ဖားကန့်မှာ ရက် ၄၀ မြောက်ရောက် ဆန္ဒထုတ်ဖော်

ဖားကန့်၊မတ် ၂၁-၂၀၂၁
နောင်ရိုး

ဒီနေ့ မတ် ၂၁ရက်နေ့ မနက်ပိုင်းက ဖားကန့်မှာ ရက် ၄၀မြောက် ဆန္ဒပြခဲ့ကြပြီး ရဲတပ်ဖွဲ့ရဲ့ ပိတ်ဆို့တားဆီးမှုတွေကြောင့် ဖားကန့်မြို့တွင်း ဝင်ရောက်ခွင့်မရရှိဘဲ ကျေးရွာအုပ်စုအတွင်း လမ်းတွေပေါ်မှာပဲ လည့်လည်ဆန္ဒဖော်ထုတ်ခဲ့တယ်လို့ သပိတ်စစ်ကြောင်းဦးဆောင်သူတွေဆီက သိရပါတယ်။

ညပိုင်းတွေမှာလည်း ဆီးမီးတွေထွန်းညှိပြီး ဆန္ဒဖော်ထုတ်ကြတယ်လို့ သိရပါတယ်။

ဖားကန့်ဒေသမှာ အခုမတ်လအတွင်း ဆန္ဒပြပွဲတွေကို ပစ်ခတ်ဖြိုခွဲမှုကြောင့် အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး လူဆယ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့မပြင် ဆန္ဒဖော်ထုတ်ရာတွင်ပါဝင်သူ ရှစ်ဦးကိုလည်း အမှုဖွင့်အရေးယူထားကြောင်း သိရပါတယ်။

#VoiceOfMyanmar #VOM #ဖားကန့် #ဆန္ဒပြ #ရက်၄၀မြောက်

Related posts

VOM News

FREE
VIEW