ကာလီဖိုးနီးယား တောမီးအရှိန်ပြင်းနေ၊ လူကိုးဦးသေဆုံးပြီး နှစ်သိန်းခွဲကျော်ဘေးလွတ်ရာရွှေ့ပြောင်း

ကာလီဖိုးနီးယား ၊နိုဝင်ဘာ-၁၀
မျိုးဆက် (VOM)

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ တောမီးလောင်ကျွမ်းမှုဟာ ဆက်လက်ပြီး အရှိန်ပြင်းစွာလောင်ကျွမ်းလျှက်ရှိတာကြောင့် လူကိုးဦးသေဆုံးခဲ့ပြီး လူတစ်သိန်းခွဲကျော်ကိုလည်း ဘေးလွတ်ရာကိုရွှေ့ပြောင်းပေးလိုက်ရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

လော့စ်အိန်ဂျလိစ်မြို့အနောက်ဖက် မှာလောင်ကျွမ်းနေတဲ့ တောမီးဟာ အထင်ကရ အဝေးပြေး လမ်းမကြီးတစ်ခုပေါ်ကို အရှိန်အဟုန်ပြင်းပြင်းနဲ့ ကူးစက်လောင်ကျွမ်းနေပြီး မာလီဘူးကမ်း ခြေရှိရာမြို့အပါအဝင် ကမ်းရိုးတန်း ဒေသတွေကလည်း ကူးစက်လောင်ကျွမ်းနေပါတယ်။

မြောက်ပိုင်း စကရာမန်တူဒေသအနီး တောင်မီးလောင်ကျွမ်းမှုကြောင့်ပျက်စီးသွား မြို့တစ်မြို့မှ ကားများတွေထဲမှ သေဆုံးနေသူ ငါးဦးကို တွေ့ရှိခဲပြီး တောမီးကြောင့် စုစုပေါင်း လူကိုဦးသေဆုံးကာ ၃၅ ဦးပျောက်ဆုံးနေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

တောမီးဟာ လက်ရှိမှာတော့ ကယ်လီဖိုးနီးယားပြည်နယ်အတွင်း နေရာသုံးနေရာမှာအကြီးအကျယ်လောင် ကျွမ်းနေပြီး လေပြင်းများတိုက်ခတ်မှုကြောင့်လျင်မြန်စွာ မီးကူးစက် လောင်ကျွမ်း လျက်ရှိပါတယ်။

တောမီးဟာ အလျင်အမြန်လောင်ကျွမ်းပြန့်နှံ့နေပြီး လော့စ်အိန်ဂျလိစ်မြို့အနောက်ဖက် အဓိကကျတဲ့ အမှတ် ၁၀၁ အမြန်လမ်းမကြီးကိုကျော်ပြီး ဆက်လက်လောင်ကျွမ်းနေတယ်လို့ သိရပါတယ်။

Ref: BBC
Photo-Reuter

Related posts

Leave a Comment

VOM News

FREE
VIEW