မြောက်ကိုရီးယားက ဒုံးပျံတွေထပ်ပြီးစမ်းသပ်၊ အမေရိကန်နဲ့ တင်းမာမှုမြင့်တက်နေ

ဆိုးလ်၊ မေ-၁၀-၂၀၁၉ မျိုးဆက် (VOM)   မြောက်ကိုရီးယားဟာ တစ်ပတ်အတွင်း ဒုတိယအကြိမ်အဖြစ် တာတိုပစ်ဒုံးပျံနှစ်စင်းကို မေ ၉ ရက်နေ့က ပစ်လွှတ်ခဲ့ပြီး အဲဒီနေ့မှာဘဲ အမေရိကန်ကလည်း မြောက်ကိုရီးယား ကုန်တင်သင်္ဘောတစ်စင်းကို ဖမ်းဆီးလိုက်တာကြောင့် နှစ်နိုင်ငံအကြား တင်းမာမှုတွေ ပြန်လည်မြင့်တက်နေပါတယ်။     ဒီလိုဒုံးပျံတွေ ပစ်လွှတ်တာနဲ့ပတ်သက်ပြီး ဘယ်သူမှ ပျှော်ရမှာမဟုတ်ဘူးလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောဆိုလိုက်ပါတယ်။ ဒါပေမယ့် မြောက်ကိုရီးယားနဲ့ နောက်ထပ်ဆွေးနွေးပွဲတွေလုပ်ဖို့ကိုတော့ တံခါးဖွင့်ထားဆဲဖြစ်တယ်လို့ ဆိုပါတယ်။     ဒီိလိုလုပ်ဆောင်တာဟာ ဖေဖော်ဝါရီလအတွင်းက ဆွေးနွေးမှုမအောင်မြင်ခဲ့တဲ့ ဟနွိုင်းဆွေးနွေးပွဲမှာ မြောက်ကိုရီးယားအပေါ် အရေးယူပိတ်ဆို့တာတွေ လျှော့ချဖို့ ငြင်းဆိုခဲ့တဲ့ ဒေါ်နယ်ထရန့်အပေါ် ဆန္ဒပြတဲ့သဘောဖြစ်ဖွယ်ရှိပြီး ဒီလုပ်ရပ်ဟာ ပြသနာပြေလည်မှာမဟုတ်ဘဲ စိုးရိမ်ဖွယ်ဖြစ်တယ်လို့ တောင်ကိုရီးယားဘက်က ပြောပါတယ်။     အမေရိကန်ကလည်း မြောက်ကိုရီးယားအပေါ်ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကိုလျှော့ချပေးဖို့ လက္ခဏာမရှိဘဲ မေ ၉…

Read More
✕
VOM News

FREE
VIEW