အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲ လာမယ့်နှစ်ဆန်းပိုင်းမှာ ပြုလုပ်ဖွယ်ရှိ

ဝါရှင်တန်၊ နိုဝင်ဘာ ၈၊ ၂၀၁၈

မျိုးဆက်

အမေရိကန်-မြောက်ကိုရီးယား ဒုတိယအကြိမ်ထပ်သီးဆွေးနွေးပွဲ အဖြစ် လာမည့်နှစ်ဆန်းပိုင်းမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နဲ့ တွေ့ဆုံဖို့ မျှော်လင့်ထားတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောဆိုလိုက်ပါတယ်။

ဒီလိုတွေ့ဆုံနိုင်ဖို့အတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုနဲ့ မြောက်ကိုရီးယားတာဝန်ရှိသူတွေဟာ ထိပ်သီးဆွေးနွေးပွဲပြုလုပ်မယ့် နေရာနဲ့ အစီအစဉ်တွေကို ဆွေးနွေးကြလိမ့်မယ်လို့ ၎င်းက ပြောပါတယ်။

ဒါပေမယ့် ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားစွန့်လွှတ်ရေး တိုးတက်ဖြစ်ထွန်းဖို့အတွက် ထရန့်နဲ့ ကင်ဂျုံအန်တို့ရဲ့ ဒုတိယအကြိမ်ထိပ်သီးဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး  အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ မြောက်ကိုရီးယား ထိပ်တန်းတာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ကင်ယုံချောတို့ နိုဝင်ဘာ ၈ ရက်မှာ နယူးယောက်မှာတွေ့ဆုံဆွေးနွေးမယ့်အစီအစဉ်ကိုတော့ ရုတ်တရက်ဖျက်သိမ်းလိုက်ပါတယ်။

ဒီလိုဖျက်သိမ်းလိုက်တာကို နိုဝင်ဘာ ၇ ရက်အစောပိုင်းက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာခဲ့တာဖြစ်ပြီး အကြောင်းပြချက်ပေးခဲ့ခြင်းမရှိပါဘူး။ ဒီလိုဆွေးနွေးပွဲ ဖျက်သိမ်းလိုက်တာနဲ့ ပတ်သက်ပြီး နျူကလီးယားစွန့်လွှတ်ရေး တွေ့ဆုံဆွေးနွေးပွဲတွေ ပျက်ပြားနိုင်တယ်ဆိုတဲ စိုးရိမ်ပူပန်မှုတွေလည်း မြင့်တက်နေပေမယ့် တွေ့ဆုံမယ့်နေရက်အချိန်ကို ပြန်ပြီးစီစဉ်မယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုပါတယ်။

မြောက်ကိုရီးယားနဲ့အတူ နျူကလီးယားစွန့်လွှတ်ရေး လုပ်ဆောင်မှုတွေ အတွက် အလွန်ပျှော်ရွှင်မိကြောင်း၊ အခြေအနေအားလုံးကောင်းမွန်နေတယ်လို့ ထင်မြင်ကြောင်းနဲ့ မိမိတို့အနေနဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး အလောသုံးဆယ်ပြုမှာမဟုတ်ဘူးလို့ အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာ သမ္မတဒေါ်နယ်ထရန့်က ပြောဆိုပါတယ်။

ကိုးကား – Reuter/AFP

Photo-Reuter

Related posts

✕
VOM News

FREE
VIEW