ပုဂံဘုရားက နံရံဆေးရေးပန်းချီလက်ရာတွေ ခိုးယူဖျက်ဆီးခံရ

မေ ၁-၂၀၂၂ VOM (GG) ပုဂံက ရှေးဟောင်းဘုရားအမှတ်-၄၂၁ က နံရံဆေးရေးပန်းချီတွေ ခွာယူဖျက်ဆီးခံထားရတယ်လို့ ပုဂံရှေးဟောင်းယဉ်ကျေးမှုဌာနခွဲက သိရပါတယ်။ အလိုတော်ပြည့်ဘုရားရဲ့ အရှေ့တောင်ဘက်၊ ဗူးလည်သီးဘုရားရဲ့ အရှေ့ဘက်၊ ဝတ္တနတောဘုရားစုရဲ့ အနောက်တောင်ထောင့်မှာရှိတဲ့ ရှေးဟောင်းဘုရားအမှတ် ၄၂၁ ရဲ့အရှေ့ဘက်မုခ်အတွင်း ဆင်းတုတော် လက်ယာဘက်၊ တောင်ဘက်နံရံ အနောက်ဘက်ခြမ်းမှာ အထက်အောက် ရေးဆွဲထားတဲ့ ၄ လက်မ x ၄ လက်မခန့်အရွယ် ၅၅၀ ဇာတ်ကွက် နံရံဆေးရေးပန်းချီ မူလ ၁၈ ကွက်မှာ ၃ကွက် ပျက်စီးနေပြီး အပေါ်ပိုင်း၂ ကွက်တန်း ၃ တန်း ၆ ကွက်ကို ခွာယူဖျက်စီးထားပါတယ်။ ဒါ့အပြင် ဆင်းတုတော်ရဲ့လက်ဝဲဘက် မြောက်ဘက်နံရံ အနောက်ဘက်ခြမ်းမှာ အထက်အောက်ရေးဆွဲထားတဲ့ ၄ လက်မ x ၄ လက်မအရွယ်ရှိ ၅၅၀ ဇာတ်ကွက် နံရံဆေးရေးပန်းချီ ၂၀…

Read More

ပစ်ခတ် ဖမ်းဆီးတာတွေကြောင့် မနေ့က ၁ ရက်ထဲမှာ လူ ၂ ဒါဇင်နီးပါး သေဆုံး

မေ ၊ ၁-၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်းထဲက မြို့နယ် ၃ ခုမှာ ပစ်ခတ်တာတွေဖြစ်ပွားခဲ့တဲ့အတွက် ဧပြီ ၃၀ မနေ့က ၁ ရက်ထဲမှာကို လူပေါင်း ၂ ဒါဇင်နီးပါး သေဆုံးခဲ့တယ်လို့ အဲ့ဒီ အခင်းဖြစ်ပွားရာနယ်ခံတွေဆီက သိရပါတယ်။ ” စစ်ကြောင်းက ရွာဘက်ကို နယ်မြေရှင်းလင်းရေးရောက်လာတဲ့အခါ ၊ ရွာရဲ့တောင်ဘက်မှာ အပြန်အလှန် ပစ်ခတ်တာတွေဖြစ်ပြီး မနေ့က ညနေပိုင်း ၆ နာရီဝန်းကျင်မှာ လူ ၁၁ ယောက် ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ် “လို့ ခင်ဦးမြို့နယ် ၊ ကျီးကန်ကျေးရွာခံတယောက်ကပြောပါတယ်။ ဒါ့အပြင် မနေ့က မနက် ၉ နာရီဝန်းကျင်ကလည်း ခင်ဦးမြို့ရဲ့ အနောက်မြောက်ဘက် ၊ ခင်ဦး ကန်သာယာ ကားလမ်းဘေးက လယ်ကွက်ထဲမှာ လူငယ် ၂ ယောက် ပစ်ခတ်ဖမ်းဆီးခံရတဲ့အတွက် သေဆုံးသွားခဲ့ပါတယ်။…

Read More

တိုင်းနဲ့ပြည်နယ်တွေမှာ ခရိုင် ၄၆ ခု ထပ်မံတိုးချဲ့ဖွဲ့စည်း

မေ ၁-၂၀၂၂ KK(VOM) မြန်မာနိုင်ငံအတွင်း နိူင်ငံရေး၊အုပ်ချုပ်ရေး၊လူမှုရေး၊စီးပွားရေး တိုးတက်ပြောင်းလဲဖြစ်ပေါ်မှုအရ နေပြည်တော်တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာ ခရိုင်အသစ်တွေ ထပ်မံတိုးချဲ့ဖွဲ့စည်းလိုက်တယ်လို့ နစကကောင်စီက ဒီကနေ့မှာထုတ်ပြန်ကြေညာခဲ့ပါတယ်။ နေပြည်တော် တိုင်းဒေသကြီးနဲ့ပြည်နယ်တွေကို ၇၅ ခရိုင်နဲ့ ဖွဲ့စည်းထားရာ ဧပြီလ ၃၀ရက်နေ့မှာ ၄၆ ခရိုင်ထိ ထပ်တိုးဖွဲ့စည်းခဲ့တာကြောင့် စုစုပေါင်း၁၂၁ ခရိုင်ရှိပြီဖြစ်ပါတယ်။ နေပြည်တော်မှာ ယခင်က ဥတ္တရခရိုင်နဲ့ဒဏ္ခိဏခရိုင်ဆိုပြိးဖွဲ့စည်းထားရာမှ ယခုအခါ ပျဥ်းနားခရိုင်နဲ့ဇေယျာသီရီခရိုင်ကိုပါ ထပ်တိုးလိုက်တာကြောင့် ခရိုင်လေးခုဖြစ်လာပါတယ်။ ဒီလို ခရိုင်တွေထပ်တိုးဖွဲ့စည်းထားတာနဲ့ပတ်သက်ပြီး နိူင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်း(သီပေါ)က “သူတို့က အုပ်ချုပ်ရေးလွယ်ကူစေဖို့လို့ အကြောင်းပြတာပဲ၊ ဒါပေမယ့် ဖြစ်နိူင်တာကတော့ PR စနစ်မှာက ခရိုင်ကို အခြေခံမယ့်သဘောဆွေးနွေးကျတာတွေ့ရတယ်၊ ခရိုင်ကိုအခြေခံပြီးတော့ လွှတ်တော်ကိုယ်စားလှယ်ဦးရေကျတော့ မြို့နယ်ကိုအခြေခံမလား လူဦးရေကို အခြေခံမလား အဲ့ဒါကတော့မရှင်းသေးဘူး၊ ဒါပေမယ့် အခြေခံဥပဒေက သတ်မှတ်ထားတာက ၃၃၀ဆိုတော့ ၃၃၀ ဘောင်အတွင်းကနေပြီးတော့ အညီအမျှခွဲသတ် မှတ်ဖို့ပါပဲ”လို့ VOM ကိုပြောပါတယ်။ ဒါ့အပြင်…

Read More

ကျောက္ကာ – ကိုင်းတောလမ်းမှာ မိုင်းပေါက်ကွဲလို့ လူ ၃ ဦးသေဆုံး

မေ ၁-၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် ၊ ကျောက္ကာရွာနဲ့ ကိုင်းတောရွာကြားလမ်းမှာ မနေ့ ဧပြီ ၃၀ ညနေပိုင်းက မိုင်းပေါက်ကွဲတဲ့အတွက် လူ ၃ ဦး ထိမှန်ကာ သေဆုံးသွားတယ်လို့ လူမှုကူညီကယ်ဆယ်ရေးအသင်းတွေဆီက သိရပါတယ်။ ” ဖြစိတာက ညနေ ၄ နာရီဝန်းကျင်မှာ ဖြစ်တာပါ ၊ မိုင်းစထိမှန်သေဆုံးနေတဲ့ အမျိုးသားရုပ်အလောင်း ၁ လောင်းနဲ့ အမျိုးသမီး ရုပ်အလောင်း ၂ လောင်း ၊ ကောက်ယူခဲ့ပြီး ဆေးရုံကို ပို့ပေးခဲ့ရတယ် ” လို့ မုံရွာအခြေစိုက် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း(မုံရွာ)ရုံး တာဝန်ရှိသူတဦးကပြောပါတယ်။ အဲ့ဒီပေါက်ကွဲမှုကြောင့် သေဆုံးသူတွေဟာ အသက်အရွယ်အားဖြင့် ၃၀ ဝန်းကျင်အရွယ်တွေဖြစ်ကြပြီး ဘယ်သူတွေဖြစ်တယ်ဆိုတာကို ဒီကနေ့အထိ စုံစမ်းမရသေးတာကြောင့် မုံရွာပြည်သူ့ဆေးရုံ ရင်ခွဲတိုက်မှာ အမည်မသိ ပိုင်ရှင်မဲ့အလောင်းအဖြစ်နဲ့ လက်ခံထားတယ်လို့ သိရပါတယ်။…

Read More

ပစ်ခတ်မှုတွေ ဖြစ်နေတာကြောင့် မဟာမြိုင်ကားလမ်းမှာ ၄ ရက်မြောက်အထိ ကားတွေ ရာနဲ့ချီပြီးပိတ်နေ

မေ ၊ ၁-၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင်နဲ့ ကလေးခရိုင်တို့အကြားဆက်သွယ်ထားတဲ့ မုံရွာ-တန့်ဆည်-ကလေးဝ မဟာမြိုင်ကားလမ်းမှာ ပစ်ခတ်တာတွေ ဖြစ်ပွားနေတာကြောင့် ဒီကနေ့ဆိုရင် အဲ့ဒီမဟာမြိုင်ကားလမ်းက တောကြီးထဲမှာ ကားတွေပိတ်မိနေတာ ၄ ရက် မြောက်သွားပြီလို့ ကားသမားတွေဆီက သိရပါတယ်။ ” အခြေအနေက အတော်ကို ဆိုးတယ် ၊ နောက်ပြန်ဆုတ်လည်း မရ ၊ ရှေ့ဆက်တိုးလည်း မဖြစ်နဲ့ နီးစပ်ရာ တောထဲမှာ ခိုနေရပြီး ပိိတ်မိနေတာပါ ၊ အတက်ကားရော အဆင်းကားပါ အားလုံး ရာနဲ့ချီ ပြီး ရှိတယ် ” လို့ မုံရွာ-ကလေး-တမူး ကုန်စည်ပို့ဆောင်ရေး ကားမောင်းသမားတယောက်က ပြောပါတယ်။ ရွှေဘိုခရိုင် ၊ တန့်ဆည်မြို့နယ် ၊ မုံရွာ တန့်ဆည် ကလေးဝ ကားလမ်း ၊ မဟာမြိုင်တောကြီးထဲက တောကျင်ရွာနားမှာ…

Read More

ပခုက္ကူ စက်မှုဇုန်မှာ ၁ ရက်တည်း ၂ ကြိမ်ဓားပြတိုက်ခံရပြီး၊ ဘိလပ်မြေ တွဲကား ၂ စီးပျောက်ဆုံးနေ

မေ ၁-၂၀၂၂ SP (VOM) မကွေးတိုင်း ၊ ပခုက္ကူမြို့ ၊ စက်မှုဇုန် ကျွဲတဲကျေးရွာမှာ မနေ့ ဧပြီ၃၀ ရက် တနေ့တည်းကွန်ကရစ်စက်ရုံနဲ့ဘိလပ်မြေ သိုလှောင်ရုံတွေမှာ ဓားပြတိုက်မှု၂ ကြိမ် ဆက်တိုက်ဖြစ်ခဲ့တယ်လို့ ပခုက္ကူစက်မှုလုပ်ငန်းရှင်တွေဆီက သိရပါတယ်။ ” ဓားပြတိုက်ခံရတဲ့ နေရာ ၂ ခုကတော့ ၊ OK – 9 ကွန်ကရစ်မီးတိုင်စက်ရုံနဲ့ စက်မှုဇုန် ၁ လမ်းမှာရှိတဲ့ ကြံ့နှစ်ကောင် ဘိလပ်မြေ သိုလှောင်ရုံတို့ဖြစ်တယ် ၊ ညနေပိုင်း ၅ နာရီဝန်းကျင်မှာ ဖြစ်တာ “လို့ စက်မှုလုပ်ငန်းရှင် တယောက်က ပြောပါတယ်။ ဓားပြတိုက်ခံရတဲ့အချိန်မှာရှိနေတဲ့ အလုပ်သမားတယောက်က” အိမ်စီးကား ၂ စီးနဲ့ အရပ်ဝတ် သေနတ်ကိုင် လူတွေရောက်လာတယ် ၊ ကျွန်တော်တို့ ဝန်ထမ်းတွေအားလုံးကို ဝမ်းလျားမှောက်ခိုင်းထားတယ် ၊ ပိုက်ဆံနဲ့ ရွှေငွေတွေထားတဲ့နေရာကို…

Read More

ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုထားသလဲ ၊ ရွေးကောက်ပွဲ တကယ်လုပ်နိုင်မလား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် VOM တွေ့ဆုံမေးမြန်းခန်း အပိုင်း(၂) NCA ထိုးပြီးသားအဖွဲ့တွေ ကရော စာချုပ်ပါသဘောတူညီမှုတွေ လိုက်နာသလား၊ NCA မထိုးရသေးတဲ့အဖွဲ့တွေ ထိုးလာအောင် နစကအနေနဲ့ စွမ်းနိုင်မလား၊ ဒီနှစ်ပညာသင်နှစ်မှာ ကျောင်းပေါင်းစုံဖွင့်နိုင်ပါ့မလား၊ ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေးနဲ့ နေထိုင်ရေးအတွက် ဘယ်လိုစောင့်ရှောက်ထားသလဲ၊ ရွေးကောက်ပွဲဆိုတာလုပ်နိုင်မှာလား ၊ ရွေးကောက်ပွဲပြီးရင် တပ်မတော်က အာဏာပြန်လွှဲပြီး စစ်တန်းလျားပြန်မှာလားဆိုတာတွေ အပါအဝင် နိုင်ငံတကာ ဆက်ဆံရေးနဲ့ စီးပွားရေး အခြေနေတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို VOM အယ်ဒီတာချုပ် ကိုနေလင်းက တွေ့ဆုံမေးမြန်းထားပါတယ်။ ရိုက်ကူး – ရှိုင်းအောင် #voiceofmyanmar #VOM #ဗိုလ်ချုပ်ဇော်မင်းထွန်း #နစက YouTube Link – https://youtu.be/xGDZZ3hsObg

Read More
VOM News

FREE
VIEW