ပလိပ်​ချည်မျှင်​စက်​ရုံ အလုပ်​သမား ​ခေါင်း​ဆောင်​(၄)ဦး တရားစွဲခံရ

ပလိပ်။ နိုဝင်ဘာ ၈၊ ၂၀၁၈

ဟိန်းကို (VOM)

 

ပလိပ်​ပန်​ဒါချည်​မျှင်​စက်​ရုံက​နေ အလုပ်​ထုတ်​ခံရသူတွေအရေး မန္တ​လေးတိုင်းအစိုးရအဖွဲ့ရုံး​ကို သွားပြီး ​ဆွေး​နွေးမယ့် အလုပ်သမားတွေကို ပလိပ်နယ်မြေရဲစခန်းက တားဆီးထားပြီး အလုပ်သမား ခေါင်းဆောင်ထဲက ၃ ဦးကို ဒီနေ့ မနက်က ထိန်းသိမ်းထားခဲ့ပါတယ်။

သူတို့ ၃ ဦးကို မလွှတ်ပေးတဲ့အတွက် မန္တလေးကိုသွားမယ့် အလုပ်သမား ၁၀၀ နီးပါးဟာ ပလိပ်နယ်မြေရဲစခန်းရှေ့မှာပဲ ထိုင်သပိတ်လုပ်ခဲ့ပါတယ်။ ထိန်းသိမ်းခံရသူ ၃ ယောက်ကို ညနေပိုင်းမှာ ပြန်လွှတ်ပေးခဲ့ပေမယ့် ပလိပ်မြို့နယ် ရဲစခန်းမှူးက တရားလိုလုပ်ပြီး သူတို့ ၃ ဦးအပါအဝင် အလုပ်သမား ခေါင်းဆောင် ၄ ဦးကို ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈၊ ပုဒ်မ ၁၉ တွေနဲ့ တရားစွဲဆိုခဲ့ပါတယ်။

တရားစွဲဆိုခံရသူတွေကတော့ ခေတ္တထိန်းသိမ်းခံခဲ့ရတဲ့ ကိုဝင်းထွန်းညွန့်၊ ကိုဌေးအောင်၊ မအေးအေးခိုင်နဲ့ မဇာခြည်ဝင်းတို့ ဖြစ်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW