ဥူးပဇင်း ၃ ပါးက ကိုရင် ၁ ပါးကို ဖုန်းခိုးတယ်ဆိုပြီး ရိုက်နှက်စစ်ဆေးရာကနေ ကိုရင် ပျံလွန်တော်မူ

ဥူးပဇင်း ၃ ပါးက ကိုရင် ၁ ပါးကို ဖုန်းခိုးတယ်ဆိုပြီး ရိုက်နှက်စစ်ဆေးရာကနေ ကိုရင် ပျံလွန်တော်မူ

ပင်လည်ဘူး ၊ စက်တင်ဘာ၂၄-၂၀၂၀
ကိုတိုးကြီး(VOM)

စစ်ကိုင်းတိုင်း ၊ ကသာခရိုင် ၊ ပင်လည်ဘူးမြို့နယ် ၊ ပင်ကြိုင်ကျေးရွာ ပင်ကြိုတောင်ကျောင်းတိုက်မှာ မနေ့ စက်တင်ဘာ ၂၃ရက် ညပိုင်းက သီတင်းသုံးနေထိုင်တဲ့ ကိုရင် ရှင်ရာဇိန္ဒ(ခ)မောင်သစ်ဆန်းကို ဖုန်းခိုးယူတယ်လို့ မသင်္ကာတာကြောင့် ဥူးပဇင်း ၃ ပါးက မီးပလပ်ခုံက ဝါယာကြိုးတွေ ၊ ဝါးခြမ်းပြားတုတ်တွေနဲ့ ရိုက်နှက်စစ်ဆေးတဲ့အတွက် ကိုရင် ၁ပါး ပျံလွန်တော်မူခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ် ။

အခုလိုရိုက်နှက်စစ်ဆေးခဲ့တဲ့ သီတင်သုံး(ဝါကပ်)ထားတဲ့ ဥူးပဇင်း ၃ ပါးကို ပင်လည်ဘူးမြို့မရဲစခန်းက ဒီကနေ့မနက်မှာပဲ လူဝတ်လဲပြီး လူသတ်မှုနဲ့အမှုဖွင့်အရေးယူလိုက်တယ်လို့ ကသာခရိုင်ရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။

“ လူသတ်မှုနဲ့ အရေးယူထားတာ ဟုတ်တယ် ၊ သူတို့နာမည်တွေက တက္ကသီလ ဓမ္မာစရိယ(BA/MA)ဘွဲ့ရ ဆရာတော် ဥူးတေဇနိယ(ခ)မောင်ပြုံး ၊ ဥူးသီရိနန္ဒ (ခ) ဇော်ဝင်းနိုင် နဲ့ ဥူးတေဇိန္ဒ(ခ) နေမျိုးမောင် သူတို့သုံးပါးကို မြို့နယ်သံဃာ့နာယကဆရာတော်တွေက သံဃာ့ကျင့်ဝတ်နဲ့အညီ လူဝတ်လဲပြီး တရားဥပဒေအရ အရေးယူဖို့ ဆောင်ရွက်ခဲ့တာပါ”လို့ ပင်လည်ဘူးမြို့မရဲစခန်းက ရဲဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ရိုက်နှက်စစ်ဆေးခံရတာ ကိုရင်လေးဟာ ရရှိတဲ့ဒဏ်ရာတွေ သက်သာမှုမရှိတာကြောင့် မနေ့ စက်တင်ဘာ ၂၃ရက် ည ၁၁ နာရီအချိန်က ဆေးရုံကိုပို့ဆောင်တဲ့လမ်းမှာပဲ ပျံလွန်တော်မူသွားတာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒါကြောင့် ကိုရင်လေးကို ရိုက်နှက်စစ်ဆေးခဲ့ကြတဲ့ ဥူးပဇင်း ၃ပါးကို လူဝတ်လဲပြီး ပင်လည်ဘူး မြို့မရဲစခန်းက (ပ) ၉၃ / ၂၀၂၀ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၀၂/၁၁၄ အရ အမှုဖွင့်အရေးယူခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ပင်လည်ဘူး #ကိုရင်၁ပါးသေဆုံးမှု

Zawgyi

ဥဴးပဇင္း ၃ ပါးက ကိုရင္ ၁ ပါးကို ဖုန္းခိုးတယ္ဆိုျပီး ရိုက္ႏွက္စစ္ေဆးရာကေန ကိုရင္ ပ်ံလြန္ေတာ္မူ

ပင္လည္ဘူး ၊ စက္တင္ဘာ၂၄-၂၀၂၀
ကိုတိုးၾကီး(VOM)

စစ္ကိုင္းတိုင္း ၊ ကသာခရိုင္ ၊ ပင္လည္ဘူးျမိဳ႕နယ္ ၊ ပင္ၾကိဳင္ေက်းရြာ ပင္ႀကိဳေတာင္ေက်ာင္းတိုက္မွာ မေန႔ စက္တင္ဘာ ၂၃ရက္ ညပိုင္းက သီတင္းသံုးေနထိုင္တဲ႔ ကိုရင္ ရွင္ရာဇိႏၵ(ခ)ေမာင္သစ္ဆန္းကို ဖုန္းခိုးယူတယ္လို႔ မသကၤာတာေၾကာင့္ ဥဴးပဇင္း ၃ ပါးက မီးပလပ္ခံုက ၀ါယာၾကိဳးေတြ ၊ ၀ါးျခမ္းျပားတုတ္ေတြနဲ႔ ရိုက္ႏွက္စစ္ေဆးတဲ့အတြက္ ကိုရင္ ၁ပါး ပ်ံလြန္ေတာ္မူခဲ့တဲ့ျဖစ္စဥ္ ျဖစ္ပြားခဲ့ပါတယ္ ။

အခုလို႐ိုက္ႏွက္စစ္ေဆးခဲ့တဲ့ သီတင္သံုး(၀ါကပ္)ထားတဲ႔ ဥဴးပဇင္း ၃ ပါးကို ပင္လည္ဘူးျမိဳ႕မရဲစခန္းက ဒီကေန႔မနက္မွာပဲ လူ၀တ္လဲျပီး လူသတ္မႈနဲ႔အမႈဖြင္႔အေရးယူလိုက္တယ္လို႔ ကသာခရိုင္ရဲတပ္ဖြဲ႔မွဴးရံုးကေန သိရပါတယ္။

“ လူသတ္မႈနဲ႔ အေရးယူထားတာ ဟုတ္တယ္ ၊ သူတို႔နာမည္ေတြက တကၠသီလ ဓမၼာစရိယ(BA/MA)ဘြဲ႔ရ ဆရာေတာ္ ဥဴးေတဇနိယ(ခ)ေမာင္ျပံဳး ၊ ဥဴးသီရိနႏၵ (ခ) ေဇာ္၀င္းနိုင္ နဲ႔ ဥဴးေတဇိနၵ(ခ) ေနမ်ိဳးေမာင္ သူတို႔သံုးပါးကို ျမိဳ႕နယ္သံဃာ႔နာယကဆရာေတာ္ေတြက သံဃာ႔က်င္႔၀တ္နဲ႔အညီ လူ၀တ္လဲျပီး တရားဥပေဒအရ အေရးယူဖို႔ ေဆာင္ရြက္ခဲ႔တာပါ”လို႔ ပင္လည္ဘူးျမိဳ႕မရဲစခန္းက ရဲ၀န္ထမ္းတစ္ဦးက ေျပာပါတယ္။

ရိုက္ႏွက္စစ္ေဆးခံရတာ ကိုရင္ေလးဟာ ရရွိတဲ့ဒဏ္ရာေတြ သက္သာမႈမရွိတာေၾကာင္႔ မေန႔ စက္တင္ဘာ ၂၃ရက္ ည ၁၁ နာရီအခ်ိန္က ေဆးရံုကိုပို႔ေဆာင္တဲ့လမ္းမွာပဲ ပ်ံလြန္ေတာ္မူသြားတာျဖစ္တယ္လို႔ သိရပါတယ္။

အဲ႔ဒါေၾကာင္႔ ကိုရင္ေလးကို ရိုက္ႏွက္စစ္ေဆးခဲ႔ၾကတဲ႔ ဥဴးပဇင္း ၃ပါးကို လူ၀တ္လဲျပီး ပင္လည္ဘူး ျမိဳ႕မရဲစခန္းက (ပ) ၉၃ / ၂၀၂၀ ရာဇသတ္ၾကီး ဥပေဒပုဒ္မ-၃၀၂/၁၁၄ အရ အမႈဖြင္႔အေရးယူခဲ႔တာျဖစ္တယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #ပင္လည္ဘူး #ကိုရင္၁ပါးေသဆံုးမႈ

Related posts

Leave a Comment

VOM News

FREE
VIEW