ပုသိမ်ဆေးရုံ အရေးပေါ်ဌာနကို စစ်တပ်ဆရာ၀န်၊ အရပ်ဆရာ၀န်တွေနဲ့ ပြန်ဖွင့်နေ

မတ်၂၁ -၂၀၂၁
KA

ပုသိမ်ဆေးရုံကြီးရဲ့ အရေးပေါ်ဌာနကို မတ်လ၁၉ရက်နေ့ကစတင်ကာ စစ်တပ်ဆရာ၀န်၊ အရပ်သားဆရာ၀န်တွေနဲ့ ပြန်လည်ဖွင့်လှစ်ထားပြီးဖြစ်တယ်လို့ ပုသိမ်ဆေးရုံကြီးကနေသိရပါတယ်။

“လက်ရှိမှာ အထူးကုဆရာ၀န်ကြီးတချို့ စစ်တပ်ဆရာ၀န်နဲ့သူနာပြုဆရာမတချို့နဲ့OPDကိုဖွင့်ထားပါတယ်။အရေးကြီးလူနာတစ်ချို့ကိုတော့တပ်ဆေးရုံကိုလွှဲပို့နေတယ်”လို့ ပုသိမ်ဆေးရုံ ဒုတိယဆေးရုံအုပ်ကြီး ဒေါက်တာကောင်းမြတ်စိုးကပြောပါတယ်။

မတ်လ၁၅ရက်နေ့ထဲက ဆေးရုံတစ်ခုလုံးပြန်ဖွင့်ဖို့ ဆေးရုံ ၀န်ထမ်းအားလုံးကိုအကြောင်းကြားခဲ့ပြီး ဆရာ၀န်တွေလာရောက်ခြင်းမရှိတာကြောင့် လူနာလက်ခံနိုင်ခြင်းတော့မရှိသေးဘူးလို့လည်း ပြောပါတယ်။

ဆေးရုံကြီးပြန်ဖွင့်ဖို့ လူအင်အားမရှိတဲ့အကြောင်းကို နစခ ကောင်စီကိုတင်ပြထားပြီး ရှိတဲ့လူအင်အားနဲ့သာအရေးပေါ်ဌာနကိုဖွင့်ထားငကာ ပုသိမ်ဆေးရုံ၀န်ထမ်းတွေကို အလုပ်ပြန်ဆင်းဖို့ သူ့အနေနဲ့ဖိအားပေးတာမရှိဘူးလို့ ဒေါက်တာကောင်းမြတ်စိုးကဆက်လက်ပြောပါတယ်။

ပုသိမ်ဆေးရုံက အထူးကုဆရာ၀န်တွေနဲ့ သူနာပြုတချို့ဆေးရုံပြန်လည်ဖွင့်နေတာဖြစ်ပြီး လက်ထောက်ဆရာ၀န်တွေကတော့ CDMပြုလုပ်နေဆဲဖြစ်တယ်လို့
ဆရာ၀န်တစ်ဦးကပြောပါတယ်။

ပုသိမ်ဆေးရုံအုပ်ကြီးဒေါက်တာသန်းမင်းထွဋ်ကို မတ်လ၁၂ရက်နေ့က ဖမ်းဆီးသွားခဲ့ပြီး တစခ ကောင်စီကို ပုသိမ်ဆေးရုံက ဆရာ၀န်ကြီးတွေ ဆက်သွယ်မေးမြန်းရာမှာ ဆေးရုံရဲ့ငွေကြေးစီးဆင်းမှုနဲ့ပတ်သတ်ပြီးမေးမြန်းစစ်ဆေးနေတယ်လို့သိရကာ အခုချိန်ထိအဆက်အသွယ်မရသေးဘူးလို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ပုသိမ် #ဆေးရုံအရေးပေါ်ဌာန #စစ်တပ် #အရပ်ဆရာ၀န်တွေနဲ့ပြန်ဖွင့်

Related posts

Leave a Comment

VOM News

FREE
VIEW