ဖေ့စ်ဘွတ်ခ် မက်ဆင်ဂျာမှာ မှားပို့မိတဲ့စာတွေ ပြန်ဖျက်နိုင်တဲ့ Unsend Message လုပ်ဆောင်ချက် ထည့်သွင်းတော့မည်

 

ဝါရှင်တန်၊ နိုဝင်ဘာ-၁၀

မျိုးဆက်

ဖေ့စ်ဘွတ်ခ်မက်ဆင်ဂျာမှာ မှာပို့မိတဲ့စာတွေကို ပြန်ဖျက်နိုင်တဲ့ Unsend Message လုပ်ဆောင်ချက်ကို ဖေ့စ်ဘွတ်ခ်က မကြာမီထည့်သွင်းတော့မှာဖြစ်ပါတယ်။

ယခင်က မက်ဆေ့ခ်ျတွေဖျက်တဲ့ လုပ်ဆောင်ချက်ဟာ  ဖျက်လိုက်သူရဲ့ မက်ဆင်ဂျာမှာသာ ပျက်သွားပြီး အခြားသူရဲ့ ဘက်မှာတော့ မက်ဆေ့ခ်ျတွေ ကျန်နေဦးမှာဖြစ်ပါတယ်။

ဒါပေမယ့် အခု Unsend Message လုပ်ဆောင်ချက်ကတော့ နှစ်ဘက်လုံးရဲ့ မက်ဆင်ဂျာမှာပါ မှားပို့မိတာတွေ ပျက်သွားမှာဖြစ်ပြီး အချိန် ဆယ်မိနစ်အတွင်း ပို့ထားတဲ့ မက်ဆေ့ခ်ျတွေကိုသာ ဖျက်နိုင်မှာဖြစ်ပါတယ်။

ဒီလိုလုပ် လုပ်ဆောင်ချက်ကိုGoogle ကလည်း သူ့ရဲ့  Gmail ၀န်ဆောင်မှု မှာ အချိန်အနည်းငယ်အတွင်း ပို့ပြီးသား အီးမေးလ်တွေကို ပြန်ဖျက်နိုင်တဲ့ Undo လုပ်ဆောင်ချက်ထည့်သွင်းထားပြီး ဖေ့စ်ဘွတ်ခ်ရဲ့ Whatapp မှာတော့ တစ်နာရီအတွင်း ပေးပို့ထားတဲ့ မက်ဆေ့ခ်ျတွေကို ဖျက်နိုင်ပါတယ်။

မကြာမီမှာ ထည့်သွင်းတော့မယ့် ဖေ့စ်ဘွတ်ခ်ရဲ့ Unsend Message လုပ်ဆောင်ချက်ကိုတော့ လတ်တလောမှာ IOS Device တွေရဲ့ Messenger Version 191.0 မှာသည် အသုံးပြုနိုင်ဦးမှာဖြစ်ပြီး များမကြာခင်မှာ Android တွေအတွက်ပါ ထည့်သွင်းပေးဖို့ရှိပါတယ်။

ဖေ့စ်ဘွတ်ခ်အနေနဲ့ မက်ဆင်ဂျာမှာ ဒီလိုလုပ်ဆောင်ချက်အပြင် ယခုနှစ်ပိုင်းအတွင်းမှာ ခေတ်စားလာတဲ့ TipTok လိုမျိုး သီးချင်းသီဆိုပြီး ပြန်လည်မျှဝေနိုင်တဲ့ Lasso လို့အမည်ပေးထားတဲ့ အပလီကေးရှင်းတစ်ခုကို ဖေ့စ်ဘွတ်က ဖန်တီးလိုက်ပြီဖြစ်ပါတယ်။

Ref : Techradar

Photo- Facebook

Related posts

Leave a Comment

VOM News

FREE
VIEW