ဘူးသီးတောင်မြို့ NLD ဥက္ကဌ ဦးရဲသိန်း တိုက်ပွဲအတွင်းသေဆုံးသွားပြီလို့ အေအေထုတ်ပြန်

ဘူးသီးတောင်မြို့ NLD ဥက္ကဌ ဦးရဲသိန်း တိုက်ပွဲအတွင်းသေဆုံးသွားပြီလို့ အေအေထုတ်ပြန်

ဘူးသီးတောင်၊ ဒီဇင်ဘာ ၂၆-၂၀၁၉
ခိုင်လင်းစံ (VOM)

ဒီဇင်ဘာ ၂၅ ရက်မနက်ပိုင်းကနေ စတင်ပြီးတော့ ဘူးသီးတောင်မြို့နယ်အတွင်းမှာ တပ်မတော်နဲ့ အေအေတို့အကြား တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားခဲ့ကြပြီး တပ်မတော်ဘက်က လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့သလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေကြောင့် ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဘူသီးတောင်မြို့ NLD ဥက္ကဌ ဦးရဲသိန်းဟာ လက်နက်ကြီးကျည်ထိမှန်ပြီး သေဆုံးသွားခဲ့တယ်လို့ အေအေကထုတ်ပြန်ထားပါတယ်။

ဦးရဲ့သိန်းအပါအဝင် ဖမ်းဆီးထိန်းသိမ်းထားသူတွေကို အေအေတပ်စခန်းရှိရာ ပွိုင့် ၄၂၈ ကုန်းမှာ ထိန်းသိမ်းထားရှိတာဖြစ်ပြီး အဲ့ဒီကန်းကို ဘူးသီးတောင်အခြေစိုက် စကခ ၁၅၊ တပ်မဌာနချုပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် အခုလိုသေဆုံးသွားခဲ့ရတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားတာဖြစ်ပါတယ်။

ဦးရဲသိန်းသေဆုံးသွားပြီဆိုတဲ့သတင်းကိုကြားသိရပေမယ့် မယုံကြည်နိုင်သေးကြောင်းနဲ့ ဒီသတင်းတွေကြောင့် စိုးရိမ်မိတယ်လို့ မိသားစုတွေဘက်က ပြောဆိုပါတယ်။

“မသိရ မမြင်ရတဲ့အတွက်ကြောင့် ကျွန်တော်တို့ အတည်ပြုလို့မရပါဘူး။ သတင်းတွေမှာပဲကြားရတာ ဖြစ်တယ် ။ အခုအချိန်မှာ မိသားစုအနေနဲ့ အလွန်တရာ စိတ်မူ စိတ်ဆာ များရပါတယ်။ အမှန်တကယ်သေတယ်ဆိုတာ မြင်ရမှပဲယုံမယ်။ အခုတော့ဘာမှလည်းမမြင်ရဘူး ဒါကြောင့် ယုံကြည်မှူမရှိပါဘူး။ ” လို့ ဘူးသီးတောင် NLD ဥက္ကဌ ဦးရဲသိန်း ရဲ့ညီဖြစ်သူ ဦးအောင်ကိုဆွေက ပြောပါတယ်။

နိုင်ငံတကာတရားရုံး ICJ မှာ လူမျိုးတံုံးသတ်ဖြတ်မှုနဲ့ မြန်မာနိုင်ငံအပေါ် တရားစွဲဆိုခံရမှုကို သွားရောက်ဖြေရှင်းနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပွဲလုပ်ဖို့အတွက် စည်းရုံးရေးခရီးထွက်နေတဲ့ ပါတီဥက္ကဌဦးရဲသိန်းကို ဒီဇင်ဘာ ၁၁ ရက်နေ့မှာ အေအေဘက်ကနေ ဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။

တပ်မတော်ဖက်ကတော့ ဦးရဲသိန်း သေဆုံးမှုဟာ အေအေဖမ်းဆီးသွားစဉ်ကတည်းက သေဆုံးပြီးဖြစ်တယ်ဆိုတာ သူတို့အထောက်အထားရှိတယ်လို့ ဆိုထားပါတယ်။

#voiceofmyanmar #VOM #ဘူးသီးတောင် #NLD #AA #ဦးရဲသိန်း

Zawgyi

ဘူးသီးေတာင္ၿမိဳ႕ NLD ဥကၠဌ ဦးရဲသိန္း တုိက္ပြဲအတြင္းေသဆံုးသြားၿပီလို႔ ေအေအထုတ္ျပန္

ဘူးသီးေတာင္၊ ဒီဇင္ဘာ ၂၆-၂၀၁၉
ခိုင္လင္းစံ (VOM)

ဒီဇင္ဘာ ၂၅ ရက္မနက္ပိုင္းကေန စတင္ၿပီးေတာ့ ဘူးသီးေတာင္ၿမိဳ႕နယ္အတြင္းမွာ တပ္မေတာ္နဲ႔ ေအေအတုိ႔အၾကား တိုက္ပြဲေတြအျပင္းအထန္ျဖစ္ပြားခဲ့ၾကၿပီး တပ္မေတာ္ဘက္က ေလေၾကာင္းတုိက္ခိုက္မႈေတြျပဳလုပ္ခဲ့သလို လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္မႈေတြေၾကာင့္ ဖမ္းဆီးထိန္းသိမ္းထားတဲ့ ဘူသီးေတာင္ၿမိဳ႕ NLD ဥကၠဌ ဦးရဲသိန္းဟာ လက္နက္ႀကီးက်ည္ထိမွန္ၿပီး ေသဆံုးသြားခဲ့တယ္လို႔ ေအေအကထုတ္ျပန္ထားပါတယ္။

ဦးရဲ႕သိန္းအပါအဝင္ ဖမ္းဆီးထိန္းသိမ္းထားသူေတြကို ေအေအတပ္စခန္းရွိရာ ပိြဳင့္ ၄၂၈ ကုန္းမွာ ထိန္းသိမ္းထားရွိတာျဖစ္ၿပီး အဲ့ဒီကန္းကို ဘူးသီးေတာင္အေျခစိုက္ စကခ ၁၅၊ တပ္မဌာနခ်ဳပ္က လက္နက္ႀကီးနဲ႔ ပစ္ခတ္ခဲ့တဲ့အတြက္ အခုလိုေသဆံုးသြားခဲ့ရတာျဖစ္တယ္လို႔ ထုတ္ျပန္ခ်က္မွာ ေရးသားထားတာျဖစ္ပါတယ္။

ဦးရဲသိန္းေသဆံုးသြားၿပီဆိုတဲ့သတင္းကိုၾကားသိရေပမယ့္ မယံုၾကည္ႏိုင္ေသးေၾကာင္းနဲ႔ ဒီသတင္းေတြေၾကာင့္ စိုးရိမ္မိတယ္လို႔ မိသားစုေတြဘက္က ေျပာဆိုပါတယ္။

“မသိရ မျမင္ရတဲ့အတြက္ေၾကာင့္ ကြၽန္ေတာ္တို႔ အတည္ျပဳလို႔မရပါဘူး။ သတင္းေတြမွာပဲၾကားရတာ ျဖစ္တယ္ ။ အခုအခ်ိန္မွာ မိသားစုအေနနဲ႔ အလြန္တရာ စိတ္မူ စိတ္ဆာ မ်ားရပါတယ္။ အမွန္တကယ္ေသတယ္ဆိုတာ ျမင္ရမွပဲယံုမယ္။ အခုေတာ့ဘာမွလည္းမျမင္ရဘူး ဒါေၾကာင့္ ယံုၾကည္မႉမ႐ွိပါဘူး။ ” လို႔ ဘူးသီးေတာင္ NLD ဥကၠဌ ဦးရဲသိန္း ရဲ႕ညီျဖစ္သူ ဦးေအာင္ကိုေဆြက ေျပာပါတယ္။

ႏုိင္ငံတကာတရားရံုး ICJ မွာ လူမ်ိဳးတံံုးသတ္ျဖတ္မႈနဲ႔ ျမန္မာႏုိင္ငံအေပၚ တရားစြဲဆိုခံရမႈကို သြားေရာက္ေျဖရွင္းေနတဲ့ ေဒၚေအာင္ဆန္းစုၾကည္ကို ေထာက္ခံပြဲလုပ္ဖုိ႔အတြက္ စည္းရံုးေရးခရီးထြက္ေနတဲ့ ပါတီဥကၠဌဦးရဲသိန္းကို ဒီဇင္ဘာ ၁၁ ရက္ေန႔မွာ ေအေအဘက္ကေန ဖမ္းဆီးသြားခဲ့တာျဖစ္ပါတယ္။

တပ္မေတာ္ဖက္ကေတာ့ ဦးရဲသိန္း ေသဆံုုးမွဳဟာ ေအေအဖမ္းဆီးသြားစဥ္ကတည္းက ေသဆံုုးျပီးျဖစ္တယ္ဆိုုတာ သူတိုု႕အေထာက္အထားရွိတယ္လိုု႕ ဆိုုထားပါတယ္။

#voiceofmyanmar #VOM #ဘူးသီးေတာင္ #NLD #AA #ဦးရဲသိန္း

Related posts

Leave a Comment

VOM News

FREE
VIEW