ဆမ်ဆောင်းရဲ့ ပထမဆုံး ကွေးညွတ်စမတ်ဖုန်း မိတ်ဆက်

ဆန်ဖရန်စစ္စကို၊ နိုဝင်ဘာ-၇၊ ၂၀၁၈

မျိုးဆက်

 

တောင်ကိုရီးယားအခြေစိုက် နည်းပညာကုမဏီတစ်ခုဖြစ်တဲ့ ဆမ်ဆောင်းကနေ ထုတ်လုပ်လိုက်တဲ့ ကွေးညွတ်နိုင်တဲ့ စမတ်ဖုန်းကို နိုဝင်ဘာ ၇ ရက်က ဆန်ဖရန်စစ္စကိုမှာ  ပြုလုပ်တဲ့  ကုမဏီအခမ်းအနားတစ်ခုမှာ မိတ်ဆက်ပြသလိုက်ပါတယ်။

ဒီစမတ်ရဲ့ မျက်နှာပြင်နည်းပညာဟာ  အနာဂါတ်စမတ်ဖုန်းနည်းပညာတွေအတွက် အခြေခံအုတ်မြစ်ဖြစ်ကြောင်း နဲ့ လာမည့်လအနည်းငယ်အတွင်း စတင်ထုတ်လုပ်ဖို့ ရည်ရွယ်ထားတယ်လို့ ဆမ်ဆောင်းက ထုတ်ဖော်ပြောဆိုပါတယ်။

ဆမ်ဆောင်းကမိတ်ဆက်ပြသလိုက်တဲ့ ကွေးညွတ်နိုင်တဲ့ စမတ်ဖုန်းဟာ ဖြန့်ထားပါက  ၇ ဒသမ ၃ လက်မအရွယ် တက်ဘလက် အရွယ်ရှိပြီး၊ ကွေးညွတ်ပြီးခေါက်ထားရင် အိပ်ဆောင်အရွယ်အစားအဖြစ်ပြောင်းလဲသွားမှာဖြစ်သလို၊ မျက်နှာပြင်အခြားဘက်တစ်ခြမ်းကို ခေါက်ထားရင်းနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ဒီလို ကွေးညွတ်စမတ်ဖုန်းထုတ်လုပ်ဖို့ အတွက် လွန်ခဲ့သည့် ငါးနှစ်ကတည်းက နည်းပညာဆိုင်ရာများကို ဆမ်ဆောင်း စမ်းသပ်လုပ်ဆောင်နေခဲ့တာဖြစ်ပြီး ကမ္ဘာ့ ပထမဆုံးကွေးညွတ် ခေါက်ထားနိုင်တဲ့ စမတ်ဖုန်းအဖြစ် ထုတ်ဖော်ပြသနိုင်ဖို့ တရုတ်အခြေစိုက် ဟွာဟွေးကုမဏီနဲ့ အပြိုင်အဆိုင်လုပ်ဆောင်ခဲ့ပါတယ်။

ဒါပေမယ့် လွန်ခဲ့တဲ့ သီတင်းပတ်က  Royole ကုမဏီကနေ သူ့ရဲ့ကွေးညွတ်စမတ်ဖုန်းကို မိတ်ဆက်လိုက်ချိန်မှာတော့ ကွေးညွတ်စမတ်ဖုန်း ပထမဆုံး ထုတ်ဖော်ပြသဖို့ ဆန္ဒရှိနေတဲ့ ဆမ်ဆောင်းနဲ့ ဟွာဟွေးတို့ရဲ့ အစီအစဉ်တွေ နောက်ကောက်ကျခဲ့ပါတယ်။

ကိုးကား – BBC/ The Verge

Photo-Samsung

 

Related posts

Leave a Comment

VOM News

FREE
VIEW