ချောင်းဦးမြို့တန်ဆောင်တိုင် မီးပုံးပျံ ပြိုင်ပွဲမှာ မီးပုံးပျံ အလုံးရေ ၁၅ လုံး လွှတ်တင်မည်

စစ်ကိုင်း နိုဝင်ဘာ ၁၁-၂၀၁၈
မောင်တာရာ(VOM)

စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့မှာ နဝမအကြိမ်မြောက် ကျင်းပမယ့် တန်ဆောင်တိုင် မီးပုံးပျံ ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင် လွှတ်တင်မယ့် မီးပုံးပျံ အရေအတွက်ဟာ စုစုပေါင်း ၁၅ လုံး ရှိကြောင်း ညောင်ပင်ပဇ္ဇောတာရုံကျောင်းက ဆရာတော်အရှင်ပဝရ က မိန့်ကြားပါတယ်။

နဝမ အကြိမ်မြောက် ကျင်းပမယ့် ချောင်းဦးမြို့ တန်ဆောင်တိုင် မီးပုံးပျံ ပြိုင်ပွဲကို ချောင်းဦးမြို့၊နေရှင်နယ်ရပ်ကွက်၊ညောင်ပင်ပဇ္ဇောတာရုံကျောင်းတိုက်မှာ နိုဝင်ဘာ ၂၁ ရက်ကနေ့ ၂၂ ရက်နေ့ အထိ နှစ်ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

”ဒီနှစ် လွှတ်တင်မယ့် မီးပုံပျံ အရေအတွက်က ၁၅ လုံးရှိပါတယ်။ မနှစ်က မီးပုံပျံ ၁၇ လုံးရှိပါတယ်။ မနှစ်က ခိုက်ရန်ဖြစ်ပွားခဲ့တဲ့ နှစ်လုံးကို ပယ်လိုက်တော့ ၁၅ လုံးပဲ ကျန်ပါတယ်။ ဒါကြောင့် မီးလုံးရေ အရေအတွက်ကတော့မနှစ်ကနဲ့ အတူတူပါပဲ၊ တန်ဆောင်မုန်းလဆန်း ၁၄ ရက်နေ့မှာ ဖွင့်ပွဲနဲ့ ပြိုင်ပွဲကျင်းပမယ်။ လပြည့်နေ့မှာက ပြိုင်ပွဲ နဲ့ ဆုပေးပွဲကို ကျင်းပသွားပါတယ်။ ကျင်းပတဲ့ ရည်ရွယ်ချက်ကတော့ စူဠာမဏိစေတီတော်ကို မီးပုံးပျံ နဲ့ မီးပူဇော်တယ်။ မြန်မာ့ရိုးရာ ဓလေ့ လက်မှု ပညာကို ထိန်းသိမ်းတဲ့ အနေနဲ့လည်း ကျင်းပပေးတာ။ပြီးတော့ တောင်ကြီးတို့ မေမြို့ တို့ မသွားနိုင်တဲ့ ပုဂ္ဂိုလ်လေးတွေ ဒီနားမှာ နီးနီးနားနားနဲ့ မီးပုံးပျံတွေကို ကြည့်ရူ့နိုင်အောင် ဆိုပြီးကျင်းပပေးခြင်း ဖြစ်ပါတယ် “ဟု ဆရာတော်မှ မိန့်ကြားပါတယ်။

ပါဝင်ယှဉ်ပြိုင် လွှတ်တင်မယ့် မီးပုံးပျံတွေကို ဆုကြေးတွေ အနေဖြင့် ပထမဆု ငွေကျပ်သိန်း ၂၀၊ ဒုတိယဆု ငွေကျပ် ၁၅ သိန်း၊တတိယဆု ငွေကျပ် ၁၀ သိန်း ပေးအပ်ချီးမြှင့်သွားမှာ ဖြစ်တဲ့အပြင် ပါဝင်ယှဉ်ကြမယ့် ပြိုင်ပွဲဝင် မီးပုံးပျံ အားလုံးကို ငွေကျပ် တစ်သိန်းစီ ပြန်လည်ချီးမြှင့်ပေးသွားမှာ ဖြစ်ပါတယ်။

မီးပုံပျံ ပွဲတော်အတွက် ဓါတ်ပုံပြိုင်ပွဲကို ထည့်သွင်းကျင်းပထားပြီး မီးပုံးပျံပြိုင်ပွဲ ကျင်းပမယ့် နှစ်ရက် စလုံးမှာ နိဗ္ဗာန်ဈေး ဖွင့်လှစ်ပြီး လာသမျှ ဧည့်ပရိတ်တွေ ကို အသုပ်မျိုးစုံနဲ့ မုန့်လုံးရေပေါ်တွေနဲ့ ကျွေးမွေးဧည့်ခံသွားမှာ ဖြစ်ကြောင်း ဆရာတော်အရှင် ပဝရ က မိန့်ကြားပါတယ်။

#voiceofmyanmar #ချောင်းဦး #မီးပုံးပျံပွဲ
PHOTO – အရှင် ဘဒ္ဒိယ

Related posts

Leave a Comment

VOM News

FREE
VIEW