မသန်စွမ်းတွေအတွက် စိတ်နဲ့ ထိန်းချုပ်နိုင်တဲ့ တီဗီ ဆမ်ဆောင်းထုတ်လုပ်မည်

ဇူးရစ်၊ နိုဝင်ဘာ-၁၂ မျိုးဆက်(VOM) ကိုယ်လက်အင်္ဂါချို့ယွင်းနေတဲ့ မသန်စွမ်းတွေအတွက် ရည်ရွယ်ပြီး စိတ်နဲ့ထိန်းချုပ်နိုင်တဲ့ နည်းပညာထည့်သွင်းထားတဲ့ တီဗီအမျိုးအစားတစ်ခုကို ဆမ်ဆောင်းက ထုတ်လုပ်သွားဖို့ လုပ်ဆောင်နေပါတယ်။ အဆိုပါ တီဗီအမျိုးအစားထုတ်လုပ်ဖို့အတွက် Project Pontis လို့အမည်ပေးထားတဲ့ စီမံကိန်းတစ်ခုကို ဆွစ်ဇာလန်နိုင်ငံအခြေစိုက် ဆမ်ဆောင်းက အဖွဲ့တဖွဲ့နဲ့ ဆွစ်ဇာလန် သိပ္ပံပညာရှင်တွေနဲ့အတူ ပူးပေါင်းပြီး လွန်ခဲ့တဲ့ သုံးလကတည်းက စမ်းသပ်မှုတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒီနည်းပညာမှာ လူ့ဦးနှောက်ရဲ့ အချက်ပြလှိုင်းတွေကို အာရုံခံနိုင်တဲ့ ဆင်ဆာတွေတပ်ဆင်ထားတဲ့ ခေါင်းစွပ်လို ကိရိယာက အချက်ပြလှိုင်းတွေကို သူနဲ့ချိတ်ဆက်ထားတဲ့ တီဗီက ဆော့ဖ်ဝဲနဲ့ ချိတ်ဆက်အလုပ်လုပ်မှာဖြစ်ပြီး မျက်လုံးအကြည့်ရဲ့ ဦးတည်ရာကို ခြေရာခံတဲ့ ကိရိယာတခုလည်း ပါဝင်ပါတယ်။ ကိုယ်အင်္ဂါမသန်စွမ်းသူတွေအနေနဲ့ ဒီတီဗီကိုအသုံးပြုရာမှာ စိတ်နဲ့ထိန်းချုပ်ပြီး ရုပ်သံလိုင်းပြောင်းတာတွေ၊ အသံအတိုးအကျယ်နဲ့ တီဗီမှာပါဝင်တဲ့ လုပ်ဆောင်ချက်တွေကို ထိန်းချုပ်နိုင်မှာဖြစ်ပြီး ပုံမှန်လူတွေလည်း ဒီနည်းပညာပေါ် စိတ်ဝင်စားမှု မြင့်တက်နေပါတယ်။ အဆိုပါတီဗီကို ၂၀၁၉ နှစ်…

Read More

ကွန်ဂိုမှာ အီဘိုလာရောဂါကြောင့် လူ ၂၀၀ ကျော်သေဆုံး၊ အခြားနိုင်ငံများသို့ ကူးစက်မှာကို စိုးရိမ်နေရ

  ကင်ရှာဆာ၊ နိုဝင်ဘာ-၁၂ မျိုးဆက် (VOM) ကွန်ဂိုနိုင်ငံမှာ သြဂုတ်လကတည်းစတင်ဖြစ်ပွားခဲ့တဲ့ အီဘိုလာရောဂါကြောင့် လူ ၂၀၀ ကျော်သေဆုံး ခဲ့တယ်လို့ ကွန်ဂိုကျန်းမာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၁ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ ဒီလိုသေဆုံးတာတွေအပြင် လူပေါင်း ၃၀၀ ကျော်ဟာလည်း အီဘိုလာရောဂါ ဖြစ်ပွားနေတာတွေ သို့မဟုတ် ဖြစ်ပွားနိုင်ခြေရှိနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ပြောဆိုလိုက်ပြီး ကွန်ဂိုနိုင်ငံသမိုင်းမှာတော့ အဆိုးရွားဆုံး ဘေးဒုက္ခဖြစ်တယ်လို့ ဆိုပါတယ်။ အီဘိုလာရောဂါဖြစ်ပွားမှုဟာ ကွန်ဂိုနိုင်ငံရှိ အခြားပြည်နယ်တွေအပြင်  နယ်စပ်ချင်းထိစပ်နေတဲ့ အခြားနိုင်ငံတွေကို ကူးစက်ပျံ့နှံ့နိုင်တဲ့ အန္တရယ်မြင့်မားနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးပြောဆိုပါတယ်။ ကွန်ဂိုနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ယူဂန်ဒါနိုင်ငံမှာလည်း အီဘိုလာဗိုင်းရပ်ကူးစက်ခံရတဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပြီး ကာကွယ်ဆေးတွေအပြင် ရောဂါနဲ့ ပတ်သက်ပြီး ကြိုတင်ပြင်ဆင်မှုတွေကို အလေးထားလုပ်ဆောင်နေပါတယ်။ ဒါပေမယ့် လေးလတာကာလအတွင်း အီဘိုလာဗိုင်းရပ် ကာကွယ်တားဆီးရေး လုပ်ငန်းစဉ်ကတော့ သိသိသာသာ တိုးတက်မှုရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က နိုဝင်ဘာ…

Read More

စတော်ဘယ်ရီသီးတွေမှာ အပ်တွေထည့်တဲ့ အမျိုးသမီးကို သြစတြေးလျ ရဲတပ်ဖွဲ့ ဖမ်းဆီး

ကင်ဘာရာ၊ နိုဝင်ဘာ-၁၂-၂၀၁၈ မျိုးဆက် (VOM) သြစတြေးလျ နိုင်ငံမှာ စတော်ဘယ်ရီသီးတွေထဲကို အပ်တွေထည့်ထားတာနဲ့ ပတ်သက်ပြီး  ပတ်သက်ဆက်နွယ်နေတဲ့ အမျိုးသမီးတစ်ဦးကို ကွင်းစလန်ပြည်နယ်မှာ ဖမ်းဆီးလိုက်ပါတယ်။ စတော်ဘယ်ရီသီးတွေထဲမှာ အပ်တွေတွေ့ရှိခဲ့တာနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပြီးနောက် အသက် ၅၀ နှစ်အရွယ် အဆိုပါအမျိုးသမီးကို နိုဝင်ဘာ ၁၁ ရက်က ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။ စက်တင်ဘာလအတွင်းက စတော်ဘယ်ရီသီးတွေထဲမှာ  အပ်တွေကို အံအားသင့်ဖွယ် ပထမဆုံးတွေ့ရှိပြီးနောက် တစ်နိုင်ငံလုံးအတိုင်းတာနဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ စတော်ဘယ်ရီးသီးစားသုံးပြီးနောက်အစာအိမ် နာကျင်မှုကြောင့် ကွင်းစလန်ပြည်နယ်က အမျိုးသားတစ်ဦး ဆေးရုံတင်လိုက်ပြီးနောက် စတော်ဘယ်ရီသီးတွေထဲမှာ အပ်တွေပါတာကို ပထမဆုံး သိရှိခဲ့ကြတာဖြစ်ပါတယ်။ လက်ရှိအချိန်ထိ စတော်ဘယ်ရီသီးတွေမှာ အပ်တွေပါတယ်ဆိုတဲ့ တိုင်ကြားမှု ၁၀၀ ကျော်ရှိနေပြီး စတော်ဘယ်ရီသီး တန်ချိန်ပေါင်းများစွာကို စွန့်ပစ်ဖို့ ဖိအားပေးခံခဲ့ရပြီး ကုန်တိုက်တွေမှာလည်း ရောင်းချခြင်းပိတ်ပင်ထားပါတယ်။ အဆိုပါဖြစ်စဉ်သည် သြစတြေးလျနိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့်…

Read More

ချောင်းဦးမြို့တန်ဆောင်တိုင် မီးပုံးပျံ ပြိုင်ပွဲမှာ မီးပုံးပျံ အလုံးရေ ၁၅ လုံး လွှတ်တင်မည်

စစ်ကိုင်း နိုဝင်ဘာ ၁၁-၂၀၁၈ မောင်တာရာ(VOM) စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့မှာ နဝမအကြိမ်မြောက် ကျင်းပမယ့် တန်ဆောင်တိုင် မီးပုံးပျံ ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင် လွှတ်တင်မယ့် မီးပုံးပျံ အရေအတွက်ဟာ စုစုပေါင်း ၁၅ လုံး ရှိကြောင်း ညောင်ပင်ပဇ္ဇောတာရုံကျောင်းက ဆရာတော်အရှင်ပဝရ က မိန့်ကြားပါတယ်။ နဝမ အကြိမ်မြောက် ကျင်းပမယ့် ချောင်းဦးမြို့ တန်ဆောင်တိုင် မီးပုံးပျံ ပြိုင်ပွဲကို ချောင်းဦးမြို့၊နေရှင်နယ်ရပ်ကွက်၊ညောင်ပင်ပဇ္ဇောတာရုံကျောင်းတိုက်မှာ နိုဝင်ဘာ ၂၁ ရက်ကနေ့ ၂၂ ရက်နေ့ အထိ နှစ်ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ”ဒီနှစ် လွှတ်တင်မယ့် မီးပုံပျံ အရေအတွက်က ၁၅ လုံးရှိပါတယ်။ မနှစ်က မီးပုံပျံ ၁၇ လုံးရှိပါတယ်။ မနှစ်က ခိုက်ရန်ဖြစ်ပွားခဲ့တဲ့ နှစ်လုံးကို ပယ်လိုက်တော့ ၁၅ လုံးပဲ ကျန်ပါတယ်။ ဒါကြောင့် မီးလုံးရေ အရေအတွက်ကတော့မနှစ်ကနဲ့…

Read More
VOM News

FREE
VIEW