ခွဲစိပ်ခန်းတာဝန်ကျဝန်ထမ်းတချို့ ကိုဗစ်ကူးစက်ခံရလို့ ခွဲစိပ်ရမယ့် လူနာတွေ ရက်ရွေ့

ခွဲစိပ်ခန်းတာဝန်ကျဝန်ထမ်းတချို့ ကိုဗစ်ကူးစက်ခံရလို့ ခွဲစိပ်ရမယ့် လူနာတွေ ရက်ရွေ့

မန္တလေး၊ နိုဝင်ဘာ- ၂၃- ၂၀၂၀

ရှိုင်းအောင်(VOM)

 

မန္တလေးဆေးရုံကြီးက ခွဲစိပ်ခန်းတာဝန်ကျ ဝန်ထမ်းတစ်ချို့ ကိုဗစ်ရောဂါ ကူးစက်ခံရတာကြောင့် ခွဲစိပ်ရမယ့် လူနာတွေကို အရင်ခွဲစိပ်မှုတွေထက်စာရင် လျော့ပြီးခွဲစိပ်ရတာမျိုးတွေ ရှိနေတယ်လို့ လူနာရှင်တွေနဲ့ ဆေးရုံအသိုင်းအဝိုင်းက သိရပါတယ်။

ပခုက္ကူကနေ ခွဲစိပ်ဖို့ရောက်နေတဲ့ လူနာရှင်တယောက်က ” ကျနော့်အကိုက ခေါင်းခိုက်မိထားတာ ဒီကနေ့ခွဲဖို့ချိန်းထားတာကိုနောက် ၂ ရက်မှပြန်ချိန်းတယ် သိရတာတော့ ခွဲစိပ်ခန်းတာဝန်ကျဝန်ထမ်းတွေ ကိုဗစ်ထိထားလို့ ပြန်ချိန်းတာလို့ပြောတယ်၊ ကျနော်တို့ကနယ်ကလာတာဆိုတော့ အမြန်ပြီးချင်ပေမယ့်မတတ်နိုင်ဘူး စောင့်ရမှာပေါ့ ” လို့ ပြောပါတယ်။

ဒီလို ကိစ္စတွေနဲ့ ဆက်စပ်ပြီး မန္တလေးအထွေထွေရောဂါကု ဆေးရုံရဲ့ ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်စုစုဒွေးက ကိုမေးကြည့်တော့

“အလုပ်သမားဝန်ထမ်း ၁၀ ယောက်လောက်ထိထားတယ်၊ ဆေးရုံကနေထိတာတော့ မဟုတ်ပါဘူး၊ ရပ်ကွက်ထဲကနေ သူတို့မိသားစုတွေ ထိရာကနေ သူတို့ကိုထိသွားတာ၊ ပုံမှန်အတိုင်းတော့ ခွဲစိပ်မှာပါ၊ အစားတွေ ပြန်ပေးတာဘဲလေ၊ အရင်တုန်းကထက်စာရင်တော့ လျှော့ခွဲမှာပါ၊ ချက်ခြင်းအရေးပေါ်မဟုတ်သေးတဲ့ လူနာတွေကိုတော့ ဆိုင်းငံ့ထားပြီး အရေးပေါ်လူနာတွေကိုတော့ချက်ခြင်းခွဲစိပ်ပေးသွားမှပါ။ ခွဲစိပ်ဆရာဝန်က သူ့ဘက်မှာရှိတဲ့ လူအင်အားနဲ့ ချိန်ပြီးတော့ လုပ်ရတာပေါ့၊ အရင်ကတည်းကလည်း ရပ်မသွားအောင် စီစဉ်ထားပါတယ်၊ အဖွဲ့ လိုက် ဖွဲ့ထားတာတွေရှိပါတယ်။ ဒီအဖွဲ့က တစ်ယောက်ယောက် Positive ထွက်သွားရင် နောက်တစ်ဖွဲ့ပါ့ အဲ့လိုမျိုးလေးတွေ စီစဉ်ထားပါတယ်။ သိပ်ပြီးတော့ အလုပ်ပျက်အကိုင်ပျက်လောက်အောင်တော့ မဖြစ်ပါဘူး” လို့ မန္တလေးဆေးရုံအုပ်ကြီး ဒေါက်တာစုစုဒွေးက ပြောပါတယ်။

မန္တလေးဆေးရုံကြီးမှာ ကျန်းမာရေးဝန်ထမ်း ၁၀ ဦးနဲ့  ကျောင်းပြီးစ ဆရာဝန်အငယ် ၂ ဦးတို့ ကိုဗစ်ရောဂါ ကူးဆက်ခံထားရတယ်လို့ မန္တလေးဆေးရုံအုပ်ကြီး ဒေါက်တာစုစုဒွေးက ပြောပါတယ်။

နိုဝင်ဘာလ ၂၂ ရက်နေ့ ညနေခင်းအထိ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ  မန္တလေးတိုင်းမှာ ကိုဗစ်အတည်ပြုလူနာ ၄၂၀၂ ဦးရှိပြီး သေဆုံးသူ ၂၁ ယောက် ရှိနေပါတယ်။ လတ်တလောမန္တလေးမြို့ပေါ်မှာလည်း ကိုဗစ်ပိုးတွေ့သူများနေတာမှာ လူဦးရေ ၃၂၄၆ ဦး ကိုဗစ်ပိုးတွေ့ရှိထားပါတယ်။

 

#voiceofmyanmar #VOM #COVID-19 #မန္တလေးဆေးရုံကြီး

zawgy

ခြဲစိပ္ခန္းတာဝန္က်ဝန္ထမ္းတခ်ိဳ႕ ကိုဗစ္ကူးစက္ခံရလို႔ ခြဲစိပ္ရမယ့္ လူနာေတြ ရက္ေ႐ြ႕

မႏၲေလး၊ ႏိုဝင္ဘာ- ၂၃- ၂၀၂၀
ရႈိင္းေအာင္(VOM)

မႏၲေလးေဆး႐ုံႀကီးက ခြဲစိပ္ခန္းတာဝန္က် ဝန္ထမ္းတစ္ခ်ိဳ႕ ကိုဗစ္ေရာဂါ ကူးစက္ခံရတာေၾကာင့္ ခြဲစိပ္ရမယ့္ လူနာေတြကို အရင္ခြဲစိပ္မႈေတြထက္စာရင္ ေလ်ာ့ၿပီးခြဲစိပ္ရတာမ်ိဳးေတြ ရွိေနတယ္လို႔ လူနာရွင္ေတြနဲ႔ ေဆး႐ုံအသိုင္းအဝိုင္းက သိရပါတယ္။
ပခုကၠဴကေန ခြဲစိပ္ဖို႔ေရာက္ေနတဲ့ လူနာရွင္တေယာက္က ” က်ေနာ့္အကိုက ေခါင္းခိုက္မိထားတာ ဒီကေန႔ခြဲဖို႔ခ်ိန္းထားတာကို ေနာက္ ၂ ရက္မွျပန္ခ်ိန္းတယ္ သိရတာေတာ့ ခြဲစိပ္ခန္းတာဝန္က်ဝန္ထမ္းေတြ ကိုဗစ္ထိထားလို႔ ျပန္ခ်ိန္းတာလို႔ေျပာတယ္၊ က်ေနာ္တို႔ကနယ္ကလာတာဆိုေတာ့ အျမန္ၿပီးခ်င္ေပမယ့္မတတ္ႏိုင္ဘူး ေစာင့္ရမွာေပါ့ ” လို႔ ေျပာပါတယ္။
ဒီလို ကိစၥေတြနဲ႔ ဆက္စပ္ၿပီး မႏၲေလးအေထြေထြေရာဂါကု ေဆး႐ုံရဲ႕ ေဆး႐ုံအုပ္ႀကီး ေဒါက္တာေဒၚစုစုေဒြးက ကိုေမးၾကည့္ေတာ့

“အလုပ္သမားဝန္ထမ္း ၁၀ ေယာက္ေလာက္ထိထားတယ္၊ ေဆး႐ုံကေနထိတာေတာ့ မဟုတ္ပါဘူး၊ ရပ္ကြက္ထဲကေန သူတို႔မိသားစုေတြ ထိရာကေန သူတို႔ကိုထိသြားတာ၊ ပုံမွန္အတိုင္းေတာ့ ခြဲစိပ္မွာပါ၊ အစားေတြ ျပန္ေပးတာဘဲေလ၊ အရင္တုန္းကထက္စာရင္ေတာ့ ေလွ်ာ့ခြဲမွာပါ၊ ခ်က္ျခင္းအေရးေပၚမဟုတ္ေသးတဲ့ လူနာေတြကိုေတာ့ ဆိုင္းငံ့ထားၿပီး အေရးေပၚလူနာေတြကိုေတာ့ ခ်က္ျခင္းခြဲစိပ္ေပးသြားမွပါ။ ခြဲစိပ္ဆရာဝန္က သူ႔ဘက္မွာရွိတဲ့ လူအင္အားနဲ႔ ခ်ိန္ၿပီးေတာ့ လုပ္ရတာေပါ့၊ အရင္ကတည္းကလည္း ရပ္မသြားေအာင္ စီစဥ္ထားပါတယ္၊ အဖြဲ႕ လိုက္ ဖြဲ႕ထားတာေတြရွိပါတယ္။ ဒီအဖြဲ႕က တစ္ေယာက္ေယာက္ Positive ထြက္သြားရင္ ေနာက္တစ္ဖြဲ႕ပါ့ အဲ့လိုမ်ိဳးေလးေတြ စီစဥ္ထားပါတယ္။ သိပ္ၿပီးေတာ့ အလုပ္ပ်က္အကိုင္ပ်က္ေလာက္ေအာင္ေတာ့ မျဖစ္ပါဘူး” လို႔ မႏၲေလးေဆး႐ုံအုပ္ႀကီး ေဒါက္တာစုစုေဒြးက ေျပာပါတယ္။

မႏၲေလးေဆး႐ုံႀကီးမွာ က်န္းမာေရးဝန္ထမ္း ၁၀ ဦးနဲ႔ ေက်ာင္းၿပီးစ ဆရာဝန္အငယ္ ၂ ဦးတို႔ ကိုဗစ္ေရာဂါ ကူးဆက္ခံထားရတယ္လို႔ မႏၲေလးေဆး႐ုံအုပ္ႀကီး ေဒါက္တာစုစုေဒြးက ေျပာပါတယ္။

ႏိုဝင္ဘာလ ၂၂ ရက္ေန႔ ညေနခင္းအထိ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္အရ မႏၲေလးတိုင္းမွာ ကိုဗစ္အတည္ျပဳလူနာ ၄၂၀၂ ဦးရွိၿပီး ေသဆုံးသူ ၂၁ ေယာက္ ရွိေနပါတယ္။ လတ္တေလာမႏၲေလးၿမိဳ႕ေပၚမွာလည္း ကိုဗစ္ပိုးေတြ႕သူမ်ားေနတာမွာ လူဦးေရ ၃၂၄၆ ဦး ကိုဗစ္ပိုးေတြ႕ရွိထားပါတယ္။

#voiceofmyanmar #VOM #COVID-19 #မႏၲေလးေဆး႐ုံႀကီး

 

 

Related posts

Leave a Comment

VOM News

FREE
VIEW