မြစ်ကြီးနားက ကိုဗစ်ပိုးတွေ့လူနာ စီးနင်းတဲ့ သုံးဘီးယာဉ်နှစ်စင်းကို စုံစမ်းလို့မရသေး
မြစ်ကြီးနား၊ စက်တင်ဘာ ၉-၂၀၂၀
ရန်အောင်ထွန်း(VOM)
မြစ်ကြီးနာမြို့က Covid – 19 ပိုးတွေ့လူနာဟာ ဘူတာကြီးကနေ သူ့ရဲ့နေအိမ်အထိစီးခဲ့တဲ့ သုံးဘီးဆိုင်ကယ်နဲ့ ဆေးရုံကို လိုက်ပို့ပေးခဲ့တဲ့ သုံးဘီးဆိုင်ကယ်ကို စုံစမ်းလို့မရသေးဘူးလို့ ကချင်ပြည်နယ်ပြည်သူ့ကျန်မာရေးဦးစီးဌာနရဲ့ စက်တင်ဘာ ၈ ရက်နေ့ ညပိုင်းမှာထုတ်ပြန်တဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ စက်တင်ဘာလ(၈)ရက်၊ ည(၈)နာရီ ထုတ်ပြန်ချက်မှာတော့ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့က ပိုးတွေ့လူနာ(၁) ဦးပါလာပါခဲ့တာဖြစ်ပါတယ်။
” ဘူတာကနေ အေးမြသာယာရပ်ကွက်က နေအိမ်ကိုပြန်တဲ့အခါ ငှားရမ်းခဲ့တဲ့ သုံးဘီးဆိုင်ကယ်ကို စုံစမ်းလို့မရသေးဘူး”လို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးဇော်ဇော်က ပြောပါတယ်။
အဲ့ဒီလူနာဟာ စက်တင်ဘာလ (၄)ရက် ညနေ(၄)နာရီက ထွက်ခွာလာတဲ့ အမှတ် ၅၅ အဆန် ၊ အမြန်ရထား အထက်တန်းတွဲ(၂) ၊ ခုံအမှတ် (C-3၊ C-4) နဲ့ လိုက်ပါလာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
မြစ်ကြီးနားဘူတာကြီးကို စက်တင်ဘာလ (၅)ရက် နေ့လည် ၁၂နာရီ ခွဲမှာ ရောက်ရှိခဲ့တာဖြစ်ပြီး သူနဲ့အတူ ဆရာတော်တစ်ပါးပါ ရထားအတူ စီးနင်းလိုက်ပါလာတာဖြစ်တယ်လို့လည်း သိရပါတယ်။
အဲ့ဒီ ဆရာတော်တစ်ပါးနဲ့ လူနာရဲ့မိသားစုဝင် ၂ဦး ၊ လူနာရဲ့ နေအိမ်မှာ နေထိုင်သူ (၉) ဦး တို့ကို ဓာတ်ခွဲနမူနာရယူတာ၊ အသွားအလာ ကန့်သတ်တာတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
စက်တင်ဘာလ (၆) ရက်နေ့ မနက်မှာတော့ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူကြပ်တာတွေဖြစ်လာတဲ့အတွက် မြစ်ကြီးနားဆေးရုံကြီးကို သုံးဘီးဆိုင်ကယ် တစ်စီးနဲ့ လာခဲ့တဲ့အတွက် အဲ့ဒီလို လိုက်ပို့ပေးခဲ့တဲ့ သုံးဘီးဆိုင်ကယ်ကိုလည်း ရှာမရသေးဘူးလို့လည်း သိရပါတယ်။
ပိုးတွေ့လူနာဟာ ဩဂုတ်လ (၂၉) ရက်နေ့ကတည်းက မန္တလေးမြို့မှာ နာမကျန်းဖြစ်ပြီး ဆေးခန်း(၃) ကြိမ်ပြသခဲ့တယ်လို့ သိရပြီး ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနကတော့ မန္တလေးမှာ ထိတွေ့ခဲ့သူတွေ၊ သွားလာခဲ့တဲ့နေရာတွေကို မန္တလေးတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနကို သတင်းပေးထားတယ်လို့ သိရပါတယ်။
#voiceofmyanmar #VOM #မြစ်ကြီးနား
Zawgyi
ျမစ္ႀကီးနားက ကိုဗစ္ပိုးေတြ႕လူနာ စီးနင္းတဲ့ သုံးဘီးယာဥ္ႏွစ္စင္းကို စုံစမ္းလို႔မရေသး
ျမစ္ႀကီးနား၊ စက္တင္ဘာ ၉-၂၀၂၀
ရန္ေအာင္ထြန္း(VOM)
ျမစ္ႀကီးနာၿမိဳ႕က Covid – 19 ပိုးေတြ႕လူနာဟာ ဘူတာႀကီးကေန သူ႔ရဲ႔ေနအိမ္အထိစီးခဲ့တဲ့ သုံးဘီးဆိုင္ကယ္နဲ႔ ေဆး႐ုံကို လိုက္ပို႔ေပးခဲ့တဲ့ သုံးဘီးဆိုင္ကယ္ကို စုံစမ္းလို႔မရေသးဘူးလို႔ ကခ်င္ျပည္နယ္ျပည္သူ႔က်န္မာေရးဦးစီးဌာနရဲ႕ စက္တင္ဘာ ၈ ရက္ေန႔ ညပိုင္းမွာထုတ္ျပန္တဲ့ ထုတ္ျပန္ခ်က္အရ သိရပါတယ္။
က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနရဲ႕ စက္တင္ဘာလ(၈)ရက္၊ ည(၈)နာရီ ထုတ္ျပန္ခ်က္မွာေတာ့ ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕က ပိုးေတြ႕လူနာ(၁) ဦးပါလာပါခဲ့တာျဖစ္ပါတယ္။
” ဘူတာကေန ေအးျမသာယာရပ္ကြက္က ေနအိမ္ကိုျပန္တဲ့အခါ ငွားရမ္းခဲ့တဲ့ သုံးဘီးဆိုင္ကယ္ကို စုံစမ္းလို႔မရေသးဘူး”လို႔ ကခ်င္ျပည္နယ္အစိုးရအဖြဲ႕ ၫႊန္ၾကားေရးမႉး ဦးေဇာ္ေဇာ္က ေျပာပါတယ္။
အဲ့ဒီလူနာဟာ စက္တင္ဘာလ (၄)ရက္ ညေန(၄)နာရီက ထြက္ခြာလာတဲ့ အမွတ္ ၅၅ အဆန္ ၊ အျမန္ရထား အထက္တန္းတြဲ(၂) ၊ ခုံအမွတ္ (C-3၊ C-4) နဲ႔ လိုက္ပါလာခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။
ျမစ္ႀကီးနားဘူတာႀကီးကို စက္တင္ဘာလ (၅)ရက္ ေန႔လည္ ၁၂နာရီ ခြဲမွာ ေရာက္ရွိခဲ့တာျဖစ္ၿပီး သူနဲ႔အတူ ဆရာေတာ္တစ္ပါးပါ ရထားအတူ စီးနင္းလိုက္ပါလာတာျဖစ္တယ္လို႔လည္း သိရပါတယ္။
အဲ့ဒီ ဆရာေတာ္တစ္ပါးနဲ႔ လူနာရဲ႕မိသားစုဝင္ ၂ဦး ၊ လူနာရဲ႕ ေနအိမ္မွာ ေနထိုင္သူ (၉) ဦး တို႔ကို ဓာတ္ခြဲနမူနာရယူတာ၊ အသြားအလာ ကန႔္သတ္တာေတြ ေဆာင္႐ြက္ေနတယ္လို႔ သိရပါတယ္။
စက္တင္ဘာလ (၆) ရက္ေန႔ မနက္မွာေတာ့ ဖ်ားျခင္း၊ ေခ်ာင္းဆိုးျခင္း၊ အသက္ရႉၾကပ္တာေတြျဖစ္လာတဲ့အတြက္ ျမစ္ႀကီးနားေဆး႐ုံႀကီးကို သံုးဘီးဆိုင္ကယ္ တစ္စီးနဲ႔ လာခဲ့တဲ့အတြက္ အဲ့ဒီလို လိုက္ပို႔ေပးခဲ့တဲ့ သုံးဘီးဆိုင္ကယ္ကိုလည္း ရွာမရေသးဘူးလို႔လည္း သိရပါတယ္။
ပိုးေတြ႕လူနာဟာ ဩဂုတ္လ (၂၉) ရက္ေန႔ကတည္းက မႏၲေလးၿမိဳ႕မွာ နာမက်န္းျဖစ္ၿပီး ေဆးခန္း(၃) ႀကိမ္ျပသခဲ့တယ္လို႔ သိရၿပီး ကခ်င္ျပည္နယ္ ျပည္သူ႔က်န္းမာေရး ဦးစီးဌာနကေတာ့ မႏၲေလးမွာ ထိေတြ႕ခဲ့သူေတြ၊ သြားလာခဲ့တဲ့ေနရာေတြကို မႏၲေလးတိုင္း ျပည္သူ႔က်န္းမာေရးဦးစီးဌာနကို သတင္းေပးထားတယ္လို႔ သိရပါတယ္။
#voiceofmyanmar #VOM #ျမစ္ႀကီးနား