NLD ပြန်ကြားရေးအဖွဲ့ဝင် မုံရွာအောင်ရှင် ကွယ်လွန်

ရန်ကုန်၊နိုဝင်ဘာ ၂၈-၂၀၂၁
KK(VOM)
 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီရဲ့ ပြန်ကြားရေးအဖွဲ့ဝင် မုံရွာအောင်ရှင်ဟာ ဒီကနေ့ မနက် ၆နာရီခွဲ တာမွေမြို့နယ်က နေအိမ်မှာ ကွယ်လွန်သွားတယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။
 
နှလုံးရောဂါနဲ့ နိုဝင်ဘာ၂၁ရက်မှာ ဆေးရုံတက်ခဲ့ရပြီး တစ်ပါတ်အကြာမှာ သေဆုံးခဲ့တာဖြစ်တယ်လို့ မိသားစုဝင်တဦးက ပြောပါတယ်။
 
မုံရွာအောင်ရှင်ဟာ ဖေဖော်ဝါရီလ ၁ ရက်က ဖမ်းဆီးခံခဲ့ရပြီး အောက်တိုဘာ ၁၈ ရက်နေ့မှာ လွှတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်ခဲ့တာဖြစ်ပါတယ်။
 
မုံရွာအောင်ရှင်ဟာ ၁၉၆၄ ခုနှစ်မှာ ထိန်းသိမ်းခံခဲ့ရသလို၊ ၁၉၈၈ နောက်ပိုင်း နှစ်ရှည်ထောင်ဒဏ်ကျခံခဲ့ရသူတစ်ဦးဖြစ်ပြီး ကွယ်လွန်ချိန်မှာတော့ အသက် ၇၇ နှစ်ရှိပြီဖြစ်ပါတယ်။
 
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြား ရေးကော်မတီဝင်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သလို၊ ဆရာဦးဝင်းတင်ဦးစီးခဲ့တဲ့ ဒီလှိုင်းဂျာနယ်ကိုလည်း ဦးဆောင်ထုတ်ဝေခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။
 
#voiceofmyanmar #VOM #NLD #မုံရွာအောင်ရှင် #ကွယ်လွန်

Related posts

Leave a Comment

VOM News

FREE
VIEW