သတင်းတုသတင်းမှားနဲ့ အမုန်းစကားဖြန့်တာတွေ သတိထား

မန္တလေး-အောက်တိုဘာ ၂၇-၂၀၂၀
နေလင်း+ဆွေလင်းထွန်း (VOM)

မြန်မာနိုင်ငံမှာ တံခါးဖွင့်မှုဝါဒကျင့်သုံးလာပြီးနောက် တယ်လီဖုန်းဆင်းကဒ်တွေဟာ လမ်းဘေးမှာ အလွယ်တကူဝယ်လာနိုင်တာမို့ တယ်လီဖုန်းသုံးနိုင်သူများပြားလာသလို ဖေ့ဘုတ်သုံးစွဲသူဟာလည်း သန်း ၂၀ ကျော်လာတယ်လို့ စောင့်ကြည့်လေ့လာသူတွေရဲ့ စာရင်းအရသိရပါတယ်။

ဒီလို လူအများသုံးစွဲလာနိုင်တာဟာ တဖက်ကကောင်းသလို အခြားတဖက်မှာလည်း အင်တာနက်နဲ့ မယဉ်ပါးသေးသူတွေ၊ ဆိုရှယ်မီဒီယာရဲ့သဘောသဘာဝကို နားလည်မှုအားနည်းသူတွေအတွက် အမှားတွေကို အလွယ်လက်ခံမိပြီး အမှန်ထင်ကာ ပြန်လည်ဖြန့်ဝေတာတွေကြောင့် မလိုလားအပ်တဲ့ ပြဿနာတွေ တက်ခဲ့တဲ့ သာဓကတွေ ရှိနေပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကျင်းပဖို့ နီးကပ်လာတာနဲ့အမျှ နိုင်ငံရေးပါတီတွေ၊ အစိုးရခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအပေါ် လူမျိုးရေး ဘာသာရေးနဲ့ ပတ်သက်တဲ့ သတင်းတု၊ သတင်းမှားတွေနဲ့ တိုက်ခိုက်တာဟာ အရင်ထက် များပြားလာပါတယ်။

သတင်းတု သတင်းမှားတွေ ပျံ့နှံ့လာတာဟာ လူမှုကွန်ယက် ဖေ့ဘုတ်သုံးစွဲမှု မြင့်တက်လာတာက အကြောင်းရင်းတခု ဖြစ်ပြီး အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ကြေညာချက်တွေကို အတုလုပ်တာတွေ၊ ပါတီတခုနဲ့ တခုကြား သတင်းမှားတွေသုံးပြီး သပ်လျှိုတာတွေနဲ့ ကိုဗစ် ၁၉ နဲ့ ပတ်သက်တဲ့ သတင်းတု၊ သတင်းမှားတွေကို အများဆုံးတွေ့ရပါတယ်။

တချို့ဆိုရင် သတင်းဌာနပေချ်အယောင်ဆောင်ပြီး တင်ကြတာရှိသလို တချို့က လူကြိုက်များအောင် လူစိတ်ဝင်စားတဲ့အကြောင်းအရာတွေနဲ့ နာမည်ရအောင်လုပ်ပြီးမှ လူထုယုံကြည်မှုများလာတဲ့အချိန်မှာ သတင်းမှားတွေကို အမှန်နဲ့ရောထွေးတင်တာတွေလည်းတွေ့ရပါတယ်။ တခါတရံမှာ သတင်းဌာနကြီးတွေရဲ့ လိုဂိုအမှတ်အသားတွေနဲ့ သတင်းမှားတွေကို ပြန်ရေးပြီး ဖြန့်ဝေတာတွေတောင်ရှိခဲ့ပါတယ်။ တချို့ဆိုရင် သတင်းဌာနတွေက သတင်းတွေကို ကော်ပီကူးယူပြီး လိုသလို ပြန်ပြင်တင်တဲ့ သတင်းဌာနလိုလို လိုက်ခ်ပေချ်တွေလည်းတွေ့နေရလို့ သတင်းမီဒီယာကောင်စီနဲ့ပူးပေါင်းပြီး ဒီသတင်းဌာနအမည်ခံတွေက သတင်းခိုးတင်တဲ့ ပေချ်တွေဖြစ်တယ်ဆိုပြီး နာမည်ပျက်စာရင်း ကြေငြာရတာတွေလည်းရှိပါတယ်။ ဒီလို သတင်းမှားတွေ အမုန်းစကားတွေဖြန့်ဝေတာတွေကြောင့် အစိုးရက ပိတ်ဆို့လိုက်ရတဲ့ သတင်းဌာန အမည်ခံ စာမျက်နှာတွေလည်း ရှိခဲ့ပါတယ်။

သတင်းတု၊ သတင်းမှားတွေကို တုံ့ပြန်နေတဲ့ အရပ်ဖက်အဖွဲ့ Myanmar ICT for Development Organization(MIDO)ရဲ့ အစီအစဉ်မန်နေဂျာ ကိုငြိမ်းချမ်းအောင်က သူတို့ရဲ့တွေ့ရှိချက်တွေကို VOM ကို ပြောပြထားပါတယ်။

ကိုငြိမ်းချမ်းအောင်က “အရင်ကထက်စာရင် ဖေ့ဘုတ်သုံးတဲ့ လူဦးရေ တက်လာတဲ့အတွက် သတင်းတု၊ သတင်းမှား အရေအတွက်တွေဟာ အရင်ထက် ပိုများလာတာလို့ သုံးသပ်လို့ရပါတယ်။ ထုတ်ပြန်ကြေညာချက်တွေ အထူးသဖြင့် EAO တွေရဲ့ ကြေညာချက်တွေကို အတုလုပ်ပြီး EAO တွေကို တိုက်ခိုက်တာတွေ၊ ပါတီတခုနဲ့တခုကြား သပ်လျှိုတိုက်ခိုက်တာတွေ၊ ကြိုတင်မဲတွေနဲ့ပတ်သက်တဲ့ သတင်းမှားတွေ၊ ဘာသာရေးနွှယ်တဲ့ သတင်းမှား၊ ကိုဗစ် ၁၉ နဲ့ ပတ်သက်တဲ့ သတင်းမှားတွေ အတွေ့ရများပါတယ်” လို့ ပြောပါတယ်။

ခုအချိန်မှာ ရွေးကောက်ပွဲ၊ ကိုဗစ်တို့နဲ့ ပတ်သက်ပြီး သတင်းတု၊ သတင်းမှားတွေ အများဆုံး ပျံ့နှံ့နေကာ မီဒီယာသိမှူပညာအားနည်းမှု၊ သတင်းမှားတွေကို မစိစစ်တတ်တာတွေကြောင့် အများစုက သတင်းမှားတွေ ပျံ့နှံနေတာဖြစ်ပါတယ်။

သတင်းတု သတင်းမှာတွေကို တုံ့ပြန်နေတဲ့ အရပ်ဖက်အဖွဲ့ဖြစ်တဲ့ “တွေးပြီးမှယုံ” အဖွဲ့ရဲ့ သတင်းအချက်အလက်စစ်ဆေးသူ မနန်းယွန်းအိမ် ပြောပြတာက

“ခုက ရွေးကောက်ပွဲကာလလည်း ဖြစ်တယ် ကိုဗစ်ကာလလည်း ဖြစ်တဲ့အတွက် အဲ့ဒါတွေနဲ့ ပတ်သက်တဲ့ သတင်းအမှားတွေ၊ ပါတီတခုနဲ့ တခုကြား သတင်းတု၊ သတင်းမှားတွေနဲ့ တိုက်ခိုက်တာမျိုးတွေကို အများဆုံးတွေ့ရတယ်။ အများဆုံးကတော့ လူမျိုးရေး ဘာသာရေးနဲ့ ပတ်သက်ပြီး ပြောတာတွေပေါ့။ လူမှုကွန်ယက်သုံးစွဲသူတွေအနေနဲ့ မီဒီယာသိမှုပညာ အားနည်းတာ၊ သတင်းကို သူများထက်ဦးအောင်တင်ချင်တာ၊ ကိုဗစ်နဲ့ ပတ်သက်ရင်တော့ စိုးရိမ်မှုတွေကြောင့် ရှယ်ကြတာတွေက သတင်းတု၊ သတင်းမှားတွေ ပျံ့နှံ့ရတဲ့ အကြောင်းရင်း ဖြစ်တယ်” လို့ VOM ကို ပြောပါတယ်။

သတင်းတု၊ သတင်းမှားတွေကို တုံ့ပြန်ဖို့အတွက် MIDO အနေနဲ့ လူမှုကွန်ယက်က သတင်းတု၊ သတင်းမှားနဲ့ လူမှုအဖွဲ့အစည်းတွေကြားမှာ ပဋိပက္ခဖြစ်နိုင်တဲ့ အရေးအသားတွေကို စိစစ်ပြီး အများပြည်သူကို တင်ပြတာမျိုးတွေအပြင် ပြည်တွင်းက အရပ်ဖက်အဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့လည်း သတင်းတု၊ သတင်းမှားတွေကို တုံ့ပြန်နေပါတယ်။

“ငြိမ်းချမ်းရေး၊ တည်ငြိမ်အေးချမ်းရေးတွေနဲ့ ပတ်သက်တဲ့ အန္တရာယ်များတဲ့ ပြောဆိုမှုတွေကို စောင့်ကြည့်တာတွေ ရှိပါတယ်။ အစိုးရက ဖွဲ့စည်းထားတဲ့ Social Media Monitoring Team(SMMT) နဲ့ ပူးပေါင်းဆောင်ရွက်တာမရှိပေမယ့် သူတို့ ဘာတွေချပြမယ်ဆိုတာတွေတော့ စောင့်ကြည့်တာတွေ လုပ်ပါတယ်။ သတင်းတု၊ သတင်းမှားဆိုင်ရာ စစ်ဆေးတွေ့ရှိချက်တွေကို MIDO ရဲ့ ဟုတ်တယ် VS မဟုတ်ဘူးဆိုတဲ့ ဖေ့ဘုတ်ပေ့ချ်မှာ တင်ပြီး သတင်းတု၊ သတင်းမှားတွေ တုံ့ပြန်ဖို့အတွက် မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်တာမျိုးတွေနဲ့ International Fact checking network ထဲမှာ ဝင်ရောက်ဆောင်ရွက်တာမျိုးတွေ လုပ်ဆောင်နေတယ်” လို့ ကိုငြိမ်းချမ်းအောင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုဗစ် ၁၉ ကူးစက်ခံရတယ်ဆိုတဲ့ သတင်းအမှား၊ Project K အဖွဲ့က ရွှေတိဂုံဘုရားပုံရိပ်ကို နင်းပြီးကတာဟာ အပြစ်မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်ဆိုတဲ့ သတင်းအမှား၊ ကိုဗစ် ၁၉ ကူးစက်မှုကြောင့် ရန်ကုန်ကို လော့ဒေါင်းချတော့မယ် ဆိုတဲ့ သတင်းအမှား၊ NLD ကို အားပေးရမယ်လို့ SNLD ဒုဥက္ကဌ ဦးစိုင်းညွန့်လွင်ကပြောတယ်ဆိုတဲ့ သတင်းအမှားတွေ၊ နေပြည်တော်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌအိမ် ဗုံးနဲ့ထုတာမှာ ပြည်ခိုင်ဖြိုးပါတီက သိန်း ၅၀၀ ပေးပြီး ခိုင်းပါတယ်ဆိုတဲ့ သတင်းမှားတွေအပြင် AA အဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို အတုလုပ်တာ ၊ NLD ပါတီရဲ့ ထုတ်ပြန်ချက်တွေကို အတုလုပ်ပြန်ဖြန့်တာ စတဲ့ သတင်းတု၊ သတင်းမှားတွေ လူမှူကွန်ယက်မှာ ပျံ့နှံ့ခဲ့တာပါ။

အွန်လိုင်းကတွေ့တဲ့ သတင်းတွေကို မြင်တာနဲ့ မျှဝေလိုက်တာမျိုးမလုပ်ဘဲ သတင်းမှန်မမှန် ချင့်ချိန်ပြီးမှ ယုံဖို့နဲ့ ယုံကြည်ရတဲ့ သတင်းဌာနတွေမှာ တင်ထားတာရှိမရှိကို တိုက်ဆိုင်စစ်ဆေးတာမျိုးတွေ လုပ်သင့်ကြောင်းနဲ့ သတင်းမှန်ကန်မှု ရှိမရှိကို မစိစစ်နိုင်ခဲ့ရင် တွေးပြီးမှယုံ ရဲ့ ဖေ့ဘုတ်ပေ့ချ်မှာ လာရောက်မေးမြန်းနိုင်ကြောင်း အဆိုပါအဖွဲ့ရဲ့ သတင်းအချက်အလက်စစ်ဆေးသူ မနန်းယွန်းအိမ်က တိုက်တွန်းထားပါတယ်။

သတင်းတု သတင်းမှားတွေနဲ့ ပတ်သက်လို့ အလွယ်တကူခွဲခြားနိုင်ဖို့ တာချီလိတ်နယူးအေဂျင်စီက ပညာပေးအနေနဲ့ တင်ပြထားတာကို ထပ်ဆင့်ပြန်လည်မျှဝေပါရစေ။

သတင်းမှန်၊ မှား သတိထားဖို့ အချက်များ

” Covid-19 ကာလမှာ ကောလဟာလတွေနဲ့ သတင်းအမှားတွေကို သတိထားဖို့ အရမ်းအရေးကြီးပါတယ်..”
ကိုဗစ် ၁၉ နှင့်ပတ်သက်၍ အများပြည်သူ စိုးရိမ်ထိတ်လန့်စေသည့် မမှန်သတင်းများ ဖန်တီး၊ ဖြန့်ဝေခြင်းမပြုရ (ဒေသန္တရအမိန့်)
လူမှုကွန်ယက်စာမျက်နှာတွင် လူများ၏ အကြောက်တရားကို အခြေခံပြီး စိတ်ဝင်စားမှု များများရအောင် လုပ်ကြံဖန်တီးဖြန့်ဝေသည့် သတင်းအမှားများ ယခုလို ကပ်ရောဂါဘေးကာလတွင် အများအပြား ရှိနေတာကြောင့် ဖန်တီးဖြန့်ဝေသူများကို အရေးယူနိုင်မည့် ဒေသန္တရအမိန့်ကို ထုတ်ပြန်ထားပါတယ်။

သတင်းမှားတွေကနေ ရောဂါကာကွယ်ရေးအသိလွဲမှားကာ ရောဂါကူးစက်ခံရနိုင်တာကြောင့် မမှန်သတင်းများ ဖန်တီး၊ ဖြန့်ဝေခြင်းမပြုဘဲ မိမိနှင့် ပတ်ဝန်းကျင်ကို COVID 19 ဘေးမှ ကာကွယ်နိုင်မှာဖြစ်ပါတယ်။

သတင်းတစ်ပုဒ်ကို မျှဝေတော့မယ်ဆိုရင်
သတင်းရေးသူကို စိစစ်ပါ။
ခေါင်းစဉ်တစ်ခုတည်းကိုပဲ မဖတ်ပါနဲ့။
သတင်းကို အစအဆုံးဖတ်ပါ။
သတင်းထုတ်ဝေတဲ့ နေ့စွဲကို စစ်ပါ။
အလားတူဖြစ်ရပ်ကို အခြားသတင်းရင်းမြစ်များက ရေးထားသည်နှင့် နှိုင်းယှဉ်ကြည့်ပါ။
အင်တာနက်ပေါ် လျင်မြန်စွာ ဖြန့်ဝေနေတဲ့ မက်ဆေ့ချ်များ၊ အသံဖိုင်များ၊ ဗီဒီယိုနှင့် အမည်မသိ မသေချာသော ပုံများကို မမျှဝေပါနဲ့။

ဒီအချက်တွေကို သေသေချာချာလေ့လာပြီးရင် စာဖတ်သူတို့တွေ့တဲ့ သတင်းတွေအကြောင်းအရာတွေရဲ့ အမှား အမှန်ကို ခွဲခြားလာနိုင်မှာပါဖြစ်တာမို့ အသိပေးတင်ပြလိုက်ပါတယ်။

zawgy

သတင္းတုသတင္းမွားနဲ႔ အမုန္းစကားျဖန႔္တာေတြ သတိထား

မႏၲေလး-ေအာက္တိုဘာ ၂၇-၂၀၂၀
ေနလင္း+ေဆြလင္းထြန္း (VOM)

ျမန္မာႏိုင္ငံမွာ တံခါးဖြင့္မႈဝါဒက်င့္သုံးလာၿပီးေနာက္ တယ္လီဖုန္းဆင္းကဒ္ေတြဟာ လမ္းေဘးမွာ အလြယ္တကူဝယ္လာႏိုင္တာမို႔ တယ္လီဖုန္းသုံးႏိုင္သူမ်ားျပားလာသလို ေဖ့ဘုတ္သုံးစြဲသူဟာလည္း သန္း ၂၀ ေက်ာ္လာတယ္လို႔ ေစာင့္ၾကည့္ေလ့လာသူေတြရဲ႕ စာရင္းအရသိရပါတယ္။

ဒီလို လူအမ်ားသုံးစြဲလာႏိုင္တာဟာ တဖက္ကေကာင္းသလို အျခားတဖက္မွာလည္း အင္တာနက္နဲ႔ မယဥ္ပါးေသးသူေတြ၊ ဆိုရွယ္မီဒီယာရဲ႕သေဘာသဘာဝကို နားလည္မႈအားနည္းသူေတြအတြက္ အမွားေတြကို အလြယ္လက္ခံမိၿပီး အမွန္ထင္ကာ ျပန္လည္ျဖန႔္ေဝတာေတြေၾကာင့္ မလိုလားအပ္တဲ့ ျပႆနာေတြ တက္ခဲ့တဲ့ သာဓကေတြ ရွိေနပါတယ္။

၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲက်င္းပဖို႔ နီးကပ္လာတာနဲ႔အမွ် ႏိုင္ငံေရးပါတီေတြ၊ အစိုးရေခါင္းေဆာင္ေတြနဲ႔ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းေတြအေပၚ လူမ်ိဳးေရး ဘာသာေရးနဲ႔ ပတ္သက္တဲ့ သတင္းတု၊ သတင္းမွားေတြနဲ႔ တိုက္ခိုက္တာဟာ အရင္ထက္ မ်ားျပားလာပါတယ္။

သတင္းတု သတင္းမွားေတြ ပ်ံ႕ႏွံ႔လာတာဟာ လူမႈကြန္ယက္ ေဖ့ဘုတ္သုံးစြဲမႈ ျမင့္တက္လာတာက အေၾကာင္းရင္းတခု ျဖစ္ၿပီး အဖြဲ႕အစည္းေတြရဲ႕ ထုတ္ျပန္ေၾကညာခ်က္ေတြကို အတုလုပ္တာေတြ၊ ပါတီတခုနဲ႔ တခုၾကား သတင္းမွားေတြသုံးၿပီး သပ္လွ်ိဳတာေတြနဲ႔ ကိုဗစ္ ၁၉ နဲ႔ ပတ္သက္တဲ့ သတင္းတု၊ သတင္းမွားေတြကို အမ်ားဆုံးေတြ႕ရပါတယ္။

တခ်ိဳ႕ဆိုရင္ သတင္းဌာနေပခ်္အေယာင္ေဆာင္ၿပီး တင္ၾကတာရွိသလို တခ်ိဳ႕က လူႀကိဳက္မ်ားေအာင္ လူစိတ္ဝင္စားတဲ့အေၾကာင္းအရာေတြနဲ႔ နာမည္ရေအာင္လုပ္ၿပီးမွ လူထုယုံၾကည္မႈမ်ားလာတဲ့အခ်ိန္မွာ သတင္းမွားေတြကို အမွန္နဲ႔ေရာေထြးတင္တာေတြလည္းေတြ႕ရပါတယ္။ တခါတရံမွာ သတင္းဌာနႀကီးေတြရဲ႕ လိုဂိုအမွတ္အသားေတြနဲ႔ သတင္းမွားေတြကို ျပန္ေရးၿပီး ျဖန႔္ေဝတာေတြေတာင္ရွိခဲ့ပါတယ္။ တခ်ိဳ႕ဆိုရင္ သတင္းဌာနေတြက သတင္းေတြကို ေကာ္ပီကူးယူၿပီး လိုသလို ျပန္ျပင္တင္တဲ့ သတင္းဌာနလိုလို လိုက္ခ္ေပခ်္ေတြလည္းေတြ႕ေနရလို႔ သတင္းမီဒီယာေကာင္စီနဲ႔ပူးေပါင္းၿပီး ဒီသတင္းဌာနအမည္ခံေတြက သတင္းခိုးတင္တဲ့ ေပခ်္ေတြျဖစ္တယ္ဆိုၿပီး နာမည္ပ်က္စာရင္း ေၾကျငာရတာေတြလည္းရွိပါတယ္။ ဒီလို သတင္းမွားေတြ အမုန္းစကားေတြျဖန႔္ေဝတာေတြေၾကာင့္ အစိုးရက ပိတ္ဆို႔လိုက္ရတဲ့ သတင္းဌာန အမည္ခံ စာမ်က္ႏွာေတြလည္း ရွိခဲ့ပါတယ္။

သတင္းတု၊ သတင္းမွားေတြကို တုံ႔ျပန္ေနတဲ့ အရပ္ဖက္အဖြဲ႕ Myanmar ICT for Development Organization(MIDO)ရဲ႕ အစီအစဥ္မန္ေနဂ်ာ ကိုၿငိမ္းခ်မ္းေအာင္က သူတို႔ရဲ႕ေတြ႕ရွိခ်က္ေတြကို VOM ကို ေျပာျပထားပါတယ္။

ကိုၿငိမ္းခ်မ္းေအာင္က “အရင္ကထက္စာရင္ ေဖ့ဘုတ္သုံးတဲ့ လူဦးေရ တက္လာတဲ့အတြက္ သတင္းတု၊ သတင္းမွား အေရအတြက္ေတြဟာ အရင္ထက္ ပိုမ်ားလာတာလို႔ သုံးသပ္လို႔ရပါတယ္။ ထုတ္ျပန္ေၾကညာခ်က္ေတြ အထူးသျဖင့္ EAO ေတြရဲ႕ ေၾကညာခ်က္ေတြကို အတုလုပ္ၿပီး EAO ေတြကို တိုက္ခိုက္တာေတြ၊ ပါတီတခုနဲ႔တခုၾကား သပ္လွ်ိဳတိုက္ခိုက္တာေတြ၊ ႀကိဳတင္မဲေတြနဲ႔ပတ္သက္တဲ့ သတင္းမွားေတြ၊ ဘာသာေရးႏႊယ္တဲ့ သတင္းမွား၊ ကိုဗစ္ ၁၉ နဲ႔ ပတ္သက္တဲ့ သတင္းမွားေတြ အေတြ႕ရမ်ားပါတယ္” လို႔ ေျပာပါတယ္။

ခုအခ်ိန္မွာ ေ႐ြးေကာက္ပြဲ၊ ကိုဗစ္တို႔နဲ႔ ပတ္သက္ၿပီး သတင္းတု၊ သတင္းမွားေတြ အမ်ားဆုံး ပ်ံ႕ႏွံ႔ေနကာ မီဒီယာသိမႉပညာအားနည္းမႈ၊ သတင္းမွားေတြကို မစိစစ္တတ္တာေတြေၾကာင့္ အမ်ားစုက သတင္းမွားေတြ ပ်ံ႕ႏွံေနတာျဖစ္ပါတယ္။

သတင္းတု သတင္းမွာေတြကို တုံ႔ျပန္ေနတဲ့ အရပ္ဖက္အဖြဲ႕ျဖစ္တဲ့ “ေတြးၿပီးမွယုံ” အဖြဲ႕ရဲ႕ သတင္းအခ်က္အလက္စစ္ေဆးသူ မနန္းယြန္းအိမ္ ေျပာျပတာက

“ခုက ေ႐ြးေကာက္ပြဲကာလလည္း ျဖစ္တယ္ ကိုဗစ္ကာလလည္း ျဖစ္တဲ့အတြက္ အဲ့ဒါေတြနဲ႔ ပတ္သက္တဲ့ သတင္းအမွားေတြ၊ ပါတီတခုနဲ႔ တခုၾကား သတင္းတု၊ သတင္းမွားေတြနဲ႔ တိုက္ခိုက္တာမ်ိဳးေတြကို အမ်ားဆုံးေတြ႕ရတယ္။ အမ်ားဆုံးကေတာ့ လူမ်ိဳးေရး ဘာသာေရးနဲ႔ ပတ္သက္ၿပီး ေျပာတာေတြေပါ့။ လူမႈကြန္ယက္သုံးစြဲသူေတြအေနနဲ႔ မီဒီယာသိမႈပညာ အားနည္းတာ၊ သတင္းကို သူမ်ားထက္ဦးေအာင္တင္ခ်င္တာ၊ ကိုဗစ္နဲ႔ ပတ္သက္ရင္ေတာ့ စိုးရိမ္မႈေတြေၾကာင့္ ရွယ္ၾကတာေတြက သတင္းတု၊ သတင္းမွားေတြ ပ်ံ႕ႏွံ႔ရတဲ့ အေၾကာင္းရင္း ျဖစ္တယ္” လို႔ VOM ကို ေျပာပါတယ္။

သတင္းတု၊ သတင္းမွားေတြကို တုံ႔ျပန္ဖို႔အတြက္ MIDO အေနနဲ႔ လူမႈကြန္ယက္က သတင္းတု၊ သတင္းမွားနဲ႔ လူမႈအဖြဲ႕အစည္းေတြၾကားမွာ ပဋိပကၡျဖစ္ႏိုင္တဲ့ အေရးအသားေတြကို စိစစ္ၿပီး အမ်ားျပည္သူကို တင္ျပတာမ်ိဳးေတြအျပင္ ျပည္တြင္းက အရပ္ဖက္အဖြဲ႕ေတြနဲ႔ ပူးေပါင္းၿပီးေတာ့လည္း သတင္းတု၊ သတင္းမွားေတြကို တုံ႔ျပန္ေနပါတယ္။

“ၿငိမ္းခ်မ္းေရး၊ တည္ၿငိမ္ေအးခ်မ္းေရးေတြနဲ႔ ပတ္သက္တဲ့ အႏၲရာယ္မ်ားတဲ့ ေျပာဆိုမႈေတြကို ေစာင့္ၾကည့္တာေတြ ရွိပါတယ္။ အစိုးရက ဖြဲ႕စည္းထားတဲ့ Social Media Monitoring Team(SMMT) နဲ႔ ပူးေပါင္းေဆာင္႐ြက္တာမရွိေပမယ့္ သူတို႔ ဘာေတြခ်ျပမယ္ဆိုတာေတြေတာ့ ေစာင့္ၾကည့္တာေတြ လုပ္ပါတယ္။ သတင္းတု၊ သတင္းမွားဆိုင္ရာ စစ္ေဆးေတြ႕ရွိခ်က္ေတြကို MIDO ရဲ႕ ဟုတ္တယ္ VS မဟုတ္ဘူးဆိုတဲ့ ေဖ့ဘုတ္ေပ့ခ်္မွာ တင္ၿပီး သတင္းတု၊ သတင္းမွားေတြ တုံ႔ျပန္ဖို႔အတြက္ မိတ္ဖက္အဖြဲ႕အစည္းေတြနဲ႔ ပူးေပါင္းေဆာင္႐ြက္တာမ်ိဳးေတြနဲ႔ International Fact checking network ထဲမွာ ဝင္ေရာက္ေဆာင္႐ြက္တာမ်ိဳးေတြ လုပ္ေဆာင္ေနတယ္” လို႔ ကိုၿငိမ္းခ်မ္းေအာင္က ေျပာပါတယ္။

ၿပီးခဲ့တဲ့ ရက္ပိုင္းေတြအတြင္း ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ကိုဗစ္ ၁၉ ကူးစက္ခံရတယ္ဆိုတဲ့ သတင္းအမွား၊ Project K အဖြဲ႕က ေ႐ႊတိဂုံဘုရားပုံရိပ္ကို နင္းၿပီးကတာဟာ အျပစ္မရွိဘူးလို႔ ေဒၚေအာင္ဆန္းစုၾကည္က ေျပာတယ္ဆိုတဲ့ သတင္းအမွား၊ ကိုဗစ္ ၁၉ ကူးစက္မႈေၾကာင့္ ရန္ကုန္ကို ေလာ့ေဒါင္းခ်ေတာ့မယ္ ဆိုတဲ့ သတင္းအမွား၊ NLD ကို အားေပးရမယ္လို႔ SNLD ဒုဥကၠဌ ဦးစိုင္းၫြန႔္လြင္ကေျပာတယ္ဆိုတဲ့ သတင္းအမွားေတြ၊ ေနျပည္ေတာ္ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲ ဥကၠ႒အိမ္ ဗုံးနဲ႔ထုတာမွာ ျပည္ခိုင္ၿဖိဳးပါတီက သိန္း ၅၀၀ ေပးၿပီး ခိုင္းပါတယ္ဆိုတဲ့ သတင္းမွားေတြအျပင္ AA အဖြဲ႕ရဲ႕ ထုတ္ျပန္ခ်က္ကို အတုလုပ္တာ ၊ NLD ပါတီရဲ႕ ထုတ္ျပန္ခ်က္ေတြကို အတုလုပ္ျပန္ျဖန႔္တာ စတဲ့ သတင္းတု၊ သတင္းမွားေတြ လူမႉကြန္ယက္မွာ ပ်ံ႕ႏွံ႔ခဲ့တာပါ။

အြန္လိုင္းကေတြ႕တဲ့ သတင္းေတြကို ျမင္တာနဲ႔ မွ်ေဝလိုက္တာမ်ိဳးမလုပ္ဘဲ သတင္းမွန္မမွန္ ခ်င့္ခ်ိန္ၿပီးမွ ယုံဖို႔နဲ႔ ယုံၾကည္ရတဲ့ သတင္းဌာနေတြမွာ တင္ထားတာရွိမရွိကို တိုက္ဆိုင္စစ္ေဆးတာမ်ိဳးေတြ လုပ္သင့္ေၾကာင္းနဲ႔ သတင္းမွန္ကန္မႈ ရွိမရွိကို မစိစစ္ႏိုင္ခဲ့ရင္ ေတြးၿပီးမွယုံ ရဲ႕ ေဖ့ဘုတ္ေပ့ခ်္မွာ လာေရာက္ေမးျမန္းႏိုင္ေၾကာင္း အဆိုပါအဖြဲ႕ရဲ႕ သတင္းအခ်က္အလက္စစ္ေဆးသူ မနန္းယြန္းအိမ္က တိုက္တြန္းထားပါတယ္။

သတင္းတု သတင္းမွားေတြနဲ႔ ပတ္သက္လို႔ အလြယ္တကူခြဲျခားႏိုင္ဖို႔ တာခ်ီလိတ္နယူးေအဂ်င္စီက ပညာေပးအေနနဲ႔ တင္ျပထားတာကို ထပ္ဆင့္ျပန္လည္မွ်ေဝပါရေစ။
သတင္းမွန္၊ မွား သတိထားဖို႔ အခ်က္မ်ား
” Covid-19 ကာလမွာ ေကာလဟာလေတြနဲ႔ သတင္းအမွားေတြကို သတိထားဖို႔ အရမ္းအေရးႀကီးပါတယ္..”
ကိုဗစ္ ၁၉ ႏွင့္ပတ္သက္၍ အမ်ားျပည္သူ စိုးရိမ္ထိတ္လန႔္ေစသည့္ မမွန္သတင္းမ်ား ဖန္တီး၊ ျဖန႔္ေဝျခင္းမျပဳရ (ေဒသႏၲရအမိန႔္)
လူမႈကြန္ယက္စာမ်က္ႏွာတြင္ လူမ်ား၏ အေၾကာက္တရားကို အေျခခံၿပီး စိတ္ဝင္စားမႈ မ်ားမ်ားရေအာင္ လုပ္ႀကံဖန္တီးျဖန႔္ေဝသည့္ သတင္းအမွားမ်ား ယခုလို ကပ္ေရာဂါေဘးကာလတြင္ အမ်ားအျပား ရွိေနတာေၾကာင့္ ဖန္တီးျဖန႔္ေဝသူမ်ားကို အေရးယူႏိုင္မည့္ ေဒသႏၲရအမိန႔္ကို ထုတ္ျပန္ထားပါတယ္။

သတင္းမွားေတြကေန ေရာဂါကာကြယ္ေရးအသိလြဲမွားကာ ေရာဂါကူးစက္ခံရႏိုင္တာေၾကာင့္ မမွန္သတင္းမ်ား ဖန္တီး၊ ျဖန႔္ေဝျခင္းမျပဳဘဲ မိမိႏွင့္ ပတ္ဝန္းက်င္ကို COVID 19 ေဘးမွ ကာကြယ္ႏိုင္မွာျဖစ္ပါတယ္။

သတင္းတစ္ပုဒ္ကို မွ်ေဝေတာ့မယ္ဆိုရင္
သတင္းေရးသူကို စိစစ္ပါ။
ေခါင္းစဥ္တစ္ခုတည္းကိုပဲ မဖတ္ပါနဲ႔။
သတင္းကို အစအဆုံးဖတ္ပါ။
သတင္းထုတ္ေဝတဲ့ ေန႔စြဲကို စစ္ပါ။
အလားတူျဖစ္ရပ္ကို အျခားသတင္းရင္းျမစ္မ်ားက ေရးထားသည္ႏွင့္ ႏႈိင္းယွဥ္ၾကည့္ပါ။
အင္တာနက္ေပၚ လ်င္ျမန္စြာ ျဖန႔္ေဝေနတဲ့ မက္ေဆ့ခ်္မ်ား၊ အသံဖိုင္မ်ား၊ ဗီဒီယိုႏွင့္ အမည္မသိ မေသခ်ာေသာ ပုံမ်ားကို မမွ်ေဝပါနဲ႔။

ဒီအခ်က္ေတြကို ေသေသခ်ာခ်ာေလ့လာၿပီးရင္ စာဖတ္သူတို႔ေတြ႕တဲ့ သတင္းေတြအေၾကာင္းအရာေတြရဲ႕ အမွား အမွန္ကို ခြဲျခားလာႏိုင္မွာပါျဖစ္တာမို႔ အသိေပးတင္ျပလိုက္ပါတယ္။

 

Related posts

Leave a Comment

VOM News

FREE
VIEW