ကာချုပ်အနားယူခြင်းနဲ့ မန္တလေးက ဘော်လန်တီယာဆရာဝန်သေဆုံးဆိုတဲ့ သတင်းမှားပျံ့
မန္တလေး-နိုဝင်ဘာ-၁၇-၂၀၂၀ ဆွေလင်းထွန်း+နေလင်း(VOM) ယခုရက်ပိုင်းအတွင်း လူမှုကွန်ယက်မှာ သတင်းအမှားနှစ်ခုပျံ့နှံ့နေတာကို တွေ့ရပါတယ်။ပထမတခုကတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရာထူးကနေ အနားယူတယ်ဆိုတဲ့သတင်း လူမှုကွန်ယက်နဲ့ တပ်မတော်ချစ်မြတ်နိုးသူများအုပ်စု ချက်တင်မှာ ရေးသားနေကြတာတွေ့ရပါတယ်။ အဲဒီသတင်းကို တပ်မတော်နဲ့ သက်ဆိုင်တဲ့ ဖေ့ဘုတ်ဂရုတွေမှာ တင်နေကြတာဖြစ်ပါတယ်။ အဲ့ဒီသတင်းနဲ့ ပတ်သက်ပြီး ခိုင်လုံတဲ့ တပ်မတော်အသိုင်းအဝိုင်းကတော့ “ကာကွယ်ရေးဦးစီးချုပ် အနားယူမယ်ဆိုတဲ့ သတင်းက မဟုတ်ပါဘူး။ သတင်းတွေသေချာသိချင်ရင် မြဝတီသတင်းစောင့်ကြည့်ပါ” လို့ VOM ကို ပြောပါတယ်။ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ လူမှူကွန်ယက်စာမျက်နှာမှာတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ကျိုင်းတုံတပ်နယ်နဲ့ နယ်မြေခံတပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းက အရာရှိ၊ စစ်သည်တွေ၊ သင်တန်းသားတွေနဲ့ မိသားစုဝင်တွေကို နိုဝင်ဘာ ၁၆ရက်နေ့က တွေ့ဆုံခဲ့တဲ့ သတင်းကို တင်ထားတာ တွေ့ရပါတယ်။ နောက်တခုကတော့ စဉ့်ကိုင်ကနေ ရန်ကုန်ကို ဗော်လန်တီယာအဖြစ် သွားရောက်ကူညီနေတဲ့ အဆုတ်နဲ့ရင်ခေါင်း အထူးကုဆရာဝန်ကြီး ဒေါက်တာအောင်သက်ဇော်နဲ့ ဆရာမတစ်ဦး ကွယ်လွန်တယ်ဆိုတဲ့…
Read More
ကောလဟလနဲ့ သတင်းမှားတွေကို သတိထားဖို့ အချက်များ
” Covid-19 ကာလမှာ ကောလဟလတွေနဲ့ သတင်းအမှားတွေကို သတိထားဖို့ အရမ်းအရေးကြီးပါတယ်..” 🔘 ကိုဗစ် ၁၉ နှင့်ပတ်သက်၍ အများပြည်သူ စိုးရိမ်ထိတ်လန့်စေသည့် မမှန်သတင်းများ ဖန်တီး၊ ဖြန့်ဝေခြင်းမပြုရ (ဒေသန္တရအမိန့်) 🔘 လူမှုကွန်ယက်စာမျက်နှာတွင် လူများ၏ အကြောက်တရားကို အခြေခံပြီး စိတ်ဝင်စားမှု များများရအောင် လုပ်ကြံဖန်တီးဖြန့်ဝေသည့် သတင်းအမှားများ ယခုလို ကပ်ရောဂါဘေးကာလတွင် အများအပြား ရှိနေတာကြောင့် ဖန်တီးဖြန့်ဝေသူများကို အရေးယူနိုင်မည့် ဒေသန္တရအမိန့်ကို ထုတ်ပြန်ထားပါသည်။ 🔘 သတင်းမှားများမှ ရောဂါကာကွယ်ရေးအသိလွဲမှားကာ ရောဂါကူးစက်ခံရနိုင်တာကြောင့် မမှန်သတင်းများ ဖန်တီး၊ ဖြန့်ဝေခြင်းမပြုဘဲ မိမိနှင့် ပတ်ဝန်းကျင်ကို COVID 19 ဘေးမှ ကာကွယ်နိုင်မည်ဖြစ်ပါသည်။ သတင်းတစ်ပုဒ်ကို မျှဝေတော့မယ်ဆိုလျှင် ☑️ သတင်းရေးသူကို စိစစ်ပါ။ ☑️ ခေါင်းစဉ်တစ်ခုတည်းကိုပဲ မဖတ်ပါနဲ့။ ☑️ သတင်းကို အစအဆုံးဖတ်ပါ။ ☑️ သတင်းထုတ်ဝေတဲ့…
ကိုဗစ်ကာလ ကျူဝင်နေရသူများ စိတ်ပိုင်းဆိုင်ရာအတွက် ဘာတွေသတိပြု လိုက်နာရမလဲ
ကိုဗစ် ၁၉ ကပ်‌ရောဂါကာလအတွင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာဌာနများက ကိုဗစ်ကပ်ရောဂါကာလ လိုက်နာရမယ့် အချက်များကို သီးသန့်ထုတ်ပြန်ခဲ့ပါတယ်။ ယင်းအနက် ကိုဗစ်ကပ်ရောဂါကာလ ကျူဝင်နေရသူများ စိတ်ကျန်းမာရေးနှင့် စိတ်ပိုင်း၊ လူမှုရေးပိုင်းဆိုင်ရာနှင့် ပတ်သက်ပြီး သိရှိလိုက်နာရမည့် အချက်များကို စိတ်ကျန်းမာရေး စီမံချက်နှင့် ကျန်းမာရေးအသိပညာ မြှင့်တင်ရေးဌာနခွဲမှ မေလဆန်းပိုင်းမှ ထုတ်ပြန်ထားတဲ့ အချက်တွေကနေ ကောက်နုတ်ဖော်ပြလိုက်ပါတယ်။ ၁ – ကျူစခန်းဝင်နေ(အသွားအလာကန့်သက်မှုဖြင့်နေ)တဲ့ အချိန်မှာ ဖုန်းနဲ့ဖြစ်စေ၊ အင်တာနက်ဖြင့်ဖြစ်စေ ကိုယ့်ရဲ့မိတ်ဆွေ အသိုင်းအဝိုင်းနှင့် ပုံမှန် ဆက်သွယ်ပါ။ ၂ – ကိုယ့်ရဲ့ တစ်ကိုယ်ရေ လိုအပ်ချက်၊ ခံစားချက်တွေကို အာရုံစိုက်ပါ။ ၃ – ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အပန်းပြေစေတဲ့ လှုပ်ရှားဆောင်ရါက်မှုတွေကို လုပ်ပါ။ ၄ – ပုံမှန် လေ့ကျင့်ခန်းတွေလုပ်ပါ။ ၅ – အိပ်ချိန်၊ အိပ်ရာထချိန် မှန်ပါစေ။…
Read More
ကောလဟလနဲ့ သတင်းမှားတွေကို သတိထားဖို့ အချက်များ
” Covid-19 ကာလမှာ ကောလဟလတွေနဲ့ သတင်းအမှားတွေကို သတိထားဖို့ အရမ်းအရေးကြီးပါတယ်..” 🔘 ကိုဗစ် ၁၉ နှင့်ပတ်သက်၍ အများပြည်သူ စိုးရိမ်ထိတ်လန့်စေသည့် မမှန်သတင်းများ ဖန်တီး၊ ဖြန့်ဝေခြင်းမပြုရ (ဒေသန္တရအမိန့်) 🔘 လူမှုကွန်ယက်စာမျက်နှာတွင် လူများ၏ အကြောက်တရားကို အခြေခံပြီး စိတ်ဝင်စားမှု များများရအောင် လုပ်ကြံဖန်တီးဖြန့်ဝေသည့် သတင်းအမှားများ ယခုလို ကပ်ရောဂါဘေးကာလတွင် အများအပြား ရှိနေတာကြောင့် ဖန်တီးဖြန့်ဝေသူများကို အရေးယူနိုင်မည့် ဒေသန္တရအမိန့်ကို ထုတ်ပြန်ထားပါသည်။ 🔘 သတင်းမှားများမှ ရောဂါကာကွယ်ရေးအသိလွဲမှားကာ ရောဂါကူးစက်ခံရနိုင်တာကြောင့် မမှန်သတင်းများ ဖန်တီး၊ ဖြန့်ဝေခြင်းမပြုဘဲ မိမိနှင့် ပတ်ဝန်းကျင်ကို COVID 19 ဘေးမှ ကာကွယ်နိုင်မည်ဖြစ်ပါသည်။ သတင်းတစ်ပုဒ်ကို မျှဝေတော့မယ်ဆိုလျှင် ☑️ သတင်းရေးသူကို စိစစ်ပါ။ ☑️ ခေါင်းစဉ်တစ်ခုတည်းကိုပဲ မဖတ်ပါနဲ့။ ☑️ သတင်းကို အစအဆုံးဖတ်ပါ။ ☑️ သတင်းထုတ်ဝေတဲ့…
Read More
သတင်းတုသတင်းမှားနဲ့ အမုန်းစကားဖြန့်တာတွေ သတိထား
မန္တလေး-အောက်တိုဘာ ၂၇-၂၀၂၀ နေလင်း+ဆွေလင်းထွန်း (VOM) မြန်မာနိုင်ငံမှာ တံခါးဖွင့်မှုဝါဒကျင့်သုံးလာပြီးနောက် တယ်လီဖုန်းဆင်းကဒ်တွေဟာ လမ်းဘေးမှာ အလွယ်တကူဝယ်လာနိုင်တာမို့ တယ်လီဖုန်းသုံးနိုင်သူများပြားလာသလို ဖေ့ဘုတ်သုံးစွဲသူဟာလည်း သန်း ၂၀ ကျော်လာတယ်လို့ စောင့်ကြည့်လေ့လာသူတွေရဲ့ စာရင်းအရသိရပါတယ်။ ဒီလို လူအများသုံးစွဲလာနိုင်တာဟာ တဖက်ကကောင်းသလို အခြားတဖက်မှာလည်း အင်တာနက်နဲ့ မယဉ်ပါးသေးသူတွေ၊ ဆိုရှယ်မီဒီယာရဲ့သဘောသဘာဝကို နားလည်မှုအားနည်းသူတွေအတွက် အမှားတွေကို အလွယ်လက်ခံမိပြီး အမှန်ထင်ကာ ပြန်လည်ဖြန့်ဝေတာတွေကြောင့် မလိုလားအပ်တဲ့ ပြဿနာတွေ တက်ခဲ့တဲ့ သာဓကတွေ ရှိနေပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကျင်းပဖို့ နီးကပ်လာတာနဲ့အမျှ နိုင်ငံရေးပါတီတွေ၊ အစိုးရခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအပေါ် လူမျိုးရေး ဘာသာရေးနဲ့ ပတ်သက်တဲ့ သတင်းတု၊ သတင်းမှားတွေနဲ့ တိုက်ခိုက်တာဟာ အရင်ထက် များပြားလာပါတယ်။ သတင်းတု သတင်းမှားတွေ ပျံ့နှံ့လာတာဟာ လူမှုကွန်ယက် ဖေ့ဘုတ်သုံးစွဲမှု မြင့်တက်လာတာက အကြောင်းရင်းတခု ဖြစ်ပြီး အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ကြေညာချက်တွေကို အတုလုပ်တာတွေ၊ ပါတီတခုနဲ့ တခုကြား…
Read More
မိမိနေထိုင်ရာမြို့နယ်က ဘယ်ပါတီနဲ့ ဘယ်လွှတ်တော်ကိုယ်စားလှယ်ကို ဘယ်လိုရွေးပြီး မဲပေးမလဲ (မန္တလေး ချမ်းမြသာစည်မြို့နယ်)
မိမိနေထိုင်ရာမြို့နယ်က ဘယ်ပါတီနဲ့ ဘယ်လွှတ်တော်ကိုယ်စားလှယ်ကို ဘယ်လိုရွေးပြီး မဲပေးမလဲ (မန္တလေး ချမ်းမြသာစည်မြို့နယ်) မန္တလေး- အောက်တိုဘာ ၁၄-၂၀၂၀ ဆွေလင်းထွန်း+နေလင်း (VOM) ၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့မှာကျင်းပမယ့်ရွေးကောက်ပွဲအတွက် Voice Of Myanmar (VOM) က အချိန်ယူပြီး မဲဆန္ဒရှင်တချို့ကို ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ အသိတွေ ပြည်သူတွေဘယ်လောက်သိထားသလဲ လို့ စစ်တမ်းသဘောမျိုးမေးကြည့်တဲ့အခါ မဲပေးဖို့သာ စိတ်အားထက်သန်ကြပြီး ရွေးကောက်ပွဲကျင်းပမယ့်ရက်၊ မိမိပေးရမယ့် ပါတီရဲ့ကိုယ်စားလှယ်လောင်းကို မသိကြသူအများစုဖြစ်နေပါတယ်။ ဒါ့ကြောင့်မို့ ဒီကနေ့ မန္တလေးခရိုင် ချမ်းမြသာစည်မြို့နယ်က မဲဆန္ဒရှင်တွေအတွက် သိသင့်တဲ့ အချက်အလက်တွေကိုတင်ပြပေးလိုက်ပါတယ်။ မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်မှာနေထိုင်တဲ့ မဲဆန္ဒရှင်တွေအနေနဲ့ ရှမ်းတိုင်းသားမဟုတ်တဲ့ အခြားတိုင်းရင်းသားတွေအနေနဲ့ အမျိုးသားလွှတ်တော်အတွက် တစ်မဲ၊ ပြည်သူ့လွှတ်တော်အတွက် တစ်မဲ၊ တိုင်းဒေသကြီးလွှတ်တော်အတွက် တစ်မဲ စုစုပေါင်း မဲကဒ်ပြား ၃ခု ထုတ်ယူပြီး မိမိကြိုက်နှစ်သက်တဲ့ ပါတီနဲ့ကိုယ်စားလှယ်လောင်းရဲ့ ဘေးမှာ မဲရုံကထုတ်ပေးတဲ့…
Read More
“စွမ်းအင်လိုအပ်ချက်ကို ဘယ်လို ဖြည့်ဆည်းမလဲ”
“စွမ်းအင်လိုအပ်ချက်ကို ဘယ်လို ဖြည့်ဆည်းမလဲ” သွေး (စစ်ကိုင်း)၊ စက်တင်ဘာ ၂၅၊ ၂၀၂၀ နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု အတွက် စွမ်းအင်ရရှိရေးဟာ အထူးပဲ အရေးကြီးပါတယ်။ စွမ်းအင်ရင်းမြစ်တွေ ပိုင်ဆိုင်ထားတဲ့ ပိုင်ဆိုင်ထားတဲ့ မြန်မာနိုင်ငံမှာ စွမ်းအင်ထုတ်လုပ်ရေး အတွက် ကောင်းမွန်အဆင်ပြေတဲ့ နည်းလမ်းတွေကို ထည့်သွင်း စဉ်းစားရမှာပါ။ ပြန်ပြည့်မြဲစွမ်းအင် (Renewable Energy) ပိုထုတ်လုပ်ဖို့ ဦးတည်ကြိုးပမ်း သွားမယ် ဆိုရင် စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်သလို သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကိုပါ လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံ့လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်း ဝန်းကျင်ပဲ လျှပ်စစ်မီး ရရှိသေးတာ ဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်မှာ တစ်နိုင်ငံလုံး လျှပ်စစ်မီးရရှိဖို့ မျှော်မှန်းထားပါတယ်။ လျှပ်စစ်စွမ်းအင်ကို ရေ၊ လေ၊ ဘူမိအပူကနေ ထုတ်ယူနိုင်ပြီး လက်ရှိမှာတော့ အများဆုံး ထုတ်လုပ်နေတာက ရေအားသုံး…
Read More
ဂျုံအရုပ်ပညာနဲ့ အသက်မွေးသူ ကိုစန်းဦး
Read More
လေဖြတ်ထားသူတွေအတွက် စိတ်နဲ့ထိန်းချုပ်ပြီးလမ်းလျှောက်နိုင်မယ့် ကိရိယာတီထွင်
လန်ဒန်၊ အောက်တိုဘာ-၆-၂၀၁၉ မျိုးဆက် (VOM)   လေဖြတ်ထားသူ လူနာတွေအတွက် သူတို့ရဲ့ ဦးနောက်ကအချက်ပြလှိုင်းတွေနဲ့ ထိန်းချုပ်ပြီး လမ်းလျှောက်နိုင်မယ့် စက်ရုပ်ခြေလက်စနစ် သို့မဟုတ် Exoskeleton ကို သုတေသီတွေက အောင်မြင်စွာ တီထွင်အသုံးပြုနိုင်ပြီဖြစ်တယ်လို့ The Lancet Neurology journal ကဖော်ပြထားပါတယ်။   Exoskeleton စနစ်အတွက် နှစ်နှစ်ကြာစမ်းသပ်မှုတွေလုပ်ဆောင်ခဲ့ပြီးနောက် လေဖြတ်ထားတဲ့ လက်တွေခြေတွေကို လှုပ်ရှားသွားလာနိုင်ဖို့အတွက် ဝတ်ဆင်ထားတဲ့ စက်ရုပ်ခြေလက်တွေဆီကို အချက်ပြလှိုင်းတွေပေးဖို့အတွက် ဦးနှောက်အနီးမှာ အာရုံခံစနစ်တစ်ခုကို ထည့်သွင်းပြီး အသက် ၂၈ နှစ်အရွယ် လူနာတစ်ဦးကို ဝတ်ဆင်လမ်းလျှောက်ရာမှာ အောင်မြင်ခဲ့တာဖြစ်ပါတယ်။ ဒီစနစ်ဟာ လေဖြတ်နေတဲ့လူနာတွေအတွက် ဦးနှောက်အချက်ပြလှိုင်းကို အသုံးပြုပြီး ကွန်ပြူတာစနစ်နဲ့ပေါင်းစပ်ကာ ကူညီနိုင်ဖို့အတွက် အလွန်နီးစပ်လာတဲ့ အဆင့်တစ်ခုဖြစ်ပြီး Exoskeleton ကရှေ့ပြေးနမူနာပုံစံတစ်ခုဖြစ်တယ်လို့ စမ်းသပ်မှုမှာဦးဆောင်ပါဝင်တဲ့ သုတေသီတွေက ပြောပါတယ်။   Exoskeleton မှာ ဦးနှောက်ကအချက်ပြလှိုင်းတွေကို အာရုံခံစုစည်းပြီး…
Read More
VOM News
FREE
VIEW