ကမ္ဘာ့ပထမဆုံး ဥာဏ်ရည်တု နည်းပညာသုံး သတင်းတင်ဆက်သူ ဖန်တီး

ပေကျင်း၊ နိုဝင်ဘာ-၉ ။ ၂၀၁၈ မျိုးဆက် (Voice Of Myanmar) ဥာဏ်ရည်တုနည်းပညာကို အသုံးပြုပြီး သတင်းဖတ်ကြားတင်ဆက်ပေးနိုင်တဲ့ ပုံရိပ်ယောင် သတင်းကြေညာ သူနှစ်ဦးကို ကမ္ဘာ့မှာ ပထမဆုံးအဖြစ် တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ဖန်တီးလိုက်ပါတယ်။ အဆိုပါသတင်းကြေညာသူနှစ်ဦးအနက် တစ်ဦးကတော့ အင်္ဂလိပ်ဘာသာနဲ့ ကြေညာနိုင်ပြီး ကျန်တစ်ဦးမှာ တရုတ်ဘာသာ စကားတို့နဲ့ သတင်းကြေညာနိုင်မှာဖြစ်ကာ ဥာဏ်ရည်တုနည်းပညာနဲ့အတူ လူသား အစီအစဉ်တင်ဆက်သူတစ်ဦးလိုပင် ရုပ်ပုံနှင့် အသံတို့ကို ပေါင်းစပ်ဖန်တီးထားပါတယ်။ ဒီနည်းပညာကိုတော့ တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ်မှာ ကျင်းပနေတဲ့ ငါးကြိမ်မြောက် ကမ္ဘာ့အင်တာနက် ညီလာခံမှာ ကမ္ဘာ့ပထမဆုံး အသိဉာဏ်တု သတင်းကြေညာသူ “He” ကို ပွဲထုတ်ပြလိုက်တာ ဖြစ်ပါတယ်။ အဆိုပါ ဥာဏ်ရည်တုနည်းပညာသုံး သတင်းတင်ဆက်သူဟာ ကမ္ဘာပေါ်မှာ ပထမဆုံးဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနက ပြောဆိုလိုက်ပြီး He လို့ အမည်ပေးထားတဲ့ သတင်းတင်ဆက်သူကို သတင်းအဖွဲ့မှာ ပုံမှန်အဖွဲ့ဝင်တစ်ဦးအဖြစ်…

Read More

ဆမ်ဆောင်းရဲ့ ပထမဆုံး ကွေးညွတ်စမတ်ဖုန်း မိတ်ဆက်

ဆန်ဖရန်စစ္စကို၊ နိုဝင်ဘာ-၇၊ ၂၀၁၈ မျိုးဆက်   တောင်ကိုရီးယားအခြေစိုက် နည်းပညာကုမဏီတစ်ခုဖြစ်တဲ့ ဆမ်ဆောင်းကနေ ထုတ်လုပ်လိုက်တဲ့ ကွေးညွတ်နိုင်တဲ့ စမတ်ဖုန်းကို နိုဝင်ဘာ ၇ ရက်က ဆန်ဖရန်စစ္စကိုမှာ  ပြုလုပ်တဲ့  ကုမဏီအခမ်းအနားတစ်ခုမှာ မိတ်ဆက်ပြသလိုက်ပါတယ်။ ဒီစမတ်ရဲ့ မျက်နှာပြင်နည်းပညာဟာ  အနာဂါတ်စမတ်ဖုန်းနည်းပညာတွေအတွက် အခြေခံအုတ်မြစ်ဖြစ်ကြောင်း နဲ့ လာမည့်လအနည်းငယ်အတွင်း စတင်ထုတ်လုပ်ဖို့ ရည်ရွယ်ထားတယ်လို့ ဆမ်ဆောင်းက ထုတ်ဖော်ပြောဆိုပါတယ်။ ဆမ်ဆောင်းကမိတ်ဆက်ပြသလိုက်တဲ့ ကွေးညွတ်နိုင်တဲ့ စမတ်ဖုန်းဟာ ဖြန့်ထားပါက  ၇ ဒသမ ၃ လက်မအရွယ် တက်ဘလက် အရွယ်ရှိပြီး၊ ကွေးညွတ်ပြီးခေါက်ထားရင် အိပ်ဆောင်အရွယ်အစားအဖြစ်ပြောင်းလဲသွားမှာဖြစ်သလို၊ မျက်နှာပြင်အခြားဘက်တစ်ခြမ်းကို ခေါက်ထားရင်းနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒီလို ကွေးညွတ်စမတ်ဖုန်းထုတ်လုပ်ဖို့ အတွက် လွန်ခဲ့သည့် ငါးနှစ်ကတည်းက နည်းပညာဆိုင်ရာများကို ဆမ်ဆောင်း စမ်းသပ်လုပ်ဆောင်နေခဲ့တာဖြစ်ပြီး ကမ္ဘာ့ ပထမဆုံးကွေးညွတ် ခေါက်ထားနိုင်တဲ့ စမတ်ဖုန်းအဖြစ် ထုတ်ဖော်ပြသနိုင်ဖို့ တရုတ်အခြေစိုက် ဟွာဟွေးကုမဏီနဲ့ အပြိုင်အဆိုင်လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမယ့်…

Read More
✕
VOM News

FREE
VIEW