ဖမ်းဆီးခံရပြီး သေဆုံးခဲ့တဲ့ CDM သစ်တောဝန်ထမ်းရဲ့ စျာပန အလုံ သုဿန်မှာ ပြုလုပ်

မတ် ၁၉ ၊ ၂၀၂၁
ကိုတိုးကြီး (VOM)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အလုံမုန်တိုင်းရပ်ကွက်မှာနေတဲ့ သစ်တောရေးရာဌာန တောခေါင်း ကိုထွန်းထက်အောင် (ခ) ကိုဖိုးသဲဟာ CDM လှုပ်ရှားမှုမှာ ပါဝင်ဆန္ဒပြခဲ့ပြီး မတ် ၁၅ ရက်က ရိုက်နှက်ဖမ်းဆီးခံရပါတယ်။

အဲ့ဒီနောက် ၁၆ ရက်မှာ ဆေးကုသဖို့ ပြန်လည်လွတ်မြောက်လာခဲ့ပြီး မန္တလေးဆေးရုံကြီးမှာ မနေ့ ၁၈ ရက် မနက်အစောပိုင်းက ရရှိထားတဲ့ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

ကိုထွန်းထက်အောင် (ခ) ကိုဖိုးသဲရဲ့ စျာပနကို ဒီကနေ့ ညနေ ၃ နာရီက အလုံ သုဿန်မှာ သင်္ဂြိုဟ်လ်ခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #မုံရွာ #CDMသစ်တော၀န်ထမ်း #စျာပန

Related posts

✕
VOM News

FREE
VIEW