ပြင်သစ်မှာ လောင်စာဆီဈေးတက်လို့ သမ္မတနဲ့ အစိုးရအဖွဲ့ကို နိုင်ငံတစ်ဝန်းဆန္ဒပြနေ

ပါရီ၊ နိုဝင်ဘာ-၁၈၊ ၂၀၁၈

မျိုးဆက် (VOM)

 

ပြင်သစ်နိုင်ငံမှာ လောင်စာဆီဈေးနှုန်းမြင့်တက်နေတဲ့အပေါ် ပြင်သစ်သမ္မတ အီမန်နျူရယ်မာခရိုနဲ့ အစိုးရအဖွဲ့ကို လူသိန်းသုံးနီးပါးက နိုင်ငံတစ်ဝန်း ဆန္ဒပြနေကြရာ နိုဝင်ဘာ ၇ ရက်က လူတစ်ဦးသေဆုံးပြီး ၂၀၀ ကျော်ထိခိုက်ဒါဏ်ရာရရှိခဲ့ပါတယ်။

နိုဝင်ဘာ ၁၇ ရက်အစောပိုင်းမှာတော့ သိန်းနဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ ပြင်သစ်သမ္မတ မာခရိုရဲ့ မူဝါဒတွေနဲ့ လောင်စာဆီဈေးနှုန်း တိုးမြင့်လိုက်တဲ့ အစိုးရဆုံးဖြတ်ချက်တွေကို မကြေနပ်ကြောင်း ဆန္ဒထုတ်ဖော်မှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။

 

အဲဒီနေ့ နှောင်းပိုင်းမှာတော့ ဆန္ဒပြသူ ၁၂၀၀ ကျော်ဟာ သမ္မတအိမ်တော်ကိုသွားရာလမ်းမှာချထားတဲ့ အတားအဆီးတွေကိုဖြတ်ကျော်ပြီး သမ္မတ မာခရိုနှုတ်ထွက်ပေးဖို့တောင်းဆိုခဲ့ကြပြီး ဆန္ဒပြသူတွေကို ဖြိုခွဲဖို့အတွက် ရဲတပ်ဖွဲ့ကမျက်ရည်ယိုဗုံး တွေကိုအသုံးပြုခဲ့ကြပါတယ်။

 

အခြေခံလူတန်းစားတွေအတွက် စဉ်းစားပေးတာမရှိဘူးလို့ ဆန္ဒပြသူတွေက သမ္မတမာခရိုကို စွပ်စွဲပြစ်တင်နေကြပါတယ်။ အစိုးရအဖွဲ့ခေါင်းဆောင်တွေနဲ့ ပြင်သစ်ပြည်သူလူထု ပြန်လည်သင့်မြတ်အောင် အမှန်တကယ် ထိန်းချုပ်ဆောင်ရွက်နိုင်ခြင်းမရှိဘူးလို့ သမ္မတမာခရိုက ယခုသီတင်းပတ်မှာ ၀န်ခံ ပြောဆိုထားပါတယ်။

နိုင်ငံရေးပြိုင်ဖက်တွေက ၎င်းရဲ့ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေကို ဟန့်တားဖို့ အတွက် ဆူပူလှုပ်ရှားမှုတွေ ကို အရှိန်မြင့်ပေးနေလို့လည်း မာခရိုက စွပ်စွဲပြောဆိုထားပါတယ်။

 

Ref : BBC/RT

Photo Reuter

 

 

Related posts

VOM News

FREE
VIEW