ကျောက်ဆည်မြို့တွင် သက်ငယ်မုဒိန်းတခု ဖြစ်ပွား

ကျောက်ဆည်။ နိုဝင်ဘာ ၈၊ ၂၀၁၈

မောင်တာရာ (VOM)

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့ မြောင်းဦးကျေးရွာမှာ (၉)တန်းကျောင်းသူကို အဓမ္မပြု ကျင့်မှု ယခုလ ၆ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း ကျောက်ဆည်မြို့ မရဲစခန်းက သိရပါတယ်။

မြောင်းဦးကျေးရွာနေ အဆိုပါ ၉ တန်းကျောင်းသူဟာ နေအိမ်ခြံဝန်းအတွင်းရှိ  အိမ်သာတက်ရန် တစ်ဦးတည်းသွားစဉ်  ခြံစည်းရိုးအစပ် အိမ်သာနားအရောက် တမုတ်မြောင်းဘောင်းဘက်ကနေ သူ့ကိုလှမ်းခေါ်တဲ့ အတွက်   သွားကြည့်ရာ တစ်ရွာတည်းနေ ဦးဖိုးဆောင် အသက် (၅၀) နှစ်ကို တွေ့ရှိရပြီး ဦးဖိုးဆောင်က သူမကို လက်ဆွဲခေါ်သွားပြီး နေအိမ်ခြံစည်းရိုး နဲ့ တမုတ်မြောင်းဘောင်ကြားထဲမှာ အော်ရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်ပြောဆိုပြီး သားမယားပြုကျင့်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီအဖြစ်အပျက်ကို မောင်နှမဝမ်းကွဲတော်စပ်သူက တွေ့ရှိပြီး  “င့ါ ညီမကို ဘာလုပ်တာလဲ “ဟု  အော်ပြောတဲ့အခါ ဦးဖိုးဆောင်ဟာ  ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

အဲဒီ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဦးဖိုးဆောင်ကို ကျောက်ဆည်မြို့မ ရဲစခန်းက (ပ)၉၀၉ /၂၀၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ အရ အမှုဖွင့်ထားပြီး ပြစ်မှုကျူးလွန်းသူကို ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

Related posts

✕
VOM News

FREE
VIEW