ဇာတ်လမ်းကို အဓိက ကြည့်ပြီး ဇာတ်ကားတွေ ရိုက်ကူးဖြစ်တယ်ဆိုတဲ့ နန်းဆုဦး

ရန်ကုန် ဒီဇင်ဘာ ၁၂-၂၀၁၈

သင်းသဒ္ဒါ(VOM)

ဂျစ်ကန်ကန် အမူအယာလေးနဲ့ ပရိသတ်ကို ဆွဲဆောင်ခဲ့တဲ့ သရုပ်ဆောင် နန်းဆုဦးကတော့ အနုပညာနဲ့ ပတ်သက်လာရင်တော့ အဓိကတော့ ဇာတ်လမ်းကို ကြည့်ပြီးပဲ ရိုက်ကူးဖြစ်တယ်လို့ဆိုပါတယ်။

“ဥပမာ-ဇာတ်လမ်းက တခါတလေမကောင်းတဲ့ ဇာတ်လမ်းတွေလည်း ရှိပါတယ်၊ ပရိသတ်အနေနဲ့ ကြည့်လိုက်လို့ ဒီကားကြီးမကောင်းဘူးလို့ မဖြစ်စေချင်ပါဘူး၊ နန်းဆုကားကို ကြည့်လိုက်တဲ့ ပရိသတ်က ဖျော်ဖြေရေးတစ်ခုပဲဖြစ်ဖြစ် တစ်ခုခုကျန်ခဲ့စေချင်တယ်၊ မင်းသားသစ်တယ် ဟောင်းတယ်မကြည့်ပဲ ဇာတ် လမ်းကိုပဲ ကြည့်ပြီးတော့ နန်းဆု ရိုက်ကူးဖြစ်ပါတယ်၊ နန်းဆုက ဘယ်မင်းသားနဲ့ဆိုမရိုက်ဘူးရယ်လို့ မရှိပါဘူး အဓိက ဇာတ်ကြိုက်ရင် တော့ ရိုက်ဖြစ်ပါတယ် “ သူမက ပြောပါတယ်။

သူမကတော့ ဒီဇင်ဘာ ၁၆ ရက်မှာ Canal + Channel ကထုတ်လွှင့်မယ့် ခရီးသွားကောက်ကြောင်း ဇာတ်လမ်းတွဲမှာတော့ အကယ်ဒမီ လူမင်း၊ နိုင်းနိုင်း ၊ ဘုဏ်းသိုက် ၊ခါရာ တို့နဲ့အတူ ပါဝင်သရုပ်ဆောင်ထား တာ လည်း ဖြစ်ပါတယ်။ဒါအပြင် ကြောက်ကြောက်ကြောက် ၂ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်နေပါတယ်။

“နန်းဆုတို့ဆီမှာ ဒါရိုက်တာနဲ့ ပရိုဂျူဆာက လိုက်ဖက်နေရာကို ရွေးချယ်ကမ်းလှမ်းကြတာ များတယ်လေ မင်းသားသစ်၊မင်းသားဟောင်းရယ်လို့ မကြည့်ဖြစ်ပါဘူး၊ နန်းဆုတို့ကတော့ အဲလိုမရွေးဖြစ်ပါဘူး၊ ဘယ် မင်းသားနဲ့ ရိုက်ရင်ကိုယ့်ကို ပိုကြိုက်မယ်လို့ မရှိပါဘူး၊ နန်းဆုက ကိုယ့်ကိုကိုယ်ကြည့်တယ်၊ ကိုယ့်လုပ်ရမယ့် ကာရိုက်တာအပိုင်းကိုပဲ အဓိက ဦးစားပေးတာဝန်ကျေအောင် လုပ်ဆောင်ဖို့ပဲ စဉ်းစားဖြစ်ပါတယ်”လို့ ဆိုပါ တယ်။

#voiceofmyanmar#နန်းဆုဦး#သရုပ်ဆောင်#

ဓာတ်ပုံ – သင်းသဒ္ဒါ

Related posts

Leave a Comment

VOM News

FREE
VIEW