ဆမ်ဆောင်းရဲ့ ကွေးညွတ်စမတ်ဖုန်း ဒေါ်လာ ၁၇၀၀ ကျော်နဲ့ မတ်လမှာရောင်းချမည်

 

ဆိုးလ်၊ နိုဝင်ဘာ-၁၈

မျိုးဆက် (VOM)

 

တောင်ကိုရီးယားအခြေစိုက် နည်းပညာ ကုမ္ပဏီ ဆမ်ဆောင်းကနေ မကြာသေးမီက ထုတ်ဖော် ကြေညာလိုက်တဲ့ ကွေးညွတ်စမတ်ဖုန်းကို ဒေါ်လာ ၁၇၇၀ နဲ့ လာမည့်နှစ် မတ်လအတွင်းမှာ ရောင်းချသွားဖို့ရှိနေပါတယ်။

အဆိုပါဖုန်းဟာ ကွေးညွတ်ပြီးခေါက်ထားတဲ့အချိန်မှာ မျက်နှာပြင်အရွယ်အစား ၄ ဒသမ ၆ လက်မရွယ်ရှိပြီး ဖြန့်လိုက်တဲ့အချိန်မှာတော့ ၇ ဒသမ ၃ လက်မအရွယ်အစားရှိကာ ဒီစမတ်ဖုန်းရဲ့ အသေးစိတ်အချက် အလက်တွေကိုတော့ ဖေဖော်ဝါရီလမှာ ကျင်းပမယ့် MWC ပွဲမှာ ကြေညာဖွယ်ရှိပါတယ်။

ဒီလို ကွေးညွတ်စမတ်ဖုန်းထုတ်လုပ်ဖို့ အတွက် လွန်ခဲ့သည့် ငါးနှစ်ကတည်းက နည်းပညာဆိုင်ရာများကို ဆမ်ဆောင်း စမ်းသပ်လုပ်ဆောင်နေခဲ့တာဖြစ်ပြီး ကမ္ဘာ့ ပထမဆုံးကွေးညွတ်စမတ်ဖုန်းအဖြစ် ထုတ်ဖော်ပြသနိုင်ဖို့ တရုတ်အခြေစိုက် ဟွာဟွေးကုမ္ပဏီနဲ့ အပြိုင်အဆိုင်လုပ်ဆောင်ခဲ့ပါတယ်။

ဒီစမတ်ဖုန်းတွေကိုတော့ Galaxy F လို့အမည်ပေးလာနိုင်ပြီး  အလုံးရေ တစ်သန်းအထိ ရောင်းချနိုင်ဖို့ ဆမ်ဆောင်းက မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

ကွေးညွတ်နိုင်တဲ့နည်းပညာပါဝင်တဲ့ စမတ်ဖုန်းတွေကို ဆမ်ဆောင်းအပြင် အယ်လ်ဂျီ၊ ဟွာဟွေးတို့ကလည်း အပြိုင်ဆိုင်လုပ်ဆောင်နေပေမယ့် ဒီကုမ္ပဏီတွေထက်အရင် Royole ကုမ္ပဏီကနေ ကမ္ဘာပထမဆုံး ကွေးညွတ်စမတ်ဖုန်းကို  စက်တင်ဘာလမှာ မိတ်ဆက်ပြသခဲ့ပါတယ်။

Ref: Gsmarena

Photo : Samsung

Related posts

Leave a Comment

VOM News

FREE
VIEW