မုံရွာရဲ့ ပင်မ ဆန္ဒပြ သပိတ်စစ်ကြောင်း ပစ်ခတ်ဖြိုခွဲခံရလို့ ၁ ဦး ခေါင်းကိုသေနတ်ထိမှန်

မတ် ၂၁ -၂၀၂၁
Voice Of Myanmar

စစ်ကိုင်းတိုင်း မုံရွာမြို့ နန္ဒဝန်ရပ်ကွက် မေတ္တာလမ်းနဲ့ ဗိုလ်တေဇ လမ်းဆုံအနီးမှာ ဒီမနက် ၁၀ နာရီက ပင်မ ဆန္ဒပြ သပိတ်စစ်ကြောင်းနဲ့ လုံခြုံရေး တပ်ဖွဲ့ ဝင်တို့အကြား ထိပ်တိုက်တွေ့မှုတွေဖြစ်ပြီး ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပါတယ်။

အဲ့ဒီ ပစ်ခတ်မှုမှာ ဆန္ဒပြ လူတစ်ဦး ခေါင်းကို သေနတ်ထိမှန်ထားပြီး ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ကနဦး သိရပါတယ်။

ရုတ်ရင်းဆန်ခတ်ဖြစ်နေတဲ့ အခြေအနေမို့ ထိခိုက်မှု အရေအတွက် စာရင်း သတင်းရယူဖို့ အခက်အခဲတွေရှိနေပေမယ့် VOM သတင်းထောက်တွေက ကြိုးစားလုပ်ကိုင်နေပါတယ်။

#VoiceOfMyanmar #VOM #မုံရွာ #ပစ်ခတ် #ဒဏ်ရာရ

Related posts

VOM News

FREE
VIEW