ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်ထဲက မြန်မာနိုင်ငံသားတွေ နေရပ်ပြန်လိုပါက အမည်စာရင်းပေးနိုင်ပြီ

ဇန်နဝါရီ ၂၂ – ၂၀၂၁
ကိုတိုးကြီး(VOM)

ထိုင်းနိုင်ငံ ၊ ချင်းရိုင်ခရိုင်မှာနေထိုင်တဲ့ မြန်မာနိုင်ငံသားတွေ နေရပ်ပြန်လိုပါက တရားဝင်ပြန်နိုင်ရေးအတွက် မြန်မာသံရုံးနဲ့ ထိုင်းအာဏာပိုင်တို့ ပူးပေါင်းစီစဥ်မှုနဲ့ ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

” မယ်ဆိုင် – တာချီလိတ်လမ်းကြောင်းကနေ ပြန်နိုင်ဖို့စီစဥ်ပေးထားတာဖြစ်တယ်၊ လာမယ့် ဇန်နဝါရီ ၂၇ ရက်နေ့ မနက် ၉ နာရီမှာ အမှတ် ၂ တံတားကနေဖြတ်ရမယ်လို့ သိရတယ် ၊ နေရပ်ပြန်လိုတဲ့သူတွေက ၂၅ ရက်နေ့ နောက်ဆုံးထားပြီး အမည်စာရင်းပေးရမှာ ဖြစ်တယ်”လို့ ချင်းရိုင်ခရိုင် မြန်မာနိုင်ငံသားများ ကူညီစောင့်ရှောက်ရေးလုပ်ကိုင်နေသူ ကိုထွန်းမြတ်ကပြောပါတယ်။

အဲ့ဒါကြောင့် နေရပ်ပြန်လိုတဲ့ ချင်းရိုင်ခရိုင်ထဲက မြန်မာနိုင်ငံသားတွေဟာ ဒီလ ၂၅ ရက် နောက်ဆုံးထားပြီး တယ်လီဖုန်းအမှတ် 0900532 430 ၊ 0896376367 နဲ့ 0877265404 ကို အမည်စာရင်းပေးပို့ရမှာ ဖြစ်ပါတယ်။

အဲ့ဒီနောက် နေရပ်ပြန်ဖို့ အမည်စာရင်းပေးထားသူတွေအနေနဲ့လည်း ဇန်န၀ါရီ ၂၆ ရက် မနက် ၉ နာရီထက် နောက်မကျဘဲ မယ်ဆိုင်မြို့ကို အရောက်လာကြဖို့ လိုအပ်တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံအတွင်းရှိ အခြားခရိုင်တွေက နေရပ်ပြန်လိုတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့လည်း ထိုင်းအစိုးရက ခရိုင်ဖြတ်ကျော် သွားလာခွင့်တွေ ဖြေလျော့တဲ့အချိန်မှာ နေရပ်ပြန်နိုင်ရေးအတွက် အမြန်ဆုံးစီစဥ်ဆောင်ရွက်ပေးမှာဖြစ်တယ်လို့ ချင်းရိုင်ခရိုင် အလုပ်သမား သံအရာရှိရုံးက မနေ့ ဇန်နဝါရီ ၂၁ ရက်မှာ ထုတ်ပြန်ကြေညာထားတာ ဖြစ်ပါတယ်။

#voiceofmyanmar #VOM #ချင်းရိုင် #မြန်မာနိုင်ငံသား #နေရပ်ပြန်ရေး #စာရင်းပေးနိုင်

Related posts

Leave a Comment

VOM News

FREE
VIEW