CDM ပြုလုပ်နေတဲ့ ဒိုက်ဦး ဆရာဆရာမ ၁၀၀ ခန့်နဲ့ မြို့ခံ ၄၀၀ ကျော် ဆက်လက် ဆန္ဒဖော်ထုတ်

မတ်၂၁-၂၀၂၁
KLY(VOM)

ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ်မှာ ဒီနေ့ မတ်၂၁ရက် မနက် ၈ နာရီခွဲခန့်က စတင်ပြီး အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ပြုလုပ်နေတဲ့ ဆရာဆရာမ ၁၀၀ ကျော်နဲ့ ဒေသခံတွေပေါင်းပြီး အာဏာရှင်စနစ် အလိုမရှိကြောင်း ဆက်လက်ချီတက် ဆန္ဒဖော်ထုတ်ခဲ့ကြတယ်လို့ စုံစမ်းသိရပါတယ်။

“ဆရာမအငယ်တွေက ဦးဆောင်ပြီးဒီပွဲကို ဆက်လုပ်တာပါ။မြို့နယ်ထဲမှာCDM ဆရာဆရာမ ၁‌၅၀၀ ကျော်စာရင်းရှိပါတယ်။ ဖအောင်းဝဲဒေသခံ ၄၀၀နီးပါးလည်း ပါဝင်ပူးပေါင်းလို့ အင်အား ၅၀၀လောက်ရှိပါတယ် “လို့ ဒိုက်ဦးမြို့နယ်ဘာသာရပ်သင်ဆရာတစ်ဦးကပြောပြပါတယ်။

အဲ့ဒီ ဆန္ဒပြပွဲကို စစ်တပ်နဲ့ရဲက ဖြိုခွင်းတာမျိုးမရှိခဲ့ဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

#VoiceOfMyanmar #VOM #ဒိုက်ဦး #ဆန္ဒပြ

Related posts

VOM News

FREE
VIEW