ကျောက္ကာ – ကိုင်းတောလမ်းမှာ မိုင်းပေါက်ကွဲလို့ လူ ၃ ဦးသေဆုံး

မေ ၁-၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် ၊ ကျောက္ကာရွာနဲ့ ကိုင်းတောရွာကြားလမ်းမှာ မနေ့ ဧပြီ ၃၀ ညနေပိုင်းက မိုင်းပေါက်ကွဲတဲ့အတွက် လူ ၃ ဦး ထိမှန်ကာ သေဆုံးသွားတယ်လို့ လူမှုကူညီကယ်ဆယ်ရေးအသင်းတွေဆီက သိရပါတယ်။

” ဖြစိတာက ညနေ ၄ နာရီဝန်းကျင်မှာ ဖြစ်တာပါ ၊ မိုင်းစထိမှန်သေဆုံးနေတဲ့ အမျိုးသားရုပ်အလောင်း ၁ လောင်းနဲ့ အမျိုးသမီး ရုပ်အလောင်း ၂ လောင်း ၊ ကောက်ယူခဲ့ပြီး ဆေးရုံကို ပို့ပေးခဲ့ရတယ် ” လို့ မုံရွာအခြေစိုက် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း(မုံရွာ)ရုံး တာဝန်ရှိသူတဦးကပြောပါတယ်။

အဲ့ဒီပေါက်ကွဲမှုကြောင့် သေဆုံးသူတွေဟာ အသက်အရွယ်အားဖြင့် ၃၀ ဝန်းကျင်အရွယ်တွေဖြစ်ကြပြီး ဘယ်သူတွေဖြစ်တယ်ဆိုတာကို ဒီကနေ့အထိ စုံစမ်းမရသေးတာကြောင့် မုံရွာပြည်သူ့ဆေးရုံ ရင်ခွဲတိုက်မှာ အမည်မသိ ပိုင်ရှင်မဲ့အလောင်းအဖြစ်နဲ့ လက်ခံထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလထဲကလည်း မုံရွာမြို့ ၊ မြို့ရှောင်လမ်းမှာ ပေါက်ကွဲမှုဖြစ်ပြီး လူ ၁ ဦးသေဆုံးကာ ၊ ၂ ဦး ပြင်းထန်ဒဏ်ရာရခဲ့တဲ့ဖြစ်စဉ် ဖြစ်ခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #မုံရွာ #ပေါက်ကွဲမှု #လူသုံးဦးသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW