နေပြည်တော်ကို ကိုဗစ်ရောဂါကာကွယ်မှုအတွက် အသွားအလာတင်းကြပ်ထားပြီး Swabအဖြေရမှသာ သွားလာခွင့်ရမယ်

နေပြည်တော်ကို ကိုဗစ်ရောဂါကာကွယ်မှုအတွက် အသွားအလာတင်းကြပ်ထားပြီး Swabအဖြေရမှသာ သွားလာခွင့်ရမယ်

နေပြည်တော်၊ စက်တင်ဘာ ၃-၂၀၂၀
ကိုလတ် (VOM)

ကိုဗစ်ရောဂါကာကွယ်မှုအတွက် နေပြည်တော် ဝင်လာသူတွေကို Quarantine ဝင်ခိုင်းပြီးသူတို့ရဲ့ နှာခေါင်း အာခေါင် တို့ဖတ်နာမူနာ (Swab) ရယူစစ်ဆေးထားတဲ့အဖြေပေါ်မူတည်ကာ သွားလာခွင့်ရရှိမှာဖြစ်ပါတယ်။

“နေပြည်တော်ထဲကို ဝင်ရောက်လာတဲ့ ပြည်သူလူထုဟာ ဘယ်ကပဲ လာတာဖြစ်စေ ပထမဆုံးအနေဖြင့် နေပြည်တော်ထဲ သတ်မှတ်ထားတဲ့ Quarantine စင်တာမှာ နှာခေါင်း အာခေါင် တု့ိဖတ် Swab နမူနာယူရမှာဖြစ်တယ်။ အဲ့ Swab နမူနာရရှိတဲ့ အဖြေပေါ်မှာ မူတည်ပြီး သူတို့သွားရောက်ဆောင်ရွက်လိုတဲ့ လုပ်ငန်းနေရာနဲ့ အခြားသွားရောက်လိုတဲ့ နေရာတွေကို ဆက်လက်ဆောင်ရွက်ရမှာဖြစ်တယ်”လို့ ဒက္ခိဏသီရိမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဟန်က ပြောပါတယ်။

အဲ့ဒီလို Q ဝင်ချိန်ကာလအတွင်းနဲ့ Swab အတွက် ကုန်ကျစရိတ်ကိုလည်း ကိုယ်တိုင်ကျခံရမှာဖြစ်ပြီး Swabအတွက် ကုန်ကျစရိတ် ၂ သိန်း ကျော်လောက်ကုန်ကျနိုင်တယ်လို့လည်း သိရပါတယ်။

နေပြည်တော်ကို အကြောင်းကြောင်းအမျိုးမျိုးနဲ့ ဝင်ရောက်လာတဲ့သူတွေဟာ မနေ့စက်တင်ဘာ၂ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ အမိန့်ကြေညာချက်အတိုင်း Quarantine ဝင်ရောက်ခဲ့ကြရပြီး ဒီကနေ့ နေ့လယ်ပိုင်းအထိ ဝန်ထမ်းတွေအပါအဝင် ၈၀ ဦးကျော်ရှိပြီလို့လည်း ဦးသန်းဇော်ဟန်ရဲ့ပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #နေပြည်တော်

Zawgyi

ေနျပည္ေတာ္ကို ကိုဗစ္ေရာဂါကာကြယ္မႈအတြက္ အသြားအလာတင္းၾကပ္ထားၿပီး Swabအေျဖရမွသာ သြားလာခြင္႔ရမယ္

ေနျပည္ေတာ္၊ စက္တင္ဘာ ၃-၂၀၂၀
ကိုလတ္ (VOM)

ကိုဗစ္ေရာဂါကာကြယ္မႈအတြက္ ေနျပည္ေတာ္ ဝင္လာသူေတြကို Quarantine ဝင္ခိုင္းၿပီးသူတို႔ရဲ႕ ႏွာေခါင္း အာေခါင္ တို႔ဖတ္နာမူနာ (Swab) ရယူစစ္ေဆးထားတဲ့အေျဖေပၚမူတည္ကာ သြားလာခြင္႔ရရွိမွာျဖစ္ပါတယ္။

“ေနျပည္ေတာ္ထဲကို ၀င္ေရာက္လာတဲ႔ ျပည္သူလူထုဟာ ဘယ္ကပဲ လာတာျဖစ္ေစ ပထမဆုံးအေနျဖင္႔ ေနျပည္ေတာ္ထဲ သတ္မွတ္ထားတဲ႔ Quarantine စင္တာမွာ ႏွာေခါင္း အာေခါင္ တု႔ိဖတ္ Swab နမူနာယူရမွာျဖစ္တယ္။ အဲ႔ Swab နမူနာရရွိတဲ႔ အေျဖေပၚမွာ မူတည္ၿပီး သူတို႔သြားေရာက္ေဆာင္ရြက္လိုတဲ႔ လုပ္ငန္းေနရာနဲ႔ အျခားသြားေရာက္လိုတဲ႔ ေနရာေတြကို ဆက္လက္ေဆာင္ရြက္ရမွာျဖစ္တယ္”လို႔ ဒကိၡဏသီရိျမဳိ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးသန္းေဇာ္ဟန္က ေျပာပါတယ္။

အဲ႔ဒီလို Q ဝင္ခ်ိန္ကာလအတြင္းနဲ႔ Swab အတြက္ ကုန္က်စရိတ္ကိုလည္း ကိုယ္တိုင္က်ခံရမွာျဖစ္ၿပီး Swabအတြက္ ကုန္က်စရိတ္ ၂ သိန္း ေက်ာ္ေလာက္ကုန္က်ႏိုင္တယ္လို႔လည္း သိရပါတယ္။

ေနျပည္ေတာ္ကို အေၾကာင္းေၾကာင္းအမ်ဳိးမ်ဳိးနဲ႔ ဝင္ေရာက္လာတဲ႔သူေတြဟာ မေန႔စက္တင္ဘာ၂ရက္ေန႔က ထုတ္ျပန္ခဲ႔တဲ႔ အမိန္႔ေၾကညာခ်က္အတိုင္း Quarantine ၀င္ေရာက္ခဲ႔ၾကရၿပီး ဒီကေန႔ ေန႔လယ္ပိုင္းအထိ ဝန္ထမ္းေတြအပါအ၀င္ ၈၀ ဦးေက်ာ္ရွိၿပီလို႔လည္း ဦးသန္းေဇာ္ဟန္ရဲ႔ေျပာျပခ်က္အရ သိရပါတယ္။

#voiceofmyanmar #VOM #ေနျပည္ေတာ္

Related posts

Leave a Comment

VOM News

FREE
VIEW