခ်ကပိုင်ဆိုင်တဲ့  အင်စတာဂရမ်မှာLike အရေအတွက်ကိုမမြင်အောင်ဖျောက်တဲ့လုပ်ဆောင်ချက်ကိုနိုင်ငံအချို့မှာစမ်းသပ်ပြီးနောက်ဖေ့စ်ဘွတ်ခ်ကလည်းအငြင်းပွားဖွယ်ရာLike ဖျောက်တဲ့လုပ်ဆောင်ချက်ကိုစမ်းသပ်နေတာဖြစ်ပါတယ်။   ဖေ့စ်ဘွတ်ခ်မှာတင်ထားတဲ့ပို့စ်တွေရဲ့Like အရေအတွက်ကိုဖျောက်ဖို့လုပ်ဆောင်မှုဟာသုံးစွဲသူတွေအကြားလူမှုဆိုင်ရာဖိအားတွေလျော့ကျစေဖို့အားထုတ်မှုတစ်ရပ်ဖြစ်တယ်လို့ဖေ့စ်ဘွတ်ခ်ကုမ္ပဏီကပြောပါတယ်။ တင်ထားတဲ့ပို့စ်တွေရဲ့Like အရေအတွက်ကိုအခြားအသုံးပြုသူတွေမမြင်ရပေမယ့်လည်းပို့စ်တင်သူကတော့မိမိပို့စ်ရှိလိုက်ခ်အရေအတွက်ကိုမြင်နိုင်မှာဖြစ်တယ်လို့ဖေ့စ်ဘွတ်ခ်ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။     Ref : BBC Photo : Getty Images   #voiceofmyanmar #facebook #like
Read More
ဟွာဝေး ထုတ်ကုန်တွေ မသုံးဖို့ ပိတ်ပင်တာကြောင့် အမေရိကန်အစိုးရကို တရားစွဲပြီ
ပေကျင်း၊ မတ်-၇၊ ၂၀၁၉ မျိုးဆက် (VOM)   ဟွာဝေးရဲ့ ထုတ်ကုန်ပစ္စည်းတွေကို အမေရိကန် အစိုးရဌာနတွေမှာ အသုံးမပြုဖို့ ကန့်သတ်လိုက်တဲ့ တားမြစ်ပိတ်ပင်မှုကြောင့် အမေရိကန်အစိုးရကို ဟွာဝေးကုမ္ပဏီက တရားစွဲဆိုလိုက်ပါတယ်။   ဟွာဝေးက အမေရိကန်အစိုးရကို တက္ကဆက်ပြည်နယ်ခရိုင်တရားရုံးမှာ တရားစွဲဆိုလိုက်တာဖြစ်ပြီး ကုမ္ပဏီဟာ တရုတ်အစိုးရပိုင် ကုမ္ပဏီမဟုတ်ကြောင်း တိုင်ကြားချက်မှာ ဟွာဝေးက ထည့်သွင်းဖော်ပြထားပါတယ်။   ကုမ္ပဏီရဲ့ ထုတ်ကုန်တွေကို  အသုံးမပြုဖို့ တားမြစ်တာနဲ့ ပတ်သက်ပြီး  အမေရိကန်ကွန်ဂရက် က သက်သေအထောက်အထား မပြသနိုင်ဘူးလို့ ဟွာဝေးကုမ္ပဏီရဲ့ ကြေညာချက်တစ်ရပ်မှာဖော်ပြပါတယ်။   အမျိုးသားလုံခြုံရေးကို အန္တရာယ်ပေးနိုင်တယ်ဆိုတဲ့  စိုးရိမ်ပူပန်မှုတွေကြောင့် ဟွာဝေးထုတ်ကုန်တွေကို အစိုးရဌာနတွေမှာ အသုံးပြုခြင်းကို အမေရိကန်က ပိတ်ပင်ထားတာဖြစ်ပြီး အဆိုပါထုတ်ကုန်တွေကို အသုံးမပြုဖို့ကိုလည်း  ၎င်းရဲ့မဟာမိတ်နိုင်ငံတွေကိုလည်း အမေရိကန်က စည်းရုံးနေပါတယ်။   ဟွာဝေးထုတ်ကုန်တွေကို ကန့်သတ်တာနဲ့  ပတ်သက်ပြီး သက်သေအထောက်အထား တစုံတရာကို ထုတ်ဖော်ပြသဖို့…
Read More
စားဝတ်နေရေးအရ Sexy မော်ဒယ်အလုပ်ကို လုပ်ရတာလို့ဆိုတဲ့ ဇာဇာထက်
ရန်ကုန် ၊ မတ် ၅ -၂၀၁၉ TGH (VOM) Sexy မော်ဒယ်အလုပ်နဲ့ အနုပညာလောကကို ၀င်တိုးခဲ့တာမဟုတ်ဘဲ မိသားစုစားဝတ်နေရေးအခြေနေအရ သာ လုပ်ဆောင်နေတာဖြစ်တယ်လို့  Sexy မော်ဒယ်ဖြစ်သူ ဇာဇာထက်က ပြောပါတယ်။ “ ဒီအလုပ်နဲ့ အနုပညာလောကတိုးဖို့မရှိဘူး။ စလုပ်ကတည်းကလည်း အဲ့ဒါကြောင့်မဟုတ်ခဲ့ဘူး။ ကျမ မိသားစုအခက်အခဲကိုဖြေရှင်းဖို့ နည်းလမ်းတစ်ခုကိုရှာခဲ့တာပါ။ သူများကိုလည်း ရှုပ်ရှုပ်ယှက်ယှက်မလုပ်ရမဲ့နည်းလမ်းတစ်ခုကိုရှာခဲ့တာဖြစ်တယ်။ ကျမအတွက်ကတော့ အနုပညာလောကကို ၀င်တိုးချင်လို့မဟုတ်ပါဘူး။ ဒီအလုပ်က  စားဝတ်နေရေး ပြေလည်ဖို့ ၊ လုပ်ချင်တာလေးတွေလုပ်နိုင်တယ်၊ ကျမ မိသားစုကို ပြန်ကြည့်နိုင်တယ်။ ဒါကြောင့် ဒီနည်းလမ်းကို ရွေးခဲ့တယ်။ ကျွန်မ သူများဝန်ထမ်းမလုပ်နိုင်ဘူး။ သူများဝန်ထမ်းက ဖိအားများ တယ်။ ဒီအလုပ်က ကျွန်မအတွက် ပိုက်ဆံပိုရတယ်။ အပြင်မှာ ရှာရတာခက်ခဲတယ် ပင်ပန်းတယ်။ ဒီအလုပ်က လွယ်လွယ်ကူကူနဲ့ပိုက်ဆံရတယ်။ အရမ်းလည်း ပိုက်ဆံရှာလို့ရတယ် ။ နောက်ပိုင်း ကျမ…
Read More
VOM News
FREE
VIEW