မုံရွာက ဆန္ဒပြအမျိုးသားတစ်ဦး ကျည်ထိမှန် ကျဆုံး

မတ် ၂၁ -၂၀၂၁
Voice Of Myanmar

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်၊ ဗိုလ်တေဇလမ်းပေါ်မှာ ဒီကနေ့ မနက် ၁၀ နာရီက ဆန္ဒပြ သပိတ်စစ်ကြောင်းကို ပစ်ခတ်ဖြိုခွဲခဲ့ရာ ဆန္ဒပြ လူစုထဲက အမျိုးသားတစ်ဦး သေနတ်ထိမှန် ကျဆုံးသွားပြီး လူ ၃ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

နန္ဒဝန်ရပ်ကွက်နေ ဒေသခံတစ်ယောက်က ” လမ်းလာရှင်းတဲ့ လုံခြုံရေးစစ်ကြောင်းနဲ့ ပင်မဆန္ဒပြ သပိတ်ကို ထောက်ခံဆန္ဒပြတဲ့ ရပ်ကွက်သပိတ် စစ်ကြောင်းတို့ ထိပ်တိုက် ပစ်ခတ်ကြတာ ၊ တစ်ယောက် ကျဆုံးသွားတယ် ၊ နန္ဒဝန်ရပ်ကွက်ထဲက ကိုမင်းမင်းဇော် အသက် (၂၇) နှစ်ဖြစ်တယ်” လို့ ပြောပါတယ်။

သေဆုံးသူ ကိုမင်းမင်းဇော်ဟာ အခင်းဖြစ်ပွားရာ နန္ဒဝန်ရပ်ကွက်မှာ နေထိုင်ပြီး အသက် ၄ နှစ်အရွယ် သမီးတစ်ယောက်နဲ့ ဇနီးဖြစ်သူ ကျန်ရစ်တယ်လို့ အဲ့ဒီနာရေးကို ကူညီဆောင်ရွက်ပေးနေသူတွေက VOM ကို ပြောပါတယ်။

ဒီကနေ့ဆန္ဒပြပွဲမှာ မျက်နှာ ကျည်ဆံထိမှန် လူ ၁ ဦး ၊ ခြေတောက်ထိမှန် ၁ ဦးနဲ့ လည်ပင်းရှပ်ထိမှန် ၁ ဦးတို့ ဒဏ်ရာရရှိခဲ့ပါတယ်။

မုံရွာမြို့ ဆန္ဒပြပွဲတွေမှာ သေနတ်ထိမှန်ပြီး အသက်ဆုံးရသူ ၁၂ ယောက်ရှိသွားခဲ့ပြီဖြစ်တယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #မုံရွာ #အမျိုးသားတစ်ဦး #ကျည်ထိမှန်ကျဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW