တရုတ်နိုင်ငံ ဂွမ်ဒေါင်းပြည်နယ်မှာ အဝေးပြေးလမ်းပြိုကျမှုကြောင့် လူ ၂၄ ယောက်သေဆုံး

ပေကျင်း၊ မေ-၂-၂၀၂၄
မျိုးဆက်(VOM)
တရုတ်နိုင်ငံ ဂွမ်ဒေါင်းပြည်နယ်မှာ ရက်အတန်ကြာမိုးရွာသွန်းပြီးနောက် တောင်စောင်းအနီးရှိ အဝေးပြေးလမ်း ပြိုကျမှုကြောင့် လူ ၂၄ ယောက်ထက်မနည်းသေဆုံးသွားပါတယ်။
ဒီမတော်တဆမဟာ မိုင်လောင်းအဝေးပြေးလမ်းရှိ ၅၈ ပေအရှည်ရှိတဲ့ ဖြစ်ပြီး ဒဏ်ရာရသူ ၃၀ ကျော်ကို ဆေးရုံပို့ထားရပါတယ်။ အာဏာပိုင်တွေကတော့ မတော်တဆမှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပါဘူး။
ဆေးရုံတက်နေရတဲ့ ဒဏ်ရာရသူ ၃၀ က အသက်အန္တရာယ်မရှိကြောင်း နဲ့ အခင်းဖြစ်ရာနေရာကို ကယ်ဆယ်ရေးလုပ်သား ၅၀၀ ကျော်စေလွှတ်ထားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ပြိုကျပြီးများမကြာမီ အဝေးပြေးလမ်းအောက်မှ မီးတောက်နဲ့ မီးခိုးများထွက်ပေါ်လာခဲ့ပြီး မော်တော်ယာဉ် အစီး ၂၀ လမ်းပြိုကျမှုကြောင့် ပြုတ်ချခဲ့ကြောင်း တာဝန်ရှိသူများက ပြောပါတယ်။
တရုတ်နိုင်ငံရဲ့ လူဦးရေအများဆုံးဖြစ်တဲ့ ဂွမ်ဒေါင်းပြည်နယ်မှာပြီးခဲ့တဲ့ သီတင်းပတ်က ရုတ်တရက်ရေကြီးရေလျှံမှုတွေကြောင့် လူလေးယောက်သေဆုံးပြီး လူပေါင်း တသိန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ပွားခဲ့ရပါတယ်။
ရေကြီးမှုကြောင့် နေအိမ်၊ စာသင်ကျောင်းနဲ့ အခြေခံအဆောက်အအုံတွေ ပျက်စီးကာ လေယာဉ်ခရီးစဉ် နှောင့်နှေးမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ဒေါ်လာ ၁၉ ဒသမ၄ သန်းဖိုး ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
Ref:BBC
Photo:CCTV/Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW