ပြည်ကကျောင်းသား ထောင်ချီပြီး အစိုးရဘဏ်ဝန်ထမ်းတွေ CDM မှာပါဝင်ဖို့ တောင်းဆို

ဖေဖော်ဝါရီ ၁၅-၂၀၂၁
သိင်္ဂီထွန်း(VOM)

ဒီနေ့ ဖေဖော်ဝါရီ ၁၅ရက် မနက်ပိုင်းက ကျောင်းသားဦးရေ ထောင်ဂဏန်းကျော်ရှိတဲ့ သပိတ်စစ်ကြောင်းဟာ ပြည်မြို့မှာရှိတဲ့ အစိုးရဘဏ်တွေရှေ့ကိုသွားရောက်ပြီး ဝန်ထမ်းတွေ CDM မှာပါဝင်ပေးဖို့ ဆန္ဒပြတောင်းဆိုမှုတွေ လုပ်နေပါတယ်။

ကျောင်းသားသပိတ်စစ်ကြောင်းဟာ ရဲတပ်ဖွဲ့နဲ့စစ်သားတွေ အများအပြားလုံခြုံရေးရယူထားတဲ့ ဗိုလ်ချုပ်ကျောက်ရုပ်အဝိုင်းမှာ ရဲတွေနဲ့ ထိပ်တိုက်ရင်ဆိုင်တာမျိုးမလုပ်ဘဲ ဝန်ထမ်းတွေ CDM မှာပါဝင်ဖို့ ထိုင်သပိတ်ပြုလုပ်ပြီး တွန်းအားပေးနေကြတာကိုလည်း တွေ့ရပါတယ်။

ပြည်မြို့ မြန်မာ့စီးပွားရေးဘဏ်က တံခါးပိတ်ပြီး အလုပ်လုပ်နေကြတယ်လို့လည်း သိရပါတယ်။

#VoiceOfMyanmar #VOM #ပြည် #ကျောင်းသားထောင်ချီ #အစိုးရဘဏ်တွေရှေ့ #ထိုင်သပိတ်လုပ်

Related posts

✕
VOM News

FREE
VIEW