အသက်မပြည့်တဲ့ ကလေး၂ဦးကို အဓမ္မပြုကျင့်ခဲ့သူအား ပြစ်ဒဏ်လျှော့လိုက်တဲ့အတွက်နစ်နာသူမိသားစုက ကန့်ကွက်မှုပြုလုပ်

အသက်မပြည့်တဲ့ ကလေး၂ဦးကို အဓမ္မပြုကျင့်ခဲ့သူအား ပြစ်ဒဏ်လျှော့လိုက်တဲ့အတွက်နစ်နာသူမိသားစုက ကန့်ကွက်မှုပြုလုပ်

မန္တလေး၊ သြဂုတ် ၂၆-၂၀၂၀
မှူးသခင်(VOM)

အသက်မပြည့်သေးတဲ့ ကလေးငယ်၂ဦးကို အဓ္ဓမပြုကျင့်ခဲ့တဲ့ တရားခံအား ထောင်ဒဏ် ၄၃ နှစ်ကနေ ထောင်ဒဏ် ၁၇ နှစ်ထိ စစ်ကိုင်းတိုင်းတရားလွှတ်တော်က လျှော့ပေါ့ပစ်ဒဏ် ချလိုက်တာကို ရှုတ်ချတဲ့အနေနဲ့ နစ်နာသူမိသားစုနဲ့ တိုင်းရင်းသားအမျိုးသမီးအဖွဲ့အစည်းတွေက ဒီကနေ့မနက်ပိုင်းက ကလေးမြို့၊ တာဟန်းရပ်ကွက်၊ နေကြာတိုက်ရှေ့မှာ ကန့်ကွက်မှုပြုလုပ်ခဲ့ပါတယ်။

အဓမ္မပြုကျင့်ခံခဲ့ရတဲ့ ကလေး ၂ ဦးရဲ့ ဦးလေးတော်စပ်သူပြောပြတာကတော့ ” ဒီကနေ့ ကျွန်တော်တို့လုပ်ရတဲ့ပွဲရဲ့ ရည်ရွယ်ချက်ကတော့ အဓိက တရားမျှတမှုရချင်လို့ပေါ့၊ မြိုနယ်၊ ခရိုင်ကနေ ၄၃နှစ်ချထားပြီးသားကို တိုင်းတရားရုံးကနေပြီးတော့ ၂၆နှစ်လျှော့ချလိုက်တယ်၊ ဘာဖြစ်လို့သက်ငယ်မုဒိန်းကို ဒီလိုလျှော့သလဲဆိုတာကို သိချင်ပါတယ်”လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ၂၀၁၇ နှစ်က အသက် ၁၂ နှစ်နဲ့ ၁၃ နှစ်အရွယ် တစ်ဝမ်းကွဲ ညီ အမနှစ်ဦးကို ဒေသခံတရားဟောဆရာတစ်ဦးက အဓမ္မပြုကျင့်ခဲ့ပြီး တစ်နှစ်နခ့်အကြာမှာ ကလေးခရိုင်တရားရုံးကနေ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၄၃နှစ် ချမှတ်ခဲ့တာဖြစ်ပါတယ်။

အသက် ၃၆ နှစ်အရွယ် တရားဟောဆရာ ဗျက်လားကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆အရ အလုပ်နဲ့ထောင်ဒဏ် နှစ်၂၀ စီ စုစုပေါင်း ၄၀ နှစ်၊ ရာဇသတ်ကြီးပုဒ်မ- ၅၀၆(ပ) အရ အလုပ်နဲ့ထောင်ဒဏ် ၂ နှစ် ၊ ရာဇသတ်ကြီးပုဒ်မ ၃၂၃ အရ အလုပ်နဲ့ထောင်ဒဏ် ၁ နှစ် ချမှတ်ခံခဲ့ပေမယ့် စစ်ကိုင်းတိုင်းတရားရုံးက ပြင်ဆင်ချက်ကို ထောင်ဒဏ် ၁၇ နှစ်အထိလျော့ချပေးခဲ့တာအတွက် မိသားစုဝင်တွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ပြင်း
ပြင်းထန်ထန် ကန့်ကွက်နေကြတာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ကလေး

Zawgyi

အသက္မျပည့္တဲ့ ကေလး၂ဦးကို အဓမၼျပဳက်င့္ခဲ့သူအား ျပစ္ဒဏ္ေလွ်ာ့လိုက္တဲ့အတြက္နစ္နာသူမိသားစုက ကန္႔ကြက္မႈျပဳလုပ္

မႏၲေလး၊ ၾသဂုတ္ ၂၆-၂၀၂၀
မႉးသခင္(VOM)

အသက္မျပည္႔ေသးတဲ့ ကေလးငယ္၂ဦးကို အဓၶမျပဳက်င့္ခဲ့တဲ့ တရားခံအား ေထာင္ဒဏ္ ၄၃ ႏွစ္ကေန ေထာင္ဒဏ္ ၁၇ ႏွစ္ထိ စစ္ကိ္ုင္းတိုင္းတရားလႊတ္ေတာ္က ေလွ်ာ့ေပါ့ပစ္ဒဏ္ ခ်လိုက္တာကို ရႈတ္ခ်တဲ့အေနနဲ႔ နစ္နာသူမိသားစုနဲ႔ တိုင္းရင္းသားအမ်ိဳးသမီးအဖြဲ႔အစည္းေတြက ဒီကေန႔မနက္ပိုင္းက ကေလးၿမိဳ႔၊ တာဟန္းရပ္ကြက္၊ ေနၾကာတိုက္ေရွ႕မွာ ကန္႔ကြက္မႈျပဳလုပ္ခဲ့ပါတယ္။

အဓမၼျပဳက်င့္ခံခဲ့ရတဲ့ ကေလး ၂ ဦးရဲ႕ ဦးေလးေတာ္စပ္သူေျပာျပတာကေတာ့ ” ဒီကေန႔ ကြၽန္ေတာ္တို႔လုပ္ရတဲ့ပြဲရဲ႕ ရည္႐ြယ္ခ်က္ကေတာ့ အဓိက တရားမွ်တမႈရခ်င္လို႔ေပါ့၊ ၿမိဳနယ္၊ ခ႐ိုင္ကေန ၄၃ႏွစ္ခ်ထားၿပီးသားကို တိုင္းတရား႐ုံးကေနၿပီးေတာ့ ၂၆ႏွစ္ေလွ်ာ့ခ်လိုက္တယ္၊ ဘာျဖစ္လို႔သက္ငယ္မုဒိန္းကို ဒီလိုေလွ်ာ့သလဲဆိုတာကို သိခ်င္ပါတယ္”လို႔ ေျပာပါတယ္။

စစ္ကိုင္းတိုင္း၊ ကေလးၿမိဳ႕မွာ၂၀၁၇ ႏွစ္က အသက္ ၁၂ ႏွစ္နဲ႔ ၁၃ ႏွစ္အ႐ြယ္ တစ္ဝမ္းကြဲ ညီ အမႏွစ္ဦးကို ေဒသခံတရားေဟာဆရာတစ္ဦးက အဓမၼျပဳက်င့္ခဲ့ၿပီး တစ္ႏွစ္နခ႔္အၾကာမွာ ကေလးခ႐ိုင္တရား႐ုံးကေန အလုပ္ၾကမ္းနဲ႔ေထာင္ဒဏ္ ၄၃ႏွစ္ ခ်မွတ္ခဲ့တာျဖစ္ပါတယ္။

အသက္ ၃၆ ႏွစ္အ႐ြယ္ တရားေဟာဆရာ ဗ်က္လားကို ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၇၆အရ အလုပ္နဲ႔ေထာင္ဒဏ္ ႏွစ္၂၀ စီ စုစုေပါင္း ၄၀ ႏွစ္၊ ရာဇသတ္ႀကီးပုဒ္မ- ၅၀၆(ပ) အရ အလုပ္နဲ႔ေထာင္ဒဏ္ ၂ ႏွစ္ ၊ ရာဇသတ္ႀကီးပုဒ္မ ၃၂၃ အရ အလုပ္နဲ႔ေထာင္ဒဏ္ ၁ ႏွစ္ ခ်မွတ္ခံခဲ့ေပမယ့္ စစ္ကိုင္းတိုင္းတရား႐ုံးက ျပင္ဆင္ခ်က္ကို ေထာင္ဒဏ္ ၁၇ ႏွစ္အထိေလ်ာ့ခ်ေပးခဲ့တာအတြက္ မိသားစုဝင္ေတြနဲ႔ အရပ္ဘက္အဖြဲ႕အစည္းေတြက ျပင္း
ျပင္းထန္ထန္ ကန႔္ကြက္ေနၾကတာျဖစ္တယ္လုိ႔ သိရပါတယ္။

#voiceofmyanmar #VOM #ကေလး

Related posts

Leave a Comment

VOM News

FREE
VIEW