လွိုင်ကော်မြို့ ဆန္ဒပြပွဲမှာ ပထမဆုံးကျဆုံးခဲ့သူ အမျိုးသားရဲ့စျာပန

မတ် ၂၁-၂၀၂၁ KLY(VOM) ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်ထဲမှာ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုအတွက် ပထမဆုံးကျဆုံးခဲ့တဲ့ မှိုင်းလုံးရပ်ကွက်သား ဦးရှန်ပု(ခ)ဦးကြံအောင်ရဲ့ရုပ်အလောင်းကို ဒီကနေ့ မနက် ၁၁နာရီက မီးသင်္ဂြိုလ်ပြီး ဂူးသွင်းခဲ့တယ်လို့ ရွှေလွိုင်ကော်ပရဟိတအဖွဲ့ကနေ သ်ိရပါတယ်။ ” လေးမိုင် သင်္ချိုင်းမှာ မီးသင်္ဂြိုလ်ပြီးမှ အရိုးပြာကို ဂူသွင်းပါတယ်။ သူကမတ်၁၉ ရက်နေ့ မှိုင်းလုံးသပိတ်မှာ ကျဆုံးခဲ့ရတာဖြစ်ပြီး အဲ့ဒီနေ့က သူနာပြုဆရာမတစ်ဦးလည်း ကျည်ထိမှန်ပေမယ့် ပေါင်ပဲ ထိခဲ့တာပါ”လို့ ရွှေလွိုင်ကော်ပရဟိအဖွဲ့မှ ဦးကျော်ကပြောပါတယ်။ လွိုင်ကော်မြို့နယ်မှာ မတ် ၁၉ ရက် မှိုင်းလုံးသပိတ်စစ်ကြောင်းမှာလိုက်ပါခဲ့တဲ့ မှိုင်းလုံးရပ်ကွက််မှ ဦးရှန်ပု(ခ)ဦးကြံအောင် (၄၇ နှစ်)ဟာ ဆီးစပ်နေရာကို ကျည်ထိမှန်ခဲ့တာဖြစ်ပြီး အခင်းဖြစ်ပြီးသိပ်မကြာခင် နေ့လယ်ပိုင်းမှာ ကျဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ မတ်လ ၁၉ ရက်နေ့ မနက်ပိုင်းက မှိုင်းလုံးသပိတ်နဲ့ ချိကယ် သပိတ်စစ်ကြောင်းတွေကို စစ်တပ်နဲ့ရဲက စက်ယန္တယားတွေနဲ့ အတားဆီးတွေကို ဖယ်ရှားရှင်းလင်းပြီးမကြာခင်…

Read More

မုံရွာက ဆန္ဒပြအမျိုးသားတစ်ဦး ကျည်ထိမှန် ကျဆုံး

မတ် ၂၁ -၂၀၂၁ Voice Of Myanmar စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်၊ ဗိုလ်တေဇလမ်းပေါ်မှာ ဒီကနေ့ မနက် ၁၀ နာရီက ဆန္ဒပြ သပိတ်စစ်ကြောင်းကို ပစ်ခတ်ဖြိုခွဲခဲ့ရာ ဆန္ဒပြ လူစုထဲက အမျိုးသားတစ်ဦး သေနတ်ထိမှန် ကျဆုံးသွားပြီး လူ ၃ ဦးဒဏ်ရာရရှိခဲ့ပါတယ်။ နန္ဒဝန်ရပ်ကွက်နေ ဒေသခံတစ်ယောက်က ” လမ်းလာရှင်းတဲ့ လုံခြုံရေးစစ်ကြောင်းနဲ့ ပင်မဆန္ဒပြ သပိတ်ကို ထောက်ခံဆန္ဒပြတဲ့ ရပ်ကွက်သပိတ် စစ်ကြောင်းတို့ ထိပ်တိုက် ပစ်ခတ်ကြတာ ၊ တစ်ယောက် ကျဆုံးသွားတယ် ၊ နန္ဒဝန်ရပ်ကွက်ထဲက ကိုမင်းမင်းဇော် အသက် (၂၇) နှစ်ဖြစ်တယ်” လို့ ပြောပါတယ်။ သေဆုံးသူ ကိုမင်းမင်းဇော်ဟာ အခင်းဖြစ်ပွားရာ နန္ဒဝန်ရပ်ကွက်မှာ နေထိုင်ပြီး အသက် ၄ နှစ်အရွယ် သမီးတစ်ယောက်နဲ့ ဇနီးဖြစ်သူ ကျန်ရစ်တယ်လို့ အဲ့ဒီနာရေးကို…

Read More

ပုသိမ်ဆေးရုံ အရေးပေါ်ဌာနကို စစ်တပ်ဆရာ၀န်၊ အရပ်ဆရာ၀န်တွေနဲ့ ပြန်ဖွင့်နေ

မတ်၂၁ -၂၀၂၁ KA ပုသိမ်ဆေးရုံကြီးရဲ့ အရေးပေါ်ဌာနကို မတ်လ၁၉ရက်နေ့ကစတင်ကာ စစ်တပ်ဆရာ၀န်၊ အရပ်သားဆရာ၀န်တွေနဲ့ ပြန်လည်ဖွင့်လှစ်ထားပြီးဖြစ်တယ်လို့ ပုသိမ်ဆေးရုံကြီးကနေသိရပါတယ်။ “လက်ရှိမှာ အထူးကုဆရာ၀န်ကြီးတချို့ စစ်တပ်ဆရာ၀န်နဲ့သူနာပြုဆရာမတချို့နဲ့OPDကိုဖွင့်ထားပါတယ်။အရေးကြီးလူနာတစ်ချို့ကိုတော့တပ်ဆေးရုံကိုလွှဲပို့နေတယ်”လို့ ပုသိမ်ဆေးရုံ ဒုတိယဆေးရုံအုပ်ကြီး ဒေါက်တာကောင်းမြတ်စိုးကပြောပါတယ်။ မတ်လ၁၅ရက်နေ့ထဲက ဆေးရုံတစ်ခုလုံးပြန်ဖွင့်ဖို့ ဆေးရုံ ၀န်ထမ်းအားလုံးကိုအကြောင်းကြားခဲ့ပြီး ဆရာ၀န်တွေလာရောက်ခြင်းမရှိတာကြောင့် လူနာလက်ခံနိုင်ခြင်းတော့မရှိသေးဘူးလို့လည်း ပြောပါတယ်။ ဆေးရုံကြီးပြန်ဖွင့်ဖို့ လူအင်အားမရှိတဲ့အကြောင်းကို နစခ ကောင်စီကိုတင်ပြထားပြီး ရှိတဲ့လူအင်အားနဲ့သာအရေးပေါ်ဌာနကိုဖွင့်ထားငကာ ပုသိမ်ဆေးရုံ၀န်ထမ်းတွေကို အလုပ်ပြန်ဆင်းဖို့ သူ့အနေနဲ့ဖိအားပေးတာမရှိဘူးလို့ ဒေါက်တာကောင်းမြတ်စိုးကဆက်လက်ပြောပါတယ်။ ပုသိမ်ဆေးရုံက အထူးကုဆရာ၀န်တွေနဲ့ သူနာပြုတချို့ဆေးရုံပြန်လည်ဖွင့်နေတာဖြစ်ပြီး လက်ထောက်ဆရာ၀န်တွေကတော့ CDMပြုလုပ်နေဆဲဖြစ်တယ်လို့ ဆရာ၀န်တစ်ဦးကပြောပါတယ်။ ပုသိမ်ဆေးရုံအုပ်ကြီးဒေါက်တာသန်းမင်းထွဋ်ကို မတ်လ၁၂ရက်နေ့က ဖမ်းဆီးသွားခဲ့ပြီး တစခ ကောင်စီကို ပုသိမ်ဆေးရုံက ဆရာ၀န်ကြီးတွေ ဆက်သွယ်မေးမြန်းရာမှာ ဆေးရုံရဲ့ငွေကြေးစီးဆင်းမှုနဲ့ပတ်သတ်ပြီးမေးမြန်းစစ်ဆေးနေတယ်လို့သိရကာ အခုချိန်ထိအဆက်အသွယ်မရသေးဘူးလို့လည်း သိရပါတယ်။ #voiceofmyanmar #VOM #ပုသိမ် #ဆေးရုံအရေးပေါ်ဌာန #စစ်တပ် #အရပ်ဆရာ၀န်တွေနဲ့ပြန်ဖွင့်

Read More

ပစ်ခတ်မှုကြောင့် လူနှစ်ဦးသေဆုံးခဲ့ရတဲ့ ပဲခူး ဆံတော်တွင်း ရပ်ကွက်က အတားဆီးတွေကို စစ်တပ်က မီးရှို့ဖျက်ဆီး

မတ်၂၁-၂၀၂၁ KLY(VOM) ပဲခူးမြို့နယ်မှာ မနေ့ မတ်၂၀ရက် ညနေက ပစ်ခတ်မှုတွေကြောင့် လူနှစ်ဦးသေဆုံးခဲ့ရတဲ့ ဆံတော်တွင်းရပ်ကွက် အဝင်က အတားဆီးတွေကို စစ်တပ်နဲ့ရဲက ဒီနေ့ မတ်၂၁ရက် မနက်အစောပိုင်းက မီးရှို့ဖျက်ဆီးခဲ့လို့ ဒေသခံတွေ ဝိုင်းဝန်းငြိမ်းသတ်နေရတယ်လို့ သိရပါတယ်။ ဆံတော်တွင်းရပ်ကွက်အဝင်ကအတားဆီးတွေကို မီးရှို့သွားတာပါ။ တစ်ခြားရပ်ကွက်က အတားဆီး တွေကိုလည်းမီးရှို့နေလို့ ဒေသခံတွေက လုံခြုံရေးတွေ ရှိနေ‌တဲ့ ရပ်ကွက်တွေကို ရှောင်ရှားသွားလာဖို့ ဖေ့ဘုတ်စ်မှာ ပိုစ့်တွေတင်နေကြတယ်လို့ ပဲခူးမြို့ခံ တစ်ဦးက ပြောပြပါတယ်။ တပ်မတော်နဲ့ရဲတပ်ဖွဲ့ဝင်တွေဟာ မနေ့ ညနေက စတင်ပြီး ပဲခူးမြို့ ဆံတော်တွင်း ရပ်ကွက်ထဲမှာ သေနတ် အစစ်တွေနဲ့ ပစ်ခတ်မှုပြုသလိုရာဘာကျည် တွေနဲ့လည်း ပစ်ခတ်ခဲ့တာကြောင့် အမျိုးသားနှစ်ဦး သေဆုံးပြီး၁၁ ဦးထိခိုက်ဒဏ်ရာကာ လေးဦးဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ တပ်မတော်ကအာဏာရယူခဲ့ပြီးနောက်ပိုင်း ဖေဖော်ဝါရီ ၈ ရက်လောက်က စတင်ကာ ပဲခူးမြို့မှာ နေ့စဉ် အာဏာရှင်ဆန့်ကျင်ရေး…

Read More

ကျောက်မြောင်း ရပ်ကွက်လမ်းမတွေပေါ်မှာ အာဏာရှင်ဆန့်ကျင်ရေး ဆက်လက်ပြုလုပ်

မတ် ၂၁ -၂၀၂၁ MWT ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျောက်မြောင်းပြည်သူတွေဟာ အရင်နေ့တွေကပစ်ခတ်ဖြိုခွင်းမှုကြောင့် ကျဆုံးသူရှိခဲ့ပေမယ့် အာဏာရှင်ဆန့်ကျင်ရေးကို ဆက်လက်ပြုလုပ်ခဲ့ပါတယ်။ ဒီလိုပြုလုပ်ရာမှာ သပိတ်အရှိန်လျော့မသွားရေးအတွက် လူငယ်တွေက ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီး ရပ်ကွက်ကပြည်သူတွေပူးပေါင်းခဲ့ကြပါတယ်။ ဆန္ဒဖော်ထုတ်ရာမှာ ကျားကွက်သစ် လမ်းမကြီး၊ ကျောက်မြောင်းလမ်းမကြီးကို ဗဟိုပြုပြီး တစ်လမ်းဝင်တစ်လမ်းထွက် ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။ ဆန္ဒထုတ်ဖော်သူတွေအနေနဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေကိုရှောင်ရှားကာ ဆန္ဒထုတ်ဖော်သွားမှာဖြစ်တယ်လို့လည်း ပြောဆိုထားပါတယ်။ ကျောက်မြောင်းရပ်ကွက်အတွင်း မတ်လ ၂၀ ရက် နေ့လယ်ပိုင်းမှာ ဆန္ဒထုတ်ဖော်သူတစ်ဦးရဲ့ ခေါင်းကိုကျည်ဆန်ထိမှန်တာကြောင့် ကျဆုံးခဲ့ပါတယ်။ဒီနေ့မှာတော့ ဆန္ဒပြသူတွေဟာ ကျဆုံးသူနေရာနားကိုသွားရောက်အလေးပြုခဲ့ပါတယ်။ #voiceofmyanmar #VOM #ရန်ကုန်

Read More

ဖားကန့်မှာ ရက် ၄၀ မြောက်ရောက် ဆန္ဒထုတ်ဖော်

ဖားကန့်၊မတ် ၂၁-၂၀၂၁ နောင်ရိုး ဒီနေ့ မတ် ၂၁ရက်နေ့ မနက်ပိုင်းက ဖားကန့်မှာ ရက် ၄၀မြောက် ဆန္ဒပြခဲ့ကြပြီး ရဲတပ်ဖွဲ့ရဲ့ ပိတ်ဆို့တားဆီးမှုတွေကြောင့် ဖားကန့်မြို့တွင်း ဝင်ရောက်ခွင့်မရရှိဘဲ ကျေးရွာအုပ်စုအတွင်း လမ်းတွေပေါ်မှာပဲ လည့်လည်ဆန္ဒဖော်ထုတ်ခဲ့တယ်လို့ သပိတ်စစ်ကြောင်းဦးဆောင်သူတွေဆီက သိရပါတယ်။ ညပိုင်းတွေမှာလည်း ဆီးမီးတွေထွန်းညှိပြီး ဆန္ဒဖော်ထုတ်ကြတယ်လို့ သိရပါတယ်။ ဖားကန့်ဒေသမှာ အခုမတ်လအတွင်း ဆန္ဒပြပွဲတွေကို ပစ်ခတ်ဖြိုခွဲမှုကြောင့် အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး လူဆယ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့မပြင် ဆန္ဒဖော်ထုတ်ရာတွင်ပါဝင်သူ ရှစ်ဦးကိုလည်း အမှုဖွင့်အရေးယူထားကြောင်း သိရပါတယ်။ #VoiceOfMyanmar #VOM #ဖားကန့် #ဆန္ဒပြ #ရက်၄၀မြောက်

Read More

ကလေးမြို့က ဆိုင်ကယ်သပိတ်နဲ့ လူမဲ့သပိတ်

ကလေး-မတ်-၂၁-၂၀၂၁ သိမ်မွေ့ကဗျာ ကလေးမြို့မှာ မတ်လ ၂၁ ရက် ဒီနေ့မနက်ပိုင်းက ဗိုလ်ချုပ်လမ်း တောင်ဖီလာလမ်းခွဲအနီး လူမဲ့သပိတ်ပြုလုပ်ခဲ့သလို မြို့တွင်း အချို့နေရာတွေမှာလည်း ဆိုင်ကယ်သပိတ်ပြုလုပ်ကာ ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။ #voiceofmyanmar #VOM #ကလေးမြို့

Read More

CDM ပြုလုပ်နေတဲ့ ဒိုက်ဦး ဆရာဆရာမ ၁၀၀ ခန့်နဲ့ မြို့ခံ ၄၀၀ ကျော် ဆက်လက် ဆန္ဒဖော်ထုတ်

မတ်၂၁-၂၀၂၁ KLY(VOM) ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ်မှာ ဒီနေ့ မတ်၂၁ရက် မနက် ၈ နာရီခွဲခန့်က စတင်ပြီး အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ပြုလုပ်နေတဲ့ ဆရာဆရာမ ၁၀၀ ကျော်နဲ့ ဒေသခံတွေပေါင်းပြီး အာဏာရှင်စနစ် အလိုမရှိကြောင်း ဆက်လက်ချီတက် ဆန္ဒဖော်ထုတ်ခဲ့ကြတယ်လို့ စုံစမ်းသိရပါတယ်။ “ဆရာမအငယ်တွေက ဦးဆောင်ပြီးဒီပွဲကို ဆက်လုပ်တာပါ။မြို့နယ်ထဲမှာCDM ဆရာဆရာမ ၁‌၅၀၀ ကျော်စာရင်းရှိပါတယ်။ ဖအောင်းဝဲဒေသခံ ၄၀၀နီးပါးလည်း ပါဝင်ပူးပေါင်းလို့ အင်အား ၅၀၀လောက်ရှိပါတယ် “လို့ ဒိုက်ဦးမြို့နယ်ဘာသာရပ်သင်ဆရာတစ်ဦးကပြောပြပါတယ်။ အဲ့ဒီ ဆန္ဒပြပွဲကို စစ်တပ်နဲ့ရဲက ဖြိုခွင်းတာမျိုးမရှိခဲ့ဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။ #VoiceOfMyanmar #VOM #ဒိုက်ဦး #ဆန္ဒပြ

Read More

မုံရွာရဲ့ ပင်မ ဆန္ဒပြ သပိတ်စစ်ကြောင်း ပစ်ခတ်ဖြိုခွဲခံရလို့ ၁ ဦး ခေါင်းကိုသေနတ်ထိမှန်

မတ် ၂၁ -၂၀၂၁ Voice Of Myanmar စစ်ကိုင်းတိုင်း မုံရွာမြို့ နန္ဒဝန်ရပ်ကွက် မေတ္တာလမ်းနဲ့ ဗိုလ်တေဇ လမ်းဆုံအနီးမှာ ဒီမနက် ၁၀ နာရီက ပင်မ ဆန္ဒပြ သပိတ်စစ်ကြောင်းနဲ့ လုံခြုံရေး တပ်ဖွဲ့ ဝင်တို့အကြား ထိပ်တိုက်တွေ့မှုတွေဖြစ်ပြီး ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီ ပစ်ခတ်မှုမှာ ဆန္ဒပြ လူတစ်ဦး ခေါင်းကို သေနတ်ထိမှန်ထားပြီး ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ကနဦး သိရပါတယ်။ ရုတ်ရင်းဆန်ခတ်ဖြစ်နေတဲ့ အခြေအနေမို့ ထိခိုက်မှု အရေအတွက် စာရင်း သတင်းရယူဖို့ အခက်အခဲတွေရှိနေပေမယ့် VOM သတင်းထောက်တွေက ကြိုးစားလုပ်ကိုင်နေပါတယ်။ #VoiceOfMyanmar #VOM #မုံရွာ #ပစ်ခတ် #ဒဏ်ရာရ

Read More

မန္တလေးက စျေးကြီးတွေမှာ လုံခြုံရေး တင်းကျပ်ထားသလို ဖွင့်လှစ်တဲ့ဆိုင် နည်းပါး

မန္တလေး၊ မတ်- ၂၁- ၂၀၂၁ ရှိုင်းအောင်(VOM) မန္တလေးမြို့က စျေးကြီးတွေဖြစ်တဲ့ စျေးချို၊ ရတနာပုံစျေး၊ ဒိုင်းမွန်းပလာဇာတို့ကို ဒီကနေ့မှာ မန္တလေးမြို့တော်စည်ပင်က ဖွင့်လှစ်ခွင့်ပြုလိုက်တာဖြစ်ပါတယ်။ ဒီကနေ့စတင်ဖွင့်လှစ်လိုက်တဲ့ စျေးကြီးတွေမှာတော့ လာရောက်ဖွင့်လှစ်တဲ့ ဆိုင်ခန်းတွေ နည်းပါးသလို စစ်တပ်နဲ့ ရဲတွေ လုံခြုံရေးရယူထားတာကိုလည်း တွေ့ရပါတယ်။ #VOM #voiceofmyanmar #Mandalay #စျေးချို #ဒိုင်းမွန်းပလာဇာ #ရတနာပုံစျေး

Read More
VOM News

FREE
VIEW