နေပြည်တော်က BBCနဲ့ Mizzima သတင်းထောက်၂ဦး ဖမ်းဆီးခံရ

မတ် ၁၉ -၂၀၂၁
Voice Of Myanmar

နေပြည်တော်၊ ဒက္ခိဏခရိုင်တရားရုံး ဒီကနေ့မနက်ပိုင်း ဦး၀င်းထိန်ရုံးထုတ်မှာ BBCသတင်းထောက် ကိုအောင်သူရနဲ့ Mizzimaသတင်းထောက် ကိုသန်းထိုက်အောင် တို့၂ဦး ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။

ဖမ်းခံရတဲ့ မိသားစုတစ်ဦးကို ဆက်သွယ်ရာမှာတော့ ဘယ်ခေါ်သွားမှန်းမသ်ိတဲ့အတွက် စိတ်ပူနေကြောင်းပြောပါတယ်။

နစက ကောင်စီဖွဲ့စည်းပြီးနောက်ပိုင်းမှာ ဖမ်းဆီးထားတဲ့ သတင်းထောက် ၄၀ ဦး၊ ပြန်လွှတ်လာသူ ၂၀၊ ဖမ်းခံထားရဆဲ ၁၈ ဦး၊ ၅၀၅(က)နဲ့ အမှုဖွင့်ခံသူ ၉ ဦးထဲမှ အာမခံရသူ ၂ ဦးရှိတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #နေပြည်တော် #သတင်းထောက်နှစ်ဦး #ဖမ်းဆီးခံရ

Related posts

✕
VOM News

FREE
VIEW