ဟုမ္မလင်းမြို့မ ဈေးသူဈေးသားများ စည်ပင်ကို ဆန္ဒပြ

ဟုမ္မလင်း၊ ဇန်​န၀ါရီ ၉-၂၀၁၉

မိုင်ချယ်ရီ(VOM)

စစ်ကိုင်းတိုင်းဒေသကြီး  ဟုမ္မလင်းမြို့ မြို့မဈေးက ဈေးသူဈေးသားတွေ စုပေါင်းပြီးတော့ ဒီကနေ မနက် ၉ နာရီ ကျော် အချိန်က စတင် လူဦးရေ ၁၀၀ခန့် နဲ့ ဟုမ္မလင်းမြို့စည်ပင်သာယာရေးဌာန ကို ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြရာမှာ ဈေးသူဈေးသားတွေရဲ့ ဆန္ဒမပါပဲ ဈေးသစ်ဆောင်လုပ်ရန် ကြံစည်နေမှု ရပ်ဆိုင်းရေး၊သားငါးလိုင်စင်ခွန်များ လျော့ချရေး၊ဈေးသူဈေးသား ဆန္ဒမပါပဲ ဈေးမြေပေါ်တွင် ဝန်ထမ်းအိမ်ယာ ဆောက်လုပ်မှု အလိုမရှိ ဆိုတဲ့ စာသားတွေပါဝင်တဲ့ ဆိုင်းဘုတ်တွေအပြင် အခြားတောင်းဆိုချက် ဆိုင်းဘုတ် ၁၀ခု ကိုင်ဆောင် လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။

“ကဏ္ဍတွေက တော်တော်များတယ်။အထွေထွေ မကျေနပ်မှုကနေ ပေါင်းစည်းလာတယ်လို့ ပြောရမယ်” လို့ ဆန္ဒပြပွဲ ဦးဆောင်ကျင်းပတဲ့ မရီရီမွန်က ပြောပါတယ်။

ဆန္ဒပြတဲ့ ဈေးသူဈေးသားတွေဟာ ဟုမ္မလင်းမြို့မဈေးရှေ့ကနေ စတင်ပြီး ဟုမ္မလင်းမြို့စည်ပင်သာယာရုံးရှေ့ထိ လမ်းလျှောက်ကာ စည်ပင်သာယာရုံးရှေ့ကနေပြီးတော့ ဟုမ္မလင်းမြို့မဈေးရှေ့အထိ လမ်းလျှောက်ဆန္ဒပြ ခဲ့ကြတာ ဖြစ်ပါတယ်။

ဇန်န၀ါရီလ ၉ ရက်နေ့ ဆန္ဒပြတောင်းဆိုတာကို  တာဝန်ရှိသူတွေအနေနဲ့ မဖြေရှင်းပေးဘူးဆိုရင် ၃ ရက်ဆက်တိုက် ဆန္ဒပြ တောင်းဆိုမှုတွေ လုပ်သွားမယ်လို့ ဆန္ဒပြ ဦးဆောင်သူတွေက ပြောပါတယ်။

#voiceofmyanmar#ဟုမ္မလင်း#စည်ပင်ကိုဆန္ဒပြ#

Related posts

✕
VOM News

FREE
VIEW