ပဲခူးဆန္ဒပြပွဲမှာ မီးရထားဝန်ထမ်းတစ်ဦး မူးလဲပြီးသေဆုံး

ဖေဖော်ဝါရီ ၂၂ -၂၀၂၁
သိင်္ဂီထွန်း (VOM)

ပဲခူးမြို့မှာ ဒီကနေ့မနက်ပိုင်း နွေဦးတော်လှန်ရေး ၂၂၂၂၂ အထွေထွေ သပိတ်မှာပါဝင် ဆန္ဒပြခဲ့တဲ့ ပဲခူးမီးရထားဝန်ထမ်းတစ်ဦး ဆန္ဒပြနေချိန် မူးလဲပြီး အသက်သေဆုံးသွားခဲ့တယ်လို့ သပိတ်ဦးဆောင်သူတွေဆီကနေ သိရပါတယ်။

“အချိန်က မနက် ၁၀ နာရီကျော် ၁၁ ဝန်းကျင်လောက်ပေါ့။ ပဲခူးဘူတာဂုံးတံတားအဆင်းလေးမှာမူးလဲသွားတော့ မီးရထားဝန်ထမ်းအိမ်ယာကိုခေါ်သွားတယ်။ အခြေအနေသိပ်မကောင်းတာနဲ့ ဝန်ထမ်းအိမ်ယာကနေ သမာဓိဆေးခန်းကိုခေါ်သွားတော့ ရောက်တဲ့အချိန်မှာ အသက်မရှိတော့ဘူးလို့ ဆရာဝန်ကပြောတယ်။”လို့ သပိတ်ဦးဆောင်သူတစ်ဥိးကပြောပါတယ်။

ဆန္ဒပြနေချိန်အတွင်း သေဆုံးခဲ့တဲ့ မီးရထားဝန်ထမ်းဟာ အသက် ၄၄နှစ်အရွယ်ရှိ အမျိုးသားဖြစ်ပြီး မြန်မာ့မီးရထား ပါဝါလျှပ်စစ်ဌာနမှာ လုပ်ကိုင်နေတဲ့ ဦးမျိုးမင်းထွန်းဆိုသူ ဖြစ်တယ်လို့ သိရပါတယ်။

ဦးမျိုးမင်းထွန်းဟာ CDM လှုပ်ရှားမှုမှာပါဝင်သလို၊ ပဲခူးမြို့က ဆန္ဒပြပွဲတွေမှာလည်း ပါဝင်ဆန္ဒပြနေသူဖြစ်တယ်လို့ သိရပါတယ်။

ဒီကနေ့ ပဲခူးမြို့မှာ နွေဦးတော်လှန်ရေး ၂၂၂၂၂ အထွေထွေ သပိတ်ကို ပြည်သူလူထုက မြို့လုံးကျွတ်ပါဝင်ခဲ့ကြတယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ပဲခူး #ဆန္ဒပြ #မီးရထားဝန်ထမ်း #လဲကျသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW