ပြင်သစ် သမ္မတရွေးကောက်ပွဲမှာ လက်ရှိသမ္မတ မက်ခရွန် အနိုင်ရရှိ

ပါရီ၊ ဧပြီ-၂၅-၂၀၂၂
မျိုးဆက်(VOM)

ဧပြီ ၂၄ ရက်ကကျင်းပတဲ့ ပြင်သစ်သမ္မတရွေးကောက်ပွဲမှာ လက်ရှိသမ္မတ မက်ခရွန်ဟာ ပြိုင်ဘက်ဖြစ်သူ လီပန်ကို အနိုင်ရရှိပြီးနောက် နောက်ထပ်ငါးနှစ်သက်တမ်း သမ္မတအဖြစ် တာ၀န်ထမ်းဆောင်ခွင့်ရရှိသွားပြီဖြစ်ပါတယ်။

သူဟာ သမ္မတရွေးကောက်ပွဲမှာ ဆန္ဒမဲ ၅၈ ဒသမ ၅၅ ရာခိုင်နှုန်းရရှိခဲ့ပြီး ပြိုင်ဘက်ဖြစ်သူ ကိုယ်စားလှယ်လောင်းကတော့ ဆန္ဒမဲ ၄၁ ဒသမ ၄၅ ရာခိုင်နှုန်းရရှိခဲ့ကြောင်း ပြင်သစ်ပြည်ထဲရေး ၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အသက် ၄၄ နှစ်အရွယ် သမ္မတမက်ခရွန်ဟာ ပြင်သစ်နိုင်ငံမှာ နှစ်ပေါင်း ၂၀ အတွင်း နှစ်ကြိမ်ဆက်တိုက် ရွေးကောက်ခံရတဲ့ ပထမဆုံးသမ္မတဖြစ်လာပါတယ်။

ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ပေမယ့်လည်း ဆန္ဒမဲရရှိမှုအခြေအနေကို အောင်ပွဲတစ်ရပ်အဖြစ် မှတ်ယူကြောင်း အသက် ၅၃ နှစ်အရွယ် ပြိုင်ဘက်ဖြစ်သူ မစ္စလီပန်က ပြောဆိုပါတယ်။

ကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲမှာ ဆန္ဒမဲပေးသူ ၇၂ ရာခိုင်နှုန်းအောက်သာရှိခဲ့ပြီး ၁၉၆၉ ခုနှစ်နောက်ပိုင်း သမ္မတရွေးကောက်ပွဲတွေမှာ အနိမ့်ဆုံးဖြစ်ပြီး လူသုံးသန်းကျော်ဟာ မဲမပေးခြင်း သို့မဟုတ် ပယ်မဲတွေ ဖြစ်ခဲ့ပါတယ်။

Ref: BBC
Photo:AP
#voiceofmyanmar #VOM #ပါရီ

Related posts

✕
VOM News

FREE
VIEW