မသန်စွမ်းတွေအတွက် စိတ်နဲ့ ထိန်းချုပ်နိုင်တဲ့ တီဗီ ဆမ်ဆောင်းထုတ်လုပ်မည်

ဇူးရစ်၊ နိုဝင်ဘာ-၁၂

မျိုးဆက်(VOM)

ကိုယ်လက်အင်္ဂါချို့ယွင်းနေတဲ့ မသန်စွမ်းတွေအတွက် ရည်ရွယ်ပြီး စိတ်နဲ့ထိန်းချုပ်နိုင်တဲ့ နည်းပညာထည့်သွင်းထားတဲ့ တီဗီအမျိုးအစားတစ်ခုကို ဆမ်ဆောင်းက ထုတ်လုပ်သွားဖို့ လုပ်ဆောင်နေပါတယ်။

အဆိုပါ တီဗီအမျိုးအစားထုတ်လုပ်ဖို့အတွက် Project Pontis လို့အမည်ပေးထားတဲ့ စီမံကိန်းတစ်ခုကို ဆွစ်ဇာလန်နိုင်ငံအခြေစိုက် ဆမ်ဆောင်းက အဖွဲ့တဖွဲ့နဲ့ ဆွစ်ဇာလန် သိပ္ပံပညာရှင်တွေနဲ့အတူ ပူးပေါင်းပြီး လွန်ခဲ့တဲ့ သုံးလကတည်းက စမ်းသပ်မှုတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။

ဒီနည်းပညာမှာ လူ့ဦးနှောက်ရဲ့ အချက်ပြလှိုင်းတွေကို အာရုံခံနိုင်တဲ့ ဆင်ဆာတွေတပ်ဆင်ထားတဲ့ ခေါင်းစွပ်လို ကိရိယာက အချက်ပြလှိုင်းတွေကို သူနဲ့ချိတ်ဆက်ထားတဲ့ တီဗီက ဆော့ဖ်ဝဲနဲ့ ချိတ်ဆက်အလုပ်လုပ်မှာဖြစ်ပြီး မျက်လုံးအကြည့်ရဲ့ ဦးတည်ရာကို ခြေရာခံတဲ့ ကိရိယာတခုလည်း ပါဝင်ပါတယ်။

ကိုယ်အင်္ဂါမသန်စွမ်းသူတွေအနေနဲ့ ဒီတီဗီကိုအသုံးပြုရာမှာ စိတ်နဲ့ထိန်းချုပ်ပြီး ရုပ်သံလိုင်းပြောင်းတာတွေ၊ အသံအတိုးအကျယ်နဲ့ တီဗီမှာပါဝင်တဲ့ လုပ်ဆောင်ချက်တွေကို ထိန်းချုပ်နိုင်မှာဖြစ်ပြီး ပုံမှန်လူတွေလည်း ဒီနည်းပညာပေါ် စိတ်ဝင်စားမှု မြင့်တက်နေပါတယ်။

အဆိုပါတီဗီကို ၂၀၁၉ နှစ် နှစ်ဦးပိုင်းမှာ ကနဦးနမူနာပုံစံ ထွက်ရှိလာနိုင်ပြီး စီးပွားဖြစ် ထုတ်လုပ် ရောင်းချသွားဖို့ ရည်ရွယ်ထားတယ်လို့ ဆမ်ဆောင်းက ထုတ်ဖော်ပြောကြားထားပါတယ်။

 

Ref: Techradar/ CNET

Photo: BGR

 

Related posts

Leave a Comment

VOM News

FREE
VIEW