Read MoreCategory: နည်းပညာ
Facebook ပို့စ်တွေမှာLike အရေအတွက်ကိုဖျောက်ထားဖို့စမ်းသပ်နေ
နယူးယောက်၊စက်တင်ဘာ-၂၇-၂၀၁၉ မျိုးဆက်(VOM) ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့အင်စတာဂရမ်မှာလိုက်ခ်အရေအတွက်ကိုသုံးစွဲသူတွေမမြင်အောင်ဖျောက်လိုက်ပြီးနောက်ဖေ့စ်ဘွတ်ခ်ကလည်းသြစတြေးလျနိုင်ငံမှာ ပို့စ်တွေရဲ့Like အရေအတွက်ကိုမမြင်အောင်ဖျောက်ထားတဲ့လုပ်ဆောင်ချက်ကိုစမ်းသပ်နေပါတယ်။ ဒီစမ်းသပ်မှုကြောင့်စက်တင်ဘာ၂၈ရက်ကပြီး သြစတြေးလျရှိဖေ့စ်ဘွတ်ခ်သုံးစွဲသူအချို့ဟာအခြားသူတစ်ဦးတင်ထားတဲ့ပို့စ်တွေရဲ့Like အရေအတွက်သို့မဟုတ်Reaction ကိုမြင်ရတော့မှာမဟုတ်ပါဘူး။ ဇူလိုင်လကတည်းကဖေ့စ်ဘွတ်ခ်ကပိုင်ဆိုင်တဲ့ အင်စတာဂရမ်မှာLike အရေအတွက်ကိုမမြင်အောင်ဖျောက်တဲ့လုပ်ဆောင်ချက်ကိုနိုင်ငံအချို့မှာစမ်းသပ်ပြီးနောက်ဖေ့စ်ဘွတ်ခ်ကလည်းအငြင်းပွားဖွယ်ရာLike ဖျောက်တဲ့လုပ်ဆောင်ချက်ကိုစမ်းသပ်နေတာဖြစ်ပါတယ်။ ဖေ့စ်ဘွတ်ခ်မှာတင်ထားတဲ့ပို့စ်တွေရဲ့Like အရေအတွက်ကိုဖျောက်ဖို့လုပ်ဆောင်မှုဟာသုံးစွဲသူတွေအကြားလူမှုဆိုင်ရာဖိအားတွေလျော့ကျစေဖို့အားထုတ်မှုတစ်ရပ်ဖြစ်တယ်လို့ဖေ့စ်ဘွတ်ခ်ကုမ္ပဏီကပြောပါတယ်။ တင်ထားတဲ့ပို့စ်တွေရဲ့Like အရေအတွက်ကိုအခြားအသုံးပြုသူတွေမမြင်ရပေမယ့်လည်းပို့စ်တင်သူကတော့မိမိပို့စ်ရှိလိုက်ခ်အရေအတွက်ကိုမြင်နိုင်မှာဖြစ်တယ်လို့ဖေ့စ်ဘွတ်ခ်ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ Ref : BBC Photo : Getty Images #voiceofmyanmar #facebook #like
Read Moreဟွာဝေး ထုတ်ကုန်တွေ မသုံးဖို့ ပိတ်ပင်တာကြောင့် အမေရိကန်အစိုးရကို တရားစွဲပြီ
ပေကျင်း၊ မတ်-၇၊ ၂၀၁၉ မျိုးဆက် (VOM) ဟွာဝေးရဲ့ ထုတ်ကုန်ပစ္စည်းတွေကို အမေရိကန် အစိုးရဌာနတွေမှာ အသုံးမပြုဖို့ ကန့်သတ်လိုက်တဲ့ တားမြစ်ပိတ်ပင်မှုကြောင့် အမေရိကန်အစိုးရကို ဟွာဝေးကုမ္ပဏီက တရားစွဲဆိုလိုက်ပါတယ်။ ဟွာဝေးက အမေရိကန်အစိုးရကို တက္ကဆက်ပြည်နယ်ခရိုင်တရားရုံးမှာ တရားစွဲဆိုလိုက်တာဖြစ်ပြီး ကုမ္ပဏီဟာ တရုတ်အစိုးရပိုင် ကုမ္ပဏီမဟုတ်ကြောင်း တိုင်ကြားချက်မှာ ဟွာဝေးက ထည့်သွင်းဖော်ပြထားပါတယ်။ ကုမ္ပဏီရဲ့ ထုတ်ကုန်တွေကို အသုံးမပြုဖို့ တားမြစ်တာနဲ့ ပတ်သက်ပြီး အမေရိကန်ကွန်ဂရက် က သက်သေအထောက်အထား မပြသနိုင်ဘူးလို့ ဟွာဝေးကုမ္ပဏီရဲ့ ကြေညာချက်တစ်ရပ်မှာဖော်ပြပါတယ်။ အမျိုးသားလုံခြုံရေးကို အန္တရာယ်ပေးနိုင်တယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေကြောင့် ဟွာဝေးထုတ်ကုန်တွေကို အစိုးရဌာနတွေမှာ အသုံးပြုခြင်းကို အမေရိကန်က ပိတ်ပင်ထားတာဖြစ်ပြီး အဆိုပါထုတ်ကုန်တွေကို အသုံးမပြုဖို့ကိုလည်း ၎င်းရဲ့မဟာမိတ်နိုင်ငံတွေကိုလည်း အမေရိကန်က စည်းရုံးနေပါတယ်။ ဟွာဝေးထုတ်ကုန်တွေကို ကန့်သတ်တာနဲ့ ပတ်သက်ပြီး သက်သေအထောက်အထား တစုံတရာကို ထုတ်ဖော်ပြသဖို့…
Read Moreစားဝတ်နေရေးအရ Sexy မော်ဒယ်အလုပ်ကို လုပ်ရတာလို့ဆိုတဲ့ ဇာဇာထက်
ရန်ကုန် ၊ မတ် ၅ -၂၀၁၉ TGH (VOM) Sexy မော်ဒယ်အလုပ်နဲ့ အနုပညာလောကကို ၀င်တိုးခဲ့တာမဟုတ်ဘဲ မိသားစုစားဝတ်နေရေးအခြေနေအရ သာ လုပ်ဆောင်နေတာဖြစ်တယ်လို့ Sexy မော်ဒယ်ဖြစ်သူ ဇာဇာထက်က ပြောပါတယ်။ “ ဒီအလုပ်နဲ့ အနုပညာလောကတိုးဖို့မရှိဘူး။ စလုပ်ကတည်းကလည်း အဲ့ဒါကြောင့်မဟုတ်ခဲ့ဘူး။ ကျမ မိသားစုအခက်အခဲကိုဖြေရှင်းဖို့ နည်းလမ်းတစ်ခုကိုရှာခဲ့တာပါ။ သူများကိုလည်း ရှုပ်ရှုပ်ယှက်ယှက်မလုပ်ရမဲ့နည်းလမ်းတစ်ခုကိုရှာခဲ့တာဖြစ်တယ်။ ကျမအတွက်ကတော့ အနုပညာလောကကို ၀င်တိုးချင်လို့မဟုတ်ပါဘူး။ ဒီအလုပ်က စားဝတ်နေရေး ပြေလည်ဖို့ ၊ လုပ်ချင်တာလေးတွေလုပ်နိုင်တယ်၊ ကျမ မိသားစုကို ပြန်ကြည့်နိုင်တယ်။ ဒါကြောင့် ဒီနည်းလမ်းကို ရွေးခဲ့တယ်။ ကျွန်မ သူများဝန်ထမ်းမလုပ်နိုင်ဘူး။ သူများဝန်ထမ်းက ဖိအားများ တယ်။ ဒီအလုပ်က ကျွန်မအတွက် ပိုက်ဆံပိုရတယ်။ အပြင်မှာ ရှာရတာခက်ခဲတယ် ပင်ပန်းတယ်။ ဒီအလုပ်က လွယ်လွယ်ကူကူနဲ့ပိုက်ဆံရတယ်။ အရမ်းလည်း ပိုက်ဆံရှာလို့ရတယ် ။ နောက်ပိုင်း ကျမ…
Read Moreကွေးညွတ်နိုင်တဲ့ Galaxy Fold နဲ့ Galaxy S10 စမတ်ဖုန်းသစ်တွေ ဆမ်ဆောင်းမိတ်ဆက်
ဆန်ဖရန်စစ္စကို၊ ဖေဖော်ဝါရီ-၂၁-၂၀၁၉ မျိုးဆက် (VOM) ဆမ်ဆောင်းရဲ့ 5G ကွန်ရက်စနစ်ပါဝင်တဲ့ Galaxy S10 နဲ့ အခြား S10 စမတ်ဖုန်း သုံးလုံးကို ဖေဖော်ဝါရီ ၂၁ ရက်က မိတ်ဆက်ပြသလိုက်ပြီး ဒီပွဲမှာ ကွေးညွတ်စမတ်ဖုန်းဖြစ်တဲ့ Galaxy Fold ကိုလည်း ဆမ်ဆောင်းကုမ္ပဏီက ထုတ်ဖော်ပြသလိုက်ပါတယ်။ ကွေးညွတ်စမတ်ဖုန်းကို အစောပိုင်းက မျှော်လင့်ထားတာထက် နှစ်လစောပြီး ရောင်းချသွားမှာဖြစ်ပါတယ်။ မိတ်ဆက်လိုက်တဲ့ Galaxy S10၊ S10+ နဲ့ S10e တို့ထဲက S10e ကို ဒေါ်လာ ၁၀၇၈ နဲ့ ရောင်းချမှာဖြစ်ပြီး ကျန်စမတ်ဖုန်းအမျိုးအစားနှစ်ခုကိုတော့ ဒေါ်လာ ၁၃၀၀ ကနေ ၂၂၀၀ အကြားဈေးနှုန်းတွေနဲ့ မတ်လ ၈ ရက်ကစပြီး ရောင်းချသွားမှာဖြစ်ပါတယ်။ 5G စနစ်ပါဝင်တဲ့ Galaxy S10…
Read Moreဂျာမန်ီမှာ 5G ကွန်ရက်စနစ်အတွက် ဟွာဝေးထုတ်ကုန်တွေ ပိတ်ပင်ဖို့ စီစဉ်နေ
ဘာလင်၊ ဇန်န၀ါရီ-၂၁-၂၀၁၉ မျိုးဆက် (VOM) ဂျာမနီနိုင်ငံမှာ 5G မိုဘိုင်းကွန်ရက်စနစ်တည်ဆောက်ရာမှာ တရုတ်ကုမ္ပဏီဖြစ်တဲ့ ဟွာဝေးရဲ့ ထုတ်ကုန်တွေကို ပိတ်ပင်ဖို့နည်းလမ်းတွေကို ဂျာမနီအစိုးရက လုပ်ဆောင်နေပါတယ်။ 5G မိုဘိုင်းကွန်ရက်စနစ်အတွက် ဟွာဝေးရဲ့ ထုတ်ကုန်တွေကို တားမြစ်နိုင်ဖွယ်ရှိတဲ့ လုံခြုံရေးဆိုင်ရာ လိုအပ်ချက်နည်းလမ်းတွေကို ဂျာမနီအစိုးက ရှာဖွေနေတာဖြစ်ပါတယ်။ နိုင်ငံအတော်များများကလည်း လုံခြုံရေးစိုးရိမ်ပူပန်မှုတွေကြောင့် တရုတ်နည်းပညာ ကုမ္ပဏီ ဟွာဝေးရဲ့ ထုတ်ကုန်တွေကို အသုံးပြုတာတွေကို ရှောင်ရှားဖို့ တွန်းအားပေးနေကြပါတယ်။ 5G ကွန်ရက်စနစ်ဟာ အနာဂါတ် မိုဘိုင်းနည်းပညာအတွက် အရေးကြီးတဲ့ ခြေလှမ်းတစ်ရပ်ဖြစ်ပါတယ်။ ကမ္ဘာမှာ ဆက်သွယ်ရေးဆိုင်ရာ ထုတ်ကုန်တွေ အများအပြားထုတ်လုပ်နေတဲ့ ဟွာဝေးအနေနဲ့ ၎င်းရဲ့နည်းပညာတွေဟာ လျှို့ဝှက်ထောက်လှမ်း သတင်းယူနိုင်တယ်ဆိုတဲ့ အန္တရာယ်ရှိတယ်ဆိုပြီး နိုင်ငံအတော်များများကနေ ထုတ်ကုန်တွေသုံးစွဲဖို့ ဆန့်ကျင်တာနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီလို လျှို့ဝှက်ပြီး သတင်းအချက်အလက်ရယူနိုင်တယ်ဆိုတဲ့စွပ်စွဲချက်တွေကို ဟွာဝေးကတော့ အခိုင်အမာငြင်းဆိုထားပါတယ်။ ဂျာမနီ ဒါမှမဟုတ် ဘယ်နိုင်ငံမှာမဆို 5G မိုဘိုင်းကွန်ရက်အတွက်…
Read Moreဆမ်ဆောင်းရဲ့ ကွေးညွတ်စမတ်ဖုန်း ဒေါ်လာ ၁၇၀၀ ကျော်နဲ့ မတ်လမှာရောင်းချမည်
ဆိုးလ်၊ နိုဝင်ဘာ-၁၈ မျိုးဆက် (VOM) တောင်ကိုရီးယားအခြေစိုက် နည်းပညာ ကုမ္ပဏီ ဆမ်ဆောင်းကနေ မကြာသေးမီက ထုတ်ဖော် ကြေညာလိုက်တဲ့ ကွေးညွတ်စမတ်ဖုန်းကို ဒေါ်လာ ၁၇၇၀ နဲ့ လာမည့်နှစ် မတ်လအတွင်းမှာ ရောင်းချသွားဖို့ရှိနေပါတယ်။ အဆိုပါဖုန်းဟာ ကွေးညွတ်ပြီးခေါက်ထားတဲ့အချိန်မှာ မျက်နှာပြင်အရွယ်အစား ၄ ဒသမ ၆ လက်မရွယ်ရှိပြီး ဖြန့်လိုက်တဲ့အချိန်မှာတော့ ၇ ဒသမ ၃ လက်မအရွယ်အစားရှိကာ ဒီစမတ်ဖုန်းရဲ့ အသေးစိတ်အချက် အလက်တွေကိုတော့ ဖေဖော်ဝါရီလမှာ ကျင်းပမယ့် MWC ပွဲမှာ ကြေညာဖွယ်ရှိပါတယ်။ ဒီလို ကွေးညွတ်စမတ်ဖုန်းထုတ်လုပ်ဖို့ အတွက် လွန်ခဲ့သည့် ငါးနှစ်ကတည်းက နည်းပညာဆိုင်ရာများကို ဆမ်ဆောင်း စမ်းသပ်လုပ်ဆောင်နေခဲ့တာဖြစ်ပြီး ကမ္ဘာ့ ပထမဆုံးကွေးညွတ်စမတ်ဖုန်းအဖြစ် ထုတ်ဖော်ပြသနိုင်ဖို့ တရုတ်အခြေစိုက် ဟွာဟွေးကုမ္ပဏီနဲ့ အပြိုင်အဆိုင်လုပ်ဆောင်ခဲ့ပါတယ်။ ဒီစမတ်ဖုန်းတွေကိုတော့ Galaxy F လို့အမည်ပေးလာနိုင်ပြီး အလုံးရေ…
Read Moreမသန်စွမ်းတွေအတွက် စိတ်နဲ့ ထိန်းချုပ်နိုင်တဲ့ တီဗီ ဆမ်ဆောင်းထုတ်လုပ်မည်
ဇူးရစ်၊ နိုဝင်ဘာ-၁၂ မျိုးဆက်(VOM) ကိုယ်လက်အင်္ဂါချို့ယွင်းနေတဲ့ မသန်စွမ်းတွေအတွက် ရည်ရွယ်ပြီး စိတ်နဲ့ထိန်းချုပ်နိုင်တဲ့ နည်းပညာထည့်သွင်းထားတဲ့ တီဗီအမျိုးအစားတစ်ခုကို ဆမ်ဆောင်းက ထုတ်လုပ်သွားဖို့ လုပ်ဆောင်နေပါတယ်။ အဆိုပါ တီဗီအမျိုးအစားထုတ်လုပ်ဖို့အတွက် Project Pontis လို့အမည်ပေးထားတဲ့ စီမံကိန်းတစ်ခုကို ဆွစ်ဇာလန်နိုင်ငံအခြေစိုက် ဆမ်ဆောင်းက အဖွဲ့တဖွဲ့နဲ့ ဆွစ်ဇာလန် သိပ္ပံပညာရှင်တွေနဲ့အတူ ပူးပေါင်းပြီး လွန်ခဲ့တဲ့ သုံးလကတည်းက စမ်းသပ်မှုတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒီနည်းပညာမှာ လူ့ဦးနှောက်ရဲ့ အချက်ပြလှိုင်းတွေကို အာရုံခံနိုင်တဲ့ ဆင်ဆာတွေတပ်ဆင်ထားတဲ့ ခေါင်းစွပ်လို ကိရိယာက အချက်ပြလှိုင်းတွေကို သူနဲ့ချိတ်ဆက်ထားတဲ့ တီဗီက ဆော့ဖ်ဝဲနဲ့ ချိတ်ဆက်အလုပ်လုပ်မှာဖြစ်ပြီး မျက်လုံးအကြည့်ရဲ့ ဦးတည်ရာကို ခြေရာခံတဲ့ ကိရိယာတခုလည်း ပါဝင်ပါတယ်။ ကိုယ်အင်္ဂါမသန်စွမ်းသူတွေအနေနဲ့ ဒီတီဗီကိုအသုံးပြုရာမှာ စိတ်နဲ့ထိန်းချုပ်ပြီး ရုပ်သံလိုင်းပြောင်းတာတွေ၊ အသံအတိုးအကျယ်နဲ့ တီဗီမှာပါဝင်တဲ့ လုပ်ဆောင်ချက်တွေကို ထိန်းချုပ်နိုင်မှာဖြစ်ပြီး ပုံမှန်လူတွေလည်း ဒီနည်းပညာပေါ် စိတ်ဝင်စားမှု မြင့်တက်နေပါတယ်။ အဆိုပါတီဗီကို ၂၀၁၉ နှစ်…
Read Moreဖေ့စ်ဘွတ်ခ် မက်ဆင်ဂျာမှာ မှားပို့မိတဲ့စာတွေ ပြန်ဖျက်နိုင်တဲ့ Unsend Message လုပ်ဆောင်ချက် ထည့်သွင်းတော့မည်
ဝါရှင်တန်၊ နိုဝင်ဘာ-၁၀ မျိုးဆက် ဖေ့စ်ဘွတ်ခ်မက်ဆင်ဂျာမှာ မှာပို့မိတဲ့စာတွေကို ပြန်ဖျက်နိုင်တဲ့ Unsend Message လုပ်ဆောင်ချက်ကို ဖေ့စ်ဘွတ်ခ်က မကြာမီထည့်သွင်းတော့မှာဖြစ်ပါတယ်။ ယခင်က မက်ဆေ့ခ်ျတွေဖျက်တဲ့ လုပ်ဆောင်ချက်ဟာ ဖျက်လိုက်သူရဲ့ မက်ဆင်ဂျာမှာသာ ပျက်သွားပြီး အခြားသူရဲ့ ဘက်မှာတော့ မက်ဆေ့ခ်ျတွေ ကျန်နေဦးမှာဖြစ်ပါတယ်။ ဒါပေမယ့် အခု Unsend Message လုပ်ဆောင်ချက်ကတော့ နှစ်ဘက်လုံးရဲ့ မက်ဆင်ဂျာမှာပါ မှားပို့မိတာတွေ ပျက်သွားမှာဖြစ်ပြီး အချိန် ဆယ်မိနစ်အတွင်း ပို့ထားတဲ့ မက်ဆေ့ခ်ျတွေကိုသာ ဖျက်နိုင်မှာဖြစ်ပါတယ်။ ဒီလိုလုပ် လုပ်ဆောင်ချက်ကိုGoogle ကလည်း သူ့ရဲ့ Gmail ၀န်ဆောင်မှု မှာ အချိန်အနည်းငယ်အတွင်း ပို့ပြီးသား အီးမေးလ်တွေကို ပြန်ဖျက်နိုင်တဲ့ Undo လုပ်ဆောင်ချက်ထည့်သွင်းထားပြီး ဖေ့စ်ဘွတ်ခ်ရဲ့ Whatapp မှာတော့ တစ်နာရီအတွင်း ပေးပို့ထားတဲ့ မက်ဆေ့ခ်ျတွေကို ဖျက်နိုင်ပါတယ်။ မကြာမီမှာ ထည့်သွင်းတော့မယ့် ဖေ့စ်ဘွတ်ခ်ရဲ့ Unsend…
Read Moreကမ္ဘာ့ပထမဆုံး ဥာဏ်ရည်တု နည်းပညာသုံး သတင်းတင်ဆက်သူ ဖန်တီး
ပေကျင်း၊ နိုဝင်ဘာ-၉ ။ ၂၀၁၈ မျိုးဆက် (Voice Of Myanmar) ဥာဏ်ရည်တုနည်းပညာကို အသုံးပြုပြီး သတင်းဖတ်ကြားတင်ဆက်ပေးနိုင်တဲ့ ပုံရိပ်ယောင် သတင်းကြေညာ သူနှစ်ဦးကို ကမ္ဘာ့မှာ ပထမဆုံးအဖြစ် တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ဖန်တီးလိုက်ပါတယ်။ အဆိုပါသတင်းကြေညာသူနှစ်ဦးအနက် တစ်ဦးကတော့ အင်္ဂလိပ်ဘာသာနဲ့ ကြေညာနိုင်ပြီး ကျန်တစ်ဦးမှာ တရုတ်ဘာသာ စကားတို့နဲ့ သတင်းကြေညာနိုင်မှာဖြစ်ကာ ဥာဏ်ရည်တုနည်းပညာနဲ့အတူ လူသား အစီအစဉ်တင်ဆက်သူတစ်ဦးလိုပင် ရုပ်ပုံနှင့် အသံတို့ကို ပေါင်းစပ်ဖန်တီးထားပါတယ်။ ဒီနည်းပညာကိုတော့ တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ်မှာ ကျင်းပနေတဲ့ ငါးကြိမ်မြောက် ကမ္ဘာ့အင်တာနက် ညီလာခံမှာ ကမ္ဘာ့ပထမဆုံး အသိဉာဏ်တု သတင်းကြေညာသူ “He” ကို ပွဲထုတ်ပြလိုက်တာ ဖြစ်ပါတယ်။ အဆိုပါ ဥာဏ်ရည်တုနည်းပညာသုံး သတင်းတင်ဆက်သူဟာ ကမ္ဘာပေါ်မှာ ပထမဆုံးဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနက ပြောဆိုလိုက်ပြီး He လို့ အမည်ပေးထားတဲ့ သတင်းတင်ဆက်သူကို သတင်းအဖွဲ့မှာ ပုံမှန်အဖွဲ့ဝင်တစ်ဦးအဖြစ်…
Read More