မီးနီရပ်နေတဲ့ဆိုင်ကယ်ကို ဝင်တိုက်လို့ လူနှစ်ယောက်သေတဲ့ကိစ္စ ပြိုင်ကားပိုင်ရှင်ဘက်က ဘာပြောသလဲ

  မန္တလေး နိုဝင်ဘာ ၁၁-၂၀၁၈ ဟိန်းကို (VOM) ၂၀၁၈ခုနှစ် နိုဝင်ဘာ(၈)ရက်နေ့ညပိုင်းက မန္တလေးမြို့၊အောင်မြေသာစံမြို့နယ် ၊ ၇၈လမ်း နဲ့ ၂၆လမ်း ဒေါင့်မှာ လူငယ်နှစ်ဦးဟာ ဆိုင်ကယ်နဲ့မီးပွိုင့်မီးနေတာကို စောင့်နေတဲ့အချိန် နောက်ကနေ Lexus အမျိုးအစား ပြိုင်ကားအနီရောင်က ၀င်တိုက်မှုကြောင့် ဆိုင်ကယ်ပေါ်ပါ လူနှစ်ဦး သေဆုံးမှုဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အဲဒီဖြစ်စဉ်မှာ ပြိုင်ကားအနီရောင် ကားပိုင်ရှင်ဟာ ကားကိုတခြားသူကိုငှားလိုက်တာဖြစ်တာမို့ ကောလဟလဖြစ်နေတဲ့ လူစားလဲတယ်ဆိုတာ မဟုတ်မှန်ကြောင်း ဒီနေ့ နိုဝင်ဘာ(၁၁)ရက် နေ့လည်ပိုင်းက မန္တလေး မီဒီယာစင်မှာပြုလုပ်တဲ့ သတင်းစားရှင်းပွဲ မှာ ပြောခဲ့ပါတယ်။ လက်ရှိမှာ ပြိုင်ကားနဲ့ ဆိုင်ကယ်ကိုတိုက်လိုက်တဲ့ ယာဉ်မောင်းကို ၊ နယ်မြေခံ အမှတ်(၂)ရဲစခန်းက ယာဉ်(ပ)၁၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က (ပေါ့လျော့မှုကြောင့်လူသေမှု)၊ (ပ)၄၂၀/ ၂၀၁၈၊ပြည်သူပိုင်ပစ္စည်းကို ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၆(၁)တို့နဲ့ အမှုဖွင့်စစ်ဆေးလျက်ရှိတယ်လို့ သိရပါတယ်။ #voiceofmyanmar #မန္တလေးပြိုင်ကားတိုက်မှု

Read More

အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှု အလုပ်မဖြစ်ဘူးလို့ အီရန်သမ္မတရူဟာနီ တုံ့ပြန်

  တီဟီရန်၊ နိုဝင်ဘာ-၁၁-၂၀၁၈ မျိုးဆက် (VOM) အီရန်နိုင်ငံအပေါ် အမေရိကန်ဟာ ယခင်ကတည်းက အရေးယူပိတ်ဆို့မှုတွေ ချထားတဲ့အတွက် အခု နောက်ဆုံးချမှတ်လိုက်တဲ့ အရေးယူပိတ်ဆို့မှုတွေက အလုပ်မဖြစ်ဘဲ အီရန်၏ စီးပွားရေးအပေါ် သက်ရောက်ခြင်းမရှိဘူးလို့ အီရန်သမ္မတ ရူဟာနီက နိုဝင်ဘာ ၁၀ ရက်မှာ ပြောဆိုလိုက်ပါတယ်။ အမေရိကန်ဟာ ရှိသမျှနည်းလမ်းတွေနဲ့ အရေးယူပိတ်ဆို့မှုအားလုံးကို အသုံးပြုပြီးဖြစ်တာကြောင့် အီရန်စီးပွားရေးအပေါ် မည်သည့်သက်ရောက်မှုမှမရှိဘဲ မိမိတို့ကို ဆန့်ကျင်ဖို့အတွက် အသုံးပြုဖို့ နောက်ထပ် နည်းလမ်း အသစ်မရှိတော့ဘူးလို့ ရုပ်မြင်သံကြားမိန့်ခွန်းတစ်ရပ်မှာ ရူဟာနီက ပြောဆိုလိုက်တာဖြစ်ပါတယ်။ အီရန်နျူကလီးယားသဘောတူညီချက်ဟာ ချို့ယွင်းချက်တွေရှိနေတဲ့ အဆိုးရွားဆုံး သဘောတူညီချက် လို့သတ်မှတ်ပြီး အီရန်နဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွအကြား ၂၀၁၅ ခုနှစ်က ချုပ်ဆိုထားတဲ့ စာချုပ်ကနေ မေလအတွင်းက အမေရိကန်နှုတ်ထွက်လိုက်ပြီးနောက်မှာတော့ အီရန်ရဲ့ ရေနံကဏ္ဍကိုအဓိက ပစ်မှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို အမေရိကန်က နိုဝင်ဘာ ၄ ရက်မှာ ပြန်လည်ချမှတ်လိုက်ပါတယ်။…

Read More

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ နောက်ဆုံးအခြေအနေ

ရွေးကောက်ပွဲကော်မရှင်တွေက အချက်လက်မပြည့်စုံသေးလို့ မကြေညာသေးပေမယ့် Voice Of Myanmar က စုံစမ်းထားတဲ့ အောက်ခြေပါတီတွေရဲ့ ကနဦးသတင်းပေးပို့ချက် နောက်ဆုံး အခြေအနေအရတော့  ပြည်သူ့လွှတ်တော် အတွက် လစ်လပ်နေရာတွေဖြစ်တဲ့ ချင်းပြည်နယ် ကန်ပက်လက်မှာ လက်ရှိအခြေအနေရ အန်အယ်ဒီပါတီက မသွေမကွာ ဦးဆောင်နေသလို ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီက ကပ်လိုက်နေပါတယ်။ ဆက်သွယ်ရေးမကောင်းတဲ့ရွာတွေက မဲလက်မှတ်တွေ ကျန်နေပါသေးတယ်။ မန္တလေးတိုင်းမြင်းခြံအခြေအနေကတော့ အန်အယ်လ်ဒီ အောက်ခြေပါတီဝင်တွေရဲ့ ပေးပို့ချက်တွေအရ အန်အယ်လ်ဒီက အပြတ်အသတ်အသာရသွားပါတယ်။ ရန်ကုန်တိုင်း တာမွေမှာလည်း ထိုနည်း၎င်းပါဘဲ အန်အယ်လ်ဒီအနိုင်ရဖို့ရှိပါတယ်။ ရှမ်းပြည်နယ် လဲချားမှာတော့ ကျားခေါင်းပါတီက အသာစီးရပြီး အောင်ပွဲခံနေတာတွေကို မြင်တွေ့ရပါတယ်။   ကချင်ပြည်နယ် အမျိုးသားလွှတ်တော်အမှတ် ၂ နေရာ မြစ်ကြီးနား မဲဆန္ဒနယ်မှာတော့   ပြည်ခိုင်ဖြိုးပါတီက အန်အယ်လ်ဒီနဲ့ ကချင်ဒီမိုကရက်တစ်ပါတီ ( KDP) တွေရဲ့ မဲရလာဒ်ထက် ၅ထောင်အသာစီးရနေပါတယ်။   တိုင်းဒေသကြီးနဲ့…

Read More

စစ်ကိုင်း ဧမြဇေယျာချောင်က လက်ထောက်သီလရှင်ကို ဆွဲထုတ်ခံရတဲ့ကိစ္စ သတင်းစာရှင်းလင်း

စစ်ကိုင်း အောက်တိုဘာ ၂၈၊ ၂၀၁၈ တာရာ စစ်ကိုင်းမြို့၊ပါရမီရပ်ကွက် ဧမြဇေယျာချောင်မှ ချောင်လက်ထောက်သီလရှင်ဆရာကြီးကို ကျောင်းတိုက် အတွင်းက ဆွဲနှင်ထုတ်ခြင်းခံရတဲ့ ကိစ္စနှင့်ပက်သတ်ပြီး ဒီနေ့ နံနက်ပိုင်းက ထိုကျောင်းတိုက်မျက်နှာခြင်းဆိုင်နေအိမ်မှာ ဆွေမျိုးတော်စပ်သူတွေက သတင်းစာရှင်းလင်း ပွဲပြုလုပ်ခဲ့ပါတယ်။ ဧမြဇေယျာချောင်၊ဝိမလာရာမတိုက်မှာ သီတင်းသုံးနေထိုင်တဲ့ ဆရာကြီး ဒေါ်ကေသာဝတီ နဲ့ ကျန်းမာရေးမကောင်းမွန်တဲ့ အသက်၉၀ကျော်အရွယ် ၎င်းရဲ့ဖခင် တို့ကို ယခုလ ၂၅ရက်နေ့က ထိုကျောင်းအားပိုင်ဆိုင်သူဟုဆိုတဲ့ သီလရှင်ဆရာကြီး ဒေါ်သီတလကာမီနဲ့ အဖွဲ့က ကျောင်းတိုက်အတွင်းနေထိုင်ခြင်းမရှိစေရန် ဆွဲနှင်ထုတ်ခြင်းများ လုပ်ခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲက သိရပါတယ်။ “ဒီကျောင်းတိုက်လွှဲပြောင်းခြင်းစာချုပ်မှာ လက်မှတ်အတုထိုးပြီး ရယူထားတာကိုလည်း အဆင့်ဆင့်ကိုတင်ပြထားပါတယ်၊ဆရာကြီး ဒေါ်သီတလကာမီ အရင်က ဒီမှာ တရက်မှာလည်း မနေဘူး၊ဝါလည်း မဆိုဖူးဘူး၊ဆရာလေးရဲ့အမကိုကျောင်းတိုက်က နှင်ထုတ်လို့မရပါဘူး။ နိုင်ငံတော်သံဃာ့နာယက ၄၇ပါးဆုံးဖြတ်ချက်အရ ဧမြဇေယျာချောင်မှာ ဒေါ်ကေသာဝတီကို ရာသက်ပန် သီတင်းသုံးခွင့်ရှိသည်လို့ ဆုံးဖြတ်ထားပြီးသားပါ။ ခုလိုဆွဲနှင်ထုတ်ခြင်းခံရတာက ကျောင်းတိုက်ရဲ့စည်းကမ်းကိုမလိုက်နာလို့တဲ့။ ဆရာလေးရဲ့အဖေနေထိုင်တဲ့အဆောင်လေးဟာ မိုးမလုံပါဘူး။…

Read More

စစ်ကိုင်းတိုင်းလူမှုဝန်ထမ်းဦးစီးဌာနက  အသက် ၈၅ နှစ်နဲ့အထက် အဖိုးအဖွားတွေ စာရင်းကောက်ယူနေ။

အောက်တိုဘာ ၂၁ ၂၀၁၈ ဗျဂ္ဃ (Voice of Myanmar) ၂၀၁၄ ခုနှစ်က အတည်ပြုပြဌာန်းခဲ့တဲ့ မြန်မာနိုင်ငံ လူမှုကာကွယ်စောင့်ရှောက်ရေးမဟာဗျူဟာအရ အသက် ၉၀ နှစ်နဲ့အထက် အဖိုးအဖွားတွေကို လူမှုရေးပင်စင်အဖြစ် ၁ လကို ၁သောင်းကျပ်နဲ့ ၃ လတစ်ကြိမ် ထောက်ပံ့မှုတွေကို ပြီးခဲ့တဲ့နှစ်ကစတင်ကာ ဆောင်ရွက်ခဲ့တာပါ။ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်က စတင်ကာ နောက်ထပ်အနေနဲ့ အသက် ၈၅ နှစ်အထိ လျော့ချလိုက်ပြီး ၃ လပြည့်ချိန် ဒီဇင်ဘာလမှာ ထောက်ပံ့ကြေးပေးအပ်နိုင်အောင် မြို့နယ်အလိုက် စာရင်းကောက်ယူတာတွေ ပြုလုပ်နေတယ်လို့ စစ်ကိုင်းတိုင်း လူမှုဝန်ထမ်းဦးစီးဌာနကသိရပါတယ်။ “အခုဆို ၈၅ နှစ်အထိ လျော့ချလိုက်တဲ့အတွက် ပိုပြီးတော့ များလာမှာဖြစ်ပါတယ်။ ဒါကိုလည်းမြို့နယ်အလိုက် ကိုယ်ရေးရာဇဝင်၊ မှတ်ပုံတင်မိတ္တူ စတာတွေကို အရင်ပုံအတိုင်း ပြန်လည်ကောက်ခံနေပါတယ်။ တချို့မြို့နယ်တွေတော့ ရနေပါပြီ။ တချို့ ဝေးတဲ့မြို့နယ်တွေ ဘာတွေကတော့ ကောက်နေတုန်း။…

Read More

မုံရွာမှာ အရေးပေါ်အသက်ကယ်နည်းနဲ့ ရှေးဦးသူနာပြုစုနည်းသင်တန်း ရန်ကုန် နာကူအသင်းမှဖွင့်

ဦးကျော်သူဦးဆောင်တဲ့ ရန်ကုန် နာရေးကူညီမှုအသင်းနဲ့ မုံရွာက WE LOVE TATTOO ပရဟိတအဖွဲ့ ပူးပေါင်းပြီးတော့ ရှေးဦးသူနာပြုစုနည်းနဲ့ အရေးပေါ်အသက်ကယ်သင်တန်းကို ဇနကာရုံကျောင်းတိုက်၊ ကွေ့ကြီးရပ် မုံရွာမှာ ဖွင့်လှစ်နေပါတယ်။ သင်တန်းကိုဦးဆောင်တဲ့ ရန်ကုန်နာရေးကူညီမှုအသင်း ဥက္ကဌ ဦးကျော်သူက နယ်တွေမှာ အရေးပေါ် လူနာကောက်တဲ့အခါ လူနာသယ်ပုံသယ်နည်း နည်းစနစ်မှန်ကို မသိကြတော့ မသေသင့်ပဲ သေရ မပျက်ဆီးသင့်ပဲ ပျက်စီးရတာတွေ ဖြစ်နေတဲ့အတွက် အဲလိုမျိုးမဖြစ်ရအောင် ဒီသင်တန်းပေးရတာဖြစ်တယ်လို့ ပြောပါတယ်။ ဒီသင်တန်းကို ကနီ၊ ဆားလင်းကြီး၊ ယင်းမာပင်၊ မုံရွာနဲ့ ချောင်းဦးမြို့နယ်တွေက နာရေးကူညီမှုအသင်းတွေနဲ့ လူမှုရေးအသင်းတွေက သင်တန်းသား ၆၂ ဦးတက်ရောက်ပြီး သင်တန်းဆရာ ၁၇ ယောက်က သင်ထောက်ကူ ပစ္စည်းတွေနဲ့ လက်တွေ့သရုပ်ပြ သင်ကြားပေးနေတာဖြစ်ပါတယ်။

Read More
VOM News

FREE
VIEW