ရာထူးတိုး တန်းစီဇယားကို တက္ကသိုလ် ဆရာ/ဆရာမများ ကန့်ကွက်

နိုဝင်ဘာ ၈၊ ၂၀၁၈ Voice Of Myanmar   တက္ကသိုလ် ဆရာ / ဆရာမတွေကို ရာထူးတိုးခန့်ထားရေးမှာ တန်းစီဇယား စနစ်ကို သုံးစွဲတာဟာ တရားမျှတမှုမရှိဘူးဆိုပြီး ဒီစနစ်ကို တက္ကသိုလ်များ သမဂ္ဂကနေ ဒီနေ့ နိုဝင်ဘာ ၈ ရက်နေ့မှာ ထုတ်ပြန်ချက်တစောင် ထုတ်ပြီး ကန့်ကွက်လိုက်ပါတယ်။ ရတနာပုံ တက္ကသိုလ်၊ မန္တလေး တက္ကသိုလ်၊ မကွေးတက္ကသိုလ်၊ တောင်ကြီး တက္ကသိုလ်၊ ရွှေဘိုတက္ကသိုလ်တွေက ဆရာများ သမဂ္ဂတွေက ပူးပေါင်းပြီး ထုတ်ပြန်လိုက်တဲ့ ဒီစာမှာ ပညာရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ရာထူးတိုး တန်းစီဇယားဟာ နိုင်ငံ့ဝန်ထမ်းဥပဒေနဲ့ မကိုက်ညီသလို အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်းနဲ့လည်း ကွဲလွဲနေတယ်လို့ ဆိုပါတယ်။ “ကျနော်တို့ သမဂ္ဂတွေနဲ့ ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ ဒီကိစ္စ ဆွေးနွေးကြတုန်းက ပြေလည်ပြီးသားဖြစ်ပေမယ့် အခုကျတော့ ဆွေးနွေးခဲ့တာတွေနဲ့…

Read More

ပလိပ်​ချည်မျှင်​စက်​ရုံ အလုပ်​သမား ​ခေါင်း​ဆောင်​(၄)ဦး တရားစွဲခံရ

ပလိပ်။ နိုဝင်ဘာ ၈၊ ၂၀၁၈ ဟိန်းကို (VOM)   ပလိပ်​ပန်​ဒါချည်​မျှင်​စက်​ရုံက​နေ အလုပ်​ထုတ်​ခံရသူတွေအရေး မန္တ​လေးတိုင်းအစိုးရအဖွဲ့ရုံး​ကို သွားပြီး ​ဆွေး​နွေးမယ့် အလုပ်သမားတွေကို ပလိပ်နယ်မြေရဲစခန်းက တားဆီးထားပြီး အလုပ်သမား ခေါင်းဆောင်ထဲက ၃ ဦးကို ဒီနေ့ မနက်က ထိန်းသိမ်းထားခဲ့ပါတယ်။ သူတို့ ၃ ဦးကို မလွှတ်ပေးတဲ့အတွက် မန္တလေးကိုသွားမယ့် အလုပ်သမား ၁၀၀ နီးပါးဟာ ပလိပ်နယ်မြေရဲစခန်းရှေ့မှာပဲ ထိုင်သပိတ်လုပ်ခဲ့ပါတယ်။ ထိန်းသိမ်းခံရသူ ၃ ယောက်ကို ညနေပိုင်းမှာ ပြန်လွှတ်ပေးခဲ့ပေမယ့် ပလိပ်မြို့နယ် ရဲစခန်းမှူးက တရားလိုလုပ်ပြီး သူတို့ ၃ ဦးအပါအဝင် အလုပ်သမား ခေါင်းဆောင် ၄ ဦးကို ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈၊ ပုဒ်မ ၁၉ တွေနဲ့ တရားစွဲဆိုခဲ့ပါတယ်။ တရားစွဲဆိုခံရသူတွေကတော့ ခေတ္တထိန်းသိမ်းခံခဲ့ရတဲ့ ကိုဝင်းထွန်းညွန့်၊ ကိုဌေးအောင်၊…

Read More

ကျောက္ကာရေနံချက်ဖိုတွင် ဂဟေဆက်နေသူတဦး ပေါက်ကွဲမှုကြောင့် သေဆုံး။

မုံရွာ။ နိုဝင်ဘာ ၈၊ ၂၀၁၈ ဗျဂ္ဃ (Voice Of Myanmar)   စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကျောက္ကာမြောက်ရွာ ရေနံချက်ဖိုတခုတွင် ရေနံစည်အဟောင်း အောက်ပိုင်းကို ဂဟေဆက်နေသူတဦး ရေနံအကြွင်းအကျန်နဲ့ ဂဟေမီးတွေ့ပြီး မီးလောင်ကာ ပေါက်ကွဲလွင့်ထွက်လို့ သေဆုံးမှု နိုဝင်ဘာလ ၈ ရက်နေ့ မနက်ပိုင်းက ဖြစ်ပေါ်ခဲ့ပါတယ်။ “ရန်ကုန်တိုင်း ဒေါပုံမြို့နယ်ကလာပြီး အလုပ်လုပ်နေတဲ့ သေဆုံးသူ ကိုဇေယျာမင်း (၃၁ နှစ်)၊ အလုံမြို့နယ်ကလာတဲ့ ကိုနေလင်းအောင် (၂၅ နှစ်)၊ လှိုင်သာယာမြို့နယ်က လာတဲ့ ကိုနိုင်ဝင်း (၃၄ နှစ်)တို့က ဦးမြင့်သူရဲ့ ချက်ဖိုအဟောင်း အလျား ၁၇ ပေ၊ အနံ ၈ ပေ ၃လက်မရဲ့ အောက်ခြေကို ဂတ်စ်မီးနဲ့ ဖြတ်နေတုန်း ၃ ပေလောက်ဖြတ်ပြီးချိန်မှာ ဖိုအဟောင်းရဲ့ အောက်ခြေကျန် ဆီငွေ့နဲ့ ဖြတ်နေတဲ့…

Read More

ကျောက်ဆည်မြို့တွင် သက်ငယ်မုဒိန်းတခု ဖြစ်ပွား

ကျောက်ဆည်။ နိုဝင်ဘာ ၈၊ ၂၀၁၈ မောင်တာရာ (VOM) မန္တလေးတိုင်း၊ ကျောက်ဆည်မြို့ မြောင်းဦးကျေးရွာမှာ (၉)တန်းကျောင်းသူကို အဓမ္မပြု ကျင့်မှု ယခုလ ၆ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း ကျောက်ဆည်မြို့ မရဲစခန်းက သိရပါတယ်။ မြောင်းဦးကျေးရွာနေ အဆိုပါ ၉ တန်းကျောင်းသူဟာ နေအိမ်ခြံဝန်းအတွင်းရှိ  အိမ်သာတက်ရန် တစ်ဦးတည်းသွားစဉ်  ခြံစည်းရိုးအစပ် အိမ်သာနားအရောက် တမုတ်မြောင်းဘောင်းဘက်ကနေ သူ့ကိုလှမ်းခေါ်တဲ့ အတွက်   သွားကြည့်ရာ တစ်ရွာတည်းနေ ဦးဖိုးဆောင် အသက် (၅၀) နှစ်ကို တွေ့ရှိရပြီး ဦးဖိုးဆောင်က သူမကို လက်ဆွဲခေါ်သွားပြီး နေအိမ်ခြံစည်းရိုး နဲ့ တမုတ်မြောင်းဘောင်ကြားထဲမှာ အော်ရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်ပြောဆိုပြီး သားမယားပြုကျင့်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအဖြစ်အပျက်ကို မောင်နှမဝမ်းကွဲတော်စပ်သူက တွေ့ရှိပြီး  “င့ါ ညီမကို ဘာလုပ်တာလဲ “ဟု  အော်ပြောတဲ့အခါ ဦးဖိုးဆောင်ဟာ  ထွက်ပြေးသွားတယ်လို့ သိရပါတယ်။…

Read More

ဆမ်ဆောင်းရဲ့ ပထမဆုံး ကွေးညွတ်စမတ်ဖုန်း မိတ်ဆက်

ဆန်ဖရန်စစ္စကို၊ နိုဝင်ဘာ-၇၊ ၂၀၁၈ မျိုးဆက်   တောင်ကိုရီးယားအခြေစိုက် နည်းပညာကုမဏီတစ်ခုဖြစ်တဲ့ ဆမ်ဆောင်းကနေ ထုတ်လုပ်လိုက်တဲ့ ကွေးညွတ်နိုင်တဲ့ စမတ်ဖုန်းကို နိုဝင်ဘာ ၇ ရက်က ဆန်ဖရန်စစ္စကိုမှာ  ပြုလုပ်တဲ့  ကုမဏီအခမ်းအနားတစ်ခုမှာ မိတ်ဆက်ပြသလိုက်ပါတယ်။ ဒီစမတ်ရဲ့ မျက်နှာပြင်နည်းပညာဟာ  အနာဂါတ်စမတ်ဖုန်းနည်းပညာတွေအတွက် အခြေခံအုတ်မြစ်ဖြစ်ကြောင်း နဲ့ လာမည့်လအနည်းငယ်အတွင်း စတင်ထုတ်လုပ်ဖို့ ရည်ရွယ်ထားတယ်လို့ ဆမ်ဆောင်းက ထုတ်ဖော်ပြောဆိုပါတယ်။ ဆမ်ဆောင်းကမိတ်ဆက်ပြသလိုက်တဲ့ ကွေးညွတ်နိုင်တဲ့ စမတ်ဖုန်းဟာ ဖြန့်ထားပါက  ၇ ဒသမ ၃ လက်မအရွယ် တက်ဘလက် အရွယ်ရှိပြီး၊ ကွေးညွတ်ပြီးခေါက်ထားရင် အိပ်ဆောင်အရွယ်အစားအဖြစ်ပြောင်းလဲသွားမှာဖြစ်သလို၊ မျက်နှာပြင်အခြားဘက်တစ်ခြမ်းကို ခေါက်ထားရင်းနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒီလို ကွေးညွတ်စမတ်ဖုန်းထုတ်လုပ်ဖို့ အတွက် လွန်ခဲ့သည့် ငါးနှစ်ကတည်းက နည်းပညာဆိုင်ရာများကို ဆမ်ဆောင်း စမ်းသပ်လုပ်ဆောင်နေခဲ့တာဖြစ်ပြီး ကမ္ဘာ့ ပထမဆုံးကွေးညွတ် ခေါက်ထားနိုင်တဲ့ စမတ်ဖုန်းအဖြစ် ထုတ်ဖော်ပြသနိုင်ဖို့ တရုတ်အခြေစိုက် ဟွာဟွေးကုမဏီနဲ့ အပြိုင်အဆိုင်လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမယ့်…

Read More

အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲ လာမယ့်နှစ်ဆန်းပိုင်းမှာ ပြုလုပ်ဖွယ်ရှိ

ဝါရှင်တန်၊ နိုဝင်ဘာ ၈၊ ၂၀၁၈ မျိုးဆက် အမေရိကန်-မြောက်ကိုရီးယား ဒုတိယအကြိမ်ထပ်သီးဆွေးနွေးပွဲ အဖြစ် လာမည့်နှစ်ဆန်းပိုင်းမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နဲ့ တွေ့ဆုံဖို့ မျှော်လင့်ထားတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောဆိုလိုက်ပါတယ်။ ဒီလိုတွေ့ဆုံနိုင်ဖို့အတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုနဲ့ မြောက်ကိုရီးယားတာဝန်ရှိသူတွေဟာ ထိပ်သီးဆွေးနွေးပွဲပြုလုပ်မယ့် နေရာနဲ့ အစီအစဉ်တွေကို ဆွေးနွေးကြလိမ့်မယ်လို့ ၎င်းက ပြောပါတယ်။ ဒါပေမယ့် ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားစွန့်လွှတ်ရေး တိုးတက်ဖြစ်ထွန်းဖို့အတွက် ထရန့်နဲ့ ကင်ဂျုံအန်တို့ရဲ့ ဒုတိယအကြိမ်ထိပ်သီးဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး  အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ မြောက်ကိုရီးယား ထိပ်တန်းတာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ကင်ယုံချောတို့ နိုဝင်ဘာ ၈ ရက်မှာ နယူးယောက်မှာတွေ့ဆုံဆွေးနွေးမယ့်အစီအစဉ်ကိုတော့ ရုတ်တရက်ဖျက်သိမ်းလိုက်ပါတယ်။ ဒီလိုဖျက်သိမ်းလိုက်တာကို နိုဝင်ဘာ ၇ ရက်အစောပိုင်းက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာခဲ့တာဖြစ်ပြီး အကြောင်းပြချက်ပေးခဲ့ခြင်းမရှိပါဘူး။ ဒီလိုဆွေးနွေးပွဲ ဖျက်သိမ်းလိုက်တာနဲ့ ပတ်သက်ပြီး နျူကလီးယားစွန့်လွှတ်ရေး တွေ့ဆုံဆွေးနွေးပွဲတွေ ပျက်ပြားနိုင်တယ်ဆိုတဲ စိုးရိမ်ပူပန်မှုတွေလည်း မြင့်တက်နေပေမယ့် တွေ့ဆုံမယ့်နေရက်အချိန်ကို…

Read More
VOM News

FREE
VIEW