ကာလီဖိုးနီးယား တောမီးအရှိန်ပြင်းနေ၊ လူကိုးဦးသေဆုံးပြီး နှစ်သိန်းခွဲကျော်ဘေးလွတ်ရာရွှေ့ပြောင်း
ကာလီဖိုးနီးယား ၊နိုဝင်ဘာ-၁၀ မျိုးဆက် (VOM) အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ တောမီးလောင်ကျွမ်းမှုဟာ ဆက်လက်ပြီး အရှိန်ပြင်းစွာလောင်ကျွမ်းလျှက်ရှိတာကြောင့် လူကိုးဦးသေဆုံးခဲ့ပြီး လူတစ်သိန်းခွဲကျော်ကိုလည်း ဘေးလွတ်ရာကိုရွှေ့ပြောင်းပေးလိုက်ရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ လော့စ်အိန်ဂျလိစ်မြို့အနောက်ဖက် မှာလောင်ကျွမ်းနေတဲ့ တောမီးဟာ အထင်ကရ အဝေးပြေး လမ်းမကြီးတစ်ခုပေါ်ကို အရှိန်အဟုန်ပြင်းပြင်းနဲ့ ကူးစက်လောင်ကျွမ်းနေပြီး မာလီဘူးကမ်း ခြေရှိရာမြို့အပါအဝင် ကမ်းရိုးတန်း ဒေသတွေကလည်း ကူးစက်လောင်ကျွမ်းနေပါတယ်။ မြောက်ပိုင်း စကရာမန်တူဒေသအနီး တောင်မီးလောင်ကျွမ်းမှုကြောင့်ပျက်စီးသွား မြို့တစ်မြို့မှ ကားများတွေထဲမှ သေဆုံးနေသူ ငါးဦးကို တွေ့ရှိခဲပြီး တောမီးကြောင့် စုစုပေါင်း လူကိုဦးသေဆုံးကာ ၃၅ ဦးပျောက်ဆုံးနေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ တောမီးဟာ လက်ရှိမှာတော့ ကယ်လီဖိုးနီးယားပြည်နယ်အတွင်း နေရာသုံးနေရာမှာအကြီးအကျယ်လောင် ကျွမ်းနေပြီး လေပြင်းများတိုက်ခတ်မှုကြောင့်လျင်မြန်စွာ မီးကူးစက် လောင်ကျွမ်း လျက်ရှိပါတယ်။ တောမီးဟာ အလျင်အမြန်လောင်ကျွမ်းပြန့်နှံ့နေပြီး လော့စ်အိန်ဂျလိစ်မြို့အနောက်ဖက် အဓိကကျတဲ့ အမှတ် ၁၀၁ အမြန်လမ်းမကြီးကိုကျော်ပြီး ဆက်လက်လောင်ကျွမ်းနေတယ်လို့ သိရပါတယ်။…
Read More
မုန်းစွဲဇာတ်ကားမှာ ပါဝင်တဲ့ ညီဖြစ်သူ မင်းသွေးအကြောင်း ပြောလာတဲ့ နေတိုး
  ရန်ကုန် နိုဝင်ဘာ ၁၀ ၂၀၁၈ သင်းသဒ္ဒါ (VOM) ဆရာတော်အရှင်ဆန္ဒာဓိကရဲ့ ကိုယ်တွေ့ဖြစ်ရပ်မှန် တရားတော် “အသေလှတဲ့သူ” တရားတော်ကို ပုံဖော်ရိုက်ထားတဲ့ “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီးမှာ နေတိုး၊ ကျော်ကျော်ဗိုလ်၊ ဖွေးဖွေး၊ အေးဝတ်ရည်သောင်း စတဲ့ အနုပညာရှင်တွေနဲ့အတူ ပါဝင်သရုပ်ဆောင်ထားတာကတော့ မင်းသွေးလည်းပါပါတယ်။ ညီဖြစ်သူ မင်းသွေးနဲ့ ပတ်သက်ပြီးတော့ နေတိုးက ” ကျွန်တော်အတွက် ကြီးမားတဲ့ အမှတ် တရ ကတော့ မင်းသွေးမရှိတော့တာပါပဲ။ ဒီဇာတ်ကားကို ပြန်ပြီးလည်း မကြည့်ခဲ့ရဘူး။အကြိမ် ကြိမ်ပြန်ကြည့်ဖို့ ချိန်းခဲ့ပေမယ့် ကျွန်တော်ပဲ ကြည့်ခွင့်ရခဲ့ပါတယ်။ သူ့အနေနဲ့ ကြည့်ဖို့ ကံမပါလာခဲ့ဘူးပေါ့။သူ့ ဒီ ဇာတ်ကားကို အ ရမ်းလည်း ကြိုးစားထားတယ်။ကျွန်တော်ထက်တောင် စိတ်နှစ်ပြီး ကြိုးစားခဲ့တယ်။သူ့ ဘ၀အတွက်လည်း တကယ်အမှတ်တရတွေဖြစ်ခဲ့ပါတယ်။သေခြင်းတရားပေါ်မှာ သူကိုယ်တိုင်အစွဲဖြတ်နိုင်အောင် အသိတရားနဲ့ လမ်းပြပေးခဲ့တယ်လို့ ကျွန်တော်မြင်ပါတယ်”ဟု ပြောပါတယ်။ ဒီဇာတ်ကားကတော့ ၁၉၅၉ခုနှစ်ဝန်းကျင်က…
Read More
ဖေ့စ်ဘွတ်ခ် မက်ဆင်ဂျာမှာ မှားပို့မိတဲ့စာတွေ ပြန်ဖျက်နိုင်တဲ့ Unsend Message လုပ်ဆောင်ချက် ထည့်သွင်းတော့မည်
Read More
ရေစကြိုမြို့နယ် ဇီကုန်းရွာ တောင်သူတွေ မြေနုကျွန်းကိစ္စ ဆန္ဒပြ
  ရေစကြို နိုဝင်ဘာ ၉ ၂၀၁၈ အောင်မြင့် ပခုက္ကူ(Voice Of Myanmar) ပခုက္ကူခရိုင် ရေစကြိုမြို့နယ် ဇီကုန်းကျေးရွာ အုပ်ချုပ်ရေးမှုနဲ့ ရပ်ကျေးလယ်စီကော်မတီဝင်နှစ်ဦးပေါင်းကာ ဇီကုန်းရွာပိုင် မြေနုကျွန်းကို လေလံရောင်းခဲ့ပါတယ်။ ဒီလိုလေလံရောင်းချရာမှာ ၅ နှစ်စာ လုပ်ကိုင်ခွင့်ကို သိန်း ၁၃၀ နဲ့ရောင်းချခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ဒီလေလံရောင်းချခဲ့သူ အုပ်ချုပ်ရေးမှူးနဲ့ ရပ်ကျေးလယ်စီကော်မတီဝင်နှစ်ဦးကို အရေးယူပေးရေး၊ ဇီးကုန်းမြေနုကျွန်းကို ဇီးကုန်းကျေးရွာတောင်သူတွေ လုပ်ကိုင်ရရေးဆန္ဒပြခဲ့ကြတာပါ။ အရင်တုန်းကလဲ ခုလို လေလံရောင်းချခဲ့လို့ မြေဧက ၂၀ ကျော်ဆုံးပြီးပြီ ခုလဲကျေးရွာသားတောင်သူတွေက ဆုံးရှုံးမှာ ကျောက်ပြီး တောင်သူလုပ်လိုတာကြောင့် ခုလိုဆန္ဒပြရတာလို့ ဆန္ဒပြခေါင်းဆောင် ဦးဆွေလင်းဦးကပြောပါတယ်။ ခုလိုရောင်းချလိုက်တဲ့မြေနုကျွန်းက ဧက ၇၀ ကျော်ရှိကာ နောက်ထပ်ရေကျလို့ ထပ်ပေါ်လာမှာက ၃၀ လောက်ရှိတယ်လို့လဲ ပြောပါတယ်။ ဒီကိစ္စကို ရေစကြိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနနဲ့ မြို့နယ်မြေစာရင်းဌာနကို တိုင်ကြားခဲ့တာကြောင့်ရေစကြိုမြို့နယ် လယ်ယာမြေစိစစ်ရေးကော်မတီက ခေါ်ယူစစ်ဆေးကာ လေလံရောင်းချထားတာက…
Read More
VOM News
FREE
VIEW