ထိုင်းနိုင်ငံကို သွားမယ်ဆိုပြီး ကျောက်တန်းကိုရောက်လာတဲ့ ဒုက္ခသည် ၁၀၆ ယောက်ကို စစ်တွေပြန်ပို့

နိုဝင်ဘာ-၁၈၊ ၂၀၁၈ လင်းလက်အောင် ထိုင်းနိုင်ငံကို သွားမယ်ဆိုပြီး ကျောက်တန်းမြို့နယ်ကို နိုဝင်ဘာ ၁၆ ရက်နေ့က ရောက်လာတဲ့ လှေစီးဒုက္ခသည် ၁၀၆ ယောက်ကို ဒီနေ့ နိုဝင်ဘာ ၁၈ ရက်နေ့လည် ၁ နာရီလောက်က စစ်တွေမြို့ကိုပြန်လည်ပို့ဆောင်ပေးခဲ့ပါတယ်။   သူတို့တွေဟာ ထိုင်းနိုင်ငံကိုသွားဖို့အတွက်တစ်ယောက်ကို ငါးသိန်းနဲ့ဘူးသီး တောင်နဲ့မောင်တောဘက်ကနေ ထွက်လာတာပါ။   စက်လှေပေါ်မှာ အမျိုးသား ၅၀ အမျိုးသမီး ၃၁ ယောက်နဲ့ကလေး ၂၅ ယောက်ပါလာပါတယ်။ အဲ့ဒီလိုသွားနေရင်းစက်လှေဝမ်းဗိုက်ပေါက်ပြီး ဆီလည်းကုန်သွားလို့ ကျောက်တန်းဘက်ကို ရောက်သွားတာဖြစ်ပြီး သူတို့ထွက်လာတာ ၂၅ ရက်ခန့်ရှိပြီလို့ သိရပါတယ်။   ဒီနေ့မှာတော့ သူတို့ ၁၀၆ ယောက်လုံးကို နေရပ်ပြန်ပို့နိုင်ဖို့အတွက် ကျောက်တန်းမြို့ စံချိန်မီရပ်ကွက် လမ်းမတော်လမ်း ရွှေမှော်ဝန်းခန်းမကနေ အမှတ်(၆)ဆိပ်ခံတံတားရှိတဲ့ သာကေတမြို့နယ်(ရှု့ခင်းသာ)ဘက်ကို YBS ၉၅ ကား ၃ စီးနဲ့လိုက်ပို့ခဲ့ပါတယ်။…

Read More

ပြင်သစ်မှာ လောင်စာဆီဈေးတက်လို့ သမ္မတနဲ့ အစိုးရအဖွဲ့ကို နိုင်ငံတစ်ဝန်းဆန္ဒပြနေ

ပါရီ၊ နိုဝင်ဘာ-၁၈၊ ၂၀၁၈ မျိုးဆက် (VOM)   ပြင်သစ်နိုင်ငံမှာ လောင်စာဆီဈေးနှုန်းမြင့်တက်နေတဲ့အပေါ် ပြင်သစ်သမ္မတ အီမန်နျူရယ်မာခရိုနဲ့ အစိုးရအဖွဲ့ကို လူသိန်းသုံးနီးပါးက နိုင်ငံတစ်ဝန်း ဆန္ဒပြနေကြရာ နိုဝင်ဘာ ၇ ရက်က လူတစ်ဦးသေဆုံးပြီး ၂၀၀ ကျော်ထိခိုက်ဒါဏ်ရာရရှိခဲ့ပါတယ်။ နိုဝင်ဘာ ၁၇ ရက်အစောပိုင်းမှာတော့ သိန်းနဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ ပြင်သစ်သမ္မတ မာခရိုရဲ့ မူဝါဒတွေနဲ့ လောင်စာဆီဈေးနှုန်း တိုးမြင့်လိုက်တဲ့ အစိုးရဆုံးဖြတ်ချက်တွေကို မကြေနပ်ကြောင်း ဆန္ဒထုတ်ဖော်မှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။   အဲဒီနေ့ နှောင်းပိုင်းမှာတော့ ဆန္ဒပြသူ ၁၂၀၀ ကျော်ဟာ သမ္မတအိမ်တော်ကိုသွားရာလမ်းမှာချထားတဲ့ အတားအဆီးတွေကိုဖြတ်ကျော်ပြီး သမ္မတ မာခရိုနှုတ်ထွက်ပေးဖို့တောင်းဆိုခဲ့ကြပြီး ဆန္ဒပြသူတွေကို ဖြိုခွဲဖို့အတွက် ရဲတပ်ဖွဲ့ကမျက်ရည်ယိုဗုံး တွေကိုအသုံးပြုခဲ့ကြပါတယ်။   အခြေခံလူတန်းစားတွေအတွက် စဉ်းစားပေးတာမရှိဘူးလို့ ဆန္ဒပြသူတွေက သမ္မတမာခရိုကို စွပ်စွဲပြစ်တင်နေကြပါတယ်။ အစိုးရအဖွဲ့ခေါင်းဆောင်တွေနဲ့ ပြင်သစ်ပြည်သူလူထု ပြန်လည်သင့်မြတ်အောင် အမှန်တကယ် ထိန်းချုပ်ဆောင်ရွက်နိုင်ခြင်းမရှိဘူးလို့ သမ္မတမာခရိုက…

Read More

ခြောက်လအတွင်း အကောင့်တု ၁ ဒသမ ၅ ဘီလီယံ ပိတ်လိုက်တဲ့ ဖေ့စ်ဘွတ်ခ်

နယူးယောက်၊ နိုဝင်ဘာ-၁၈၊ ၂၀၁၈ မျိုးဆက် (VOM) ဧပြီလကနေ စက်တင်ဘာလအထိ ခြောက်လတာကာလအတွင်း ဖေ့စ်ဘွတ်ခ် အကောင့်တု ၁ ဒသမ ၅ ဘီလီယံကို စီစစ်မှုတွေလုပ်ပြီး ဖျက်ချနိုင်ခဲ့တယ်လို့ ဖေ့စ်ဘွတ်ခ်က ထုတ်ပြန်လိုက်ပါတယ်။ ဖေ့စ်ဘွတ်ခ်ရဲ့ Community Standards အစီရင်ခံစာမှာဒီလိုထုတ်ပြန်လိုက်တာဖြစ်ပြီး ၀တ်လစ်စလစ်ပုံတွေ၊ အမုန်းစကား၊ အကြမ်းဖက်စေရန် ၀ါဒဖြန့်ခြင်း၊ ကြည့်ရှုဖို့မသင့်တဲ့ သွေးထွက်သံယိုကိစ္စတွေဖြန့်ဝေတဲ့ အကောင့်တွေနဲ့ အကောင့်တုတွေကို ဖျက်ချခဲ့တာလို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ကြည့်ရှုဖို့ မသင့်တဲ့ သွေးထွက်သံယို ပို့စ်တွေကိုတော့ တိုင်ကြားခြင်းမပြုမီကတည်းက ၉၅ ဒသမ ၉ ရာခိုင်နှုန်းကို စောင့်ကြည့်ကိုင်တွယ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ ဒါ့အပြင် သတင်းတုတိုက်ဖျက်ရေး အဖွဲ့တစ်ဖွဲ့ကိုလည်း ဖေ့စ်ဘွတ်ခ်က သီးသန့်ထားပြီး ရွေးကောက်ပွဲကာလတွေမှာ အထူးစောင့်ကြည့် ထိန်းချုပ်သွားမယ်လို့ဆိုပါတယ်။ ၂၀၁၆ ခုနှစ်အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ရုရှားနိုင်ငံက အကောင့်တုတွေနဲ့ ရွေးကောက်ပွဲကို ၀င်ရောက်စွက်ဖက်ခဲ့ပြီးနောက်ပိုင်းမှာ အကောင့်တုတွေ၊ ၀ါဒဖြန့်တာတွေနဲ့…

Read More

ဆမ်ဆောင်းရဲ့ ကွေးညွတ်စမတ်ဖုန်း ဒေါ်လာ ၁၇၀၀ ကျော်နဲ့ မတ်လမှာရောင်းချမည်

  ဆိုးလ်၊ နိုဝင်ဘာ-၁၈ မျိုးဆက် (VOM)   တောင်ကိုရီးယားအခြေစိုက် နည်းပညာ ကုမ္ပဏီ ဆမ်ဆောင်းကနေ မကြာသေးမီက ထုတ်ဖော် ကြေညာလိုက်တဲ့ ကွေးညွတ်စမတ်ဖုန်းကို ဒေါ်လာ ၁၇၇၀ နဲ့ လာမည့်နှစ် မတ်လအတွင်းမှာ ရောင်းချသွားဖို့ရှိနေပါတယ်။ အဆိုပါဖုန်းဟာ ကွေးညွတ်ပြီးခေါက်ထားတဲ့အချိန်မှာ မျက်နှာပြင်အရွယ်အစား ၄ ဒသမ ၆ လက်မရွယ်ရှိပြီး ဖြန့်လိုက်တဲ့အချိန်မှာတော့ ၇ ဒသမ ၃ လက်မအရွယ်အစားရှိကာ ဒီစမတ်ဖုန်းရဲ့ အသေးစိတ်အချက် အလက်တွေကိုတော့ ဖေဖော်ဝါရီလမှာ ကျင်းပမယ့် MWC ပွဲမှာ ကြေညာဖွယ်ရှိပါတယ်။ ဒီလို ကွေးညွတ်စမတ်ဖုန်းထုတ်လုပ်ဖို့ အတွက် လွန်ခဲ့သည့် ငါးနှစ်ကတည်းက နည်းပညာဆိုင်ရာများကို ဆမ်ဆောင်း စမ်းသပ်လုပ်ဆောင်နေခဲ့တာဖြစ်ပြီး ကမ္ဘာ့ ပထမဆုံးကွေးညွတ်စမတ်ဖုန်းအဖြစ် ထုတ်ဖော်ပြသနိုင်ဖို့ တရုတ်အခြေစိုက် ဟွာဟွေးကုမ္ပဏီနဲ့ အပြိုင်အဆိုင်လုပ်ဆောင်ခဲ့ပါတယ်။ ဒီစမတ်ဖုန်းတွေကိုတော့ Galaxy F လို့အမည်ပေးလာနိုင်ပြီး  အလုံးရေ…

Read More

အင်းစိန်မြို့နယ်မှာ စိတ်ကြွဆေးပြား ၁.၅ သန်းကျော်ဖမ်းမိ

  ရန်ကုန်၊ နိုဝင်ဘာ-၁၈ -၂၀၁၈ လင်းလက်အောင် (VOM) ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် မြို့သစ်(ဂ)ရပ်ကွက် မ-၂၀(က)က ဂိုထောင်ထဲရပ်ထားတဲ့ ကားပေါ်ကနေ စိတ်ကြွဆေးပြား ၁၅ သိန်းပြားကျော်ကို နိုဝင်ဘာ ၁၇ ရက်ညနေ ၆ နာရီ ၁၅ မိနစ်က ဖမ်းဆီးရမိခဲ့ပါတယ်။ နိုဝင်ဘာ ၁၇ ရက် ၆ နာရီ ၁၅ မိနစ်လောက်မှာ မူးယစ်တပ်ဖွဲ့စု(၄၀)ကတပ်ဖွဲ့ဝင်တွေရယ် ဥသျှစ်ပင်နယ်မြေရဲစခန်းကတပ်ဖွဲ့ဝင်တွေရယ်ပေါင်းပြီး မူးယစ်ဆေးဝါးသတင်းအရသက်သေတွေနဲ့အတူ အင်းစိန်မြို့နယ် မြို့သစ်(ဂ)ရပ်ကွက် မ-၂၀(က)မှာရှိတဲ့ ဂိုထောင်ထဲကို ဝင်ပြီးရှာဖွေခဲ့ကြပါတယ်။ ဒီလိုရှာဖွေရာမှာ ဂိုထောင်ထဲမှာရပ်ထားတဲ့ ကားနံပါတ်-7I/—- TOYOTA VIGO ကားရဲ့နောက်ခန်းကြမ်းခင်း အံဝှက်ထဲက ကာလပေါက်ဈေးငွေကျပ် သိန်း၃၈၇၄၀ တန်ဖိုးရှိတဲ့ စိတ်ကြွရူးသွပ်ဆေးပြား-၁၅၄၉၆၀၀ ပြား ကိုတွေ့ရှိသိမ်းဆည်းရမိခဲ့ပါတယ်။ စိတ်ကြွဆေးတွေနဲ့အတူ ဒေါ်နန်းမိုဟွမ်နှင့်စိုင်းသိန်းနိုင်တို့နှစ်ယောက်ကိုလည်း တွေ့ခဲ့ရတာကြောင့် အင်းစိန်မြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူဆောင်ရွက်နေပါတယ်။ လက်ရှိ အင်းစိန်မှာဖမ်းမိတဲ့စိတ်ကြွဆေးပြားတွေဟာ…

Read More
VOM News

FREE
VIEW